အထည်ချုပ်ပြည်ပအမှာတွေ ပြန်လည်ဖျက်သိမ်းနေရ - Property News in Myanmar from iMyanmarHouse.com
683 Views

အထည်ချုပ်ပြည်ပအမှာတွေ ပြန်လည်ဖျက်သိမ်းနေရ

[Unicode]

CMP စက်ရုံအလုပ်ရုံတွေယာယီရပ်နားဖို့သက်တမ်းတိုးလိုက်တာကြောင့်ပြည်ပအော်ဒါအမှာတွေကိုပယ်ဖျက်နေရပြီးစာချုပ်တွေလည်း ဖျက်သိမ်းနေရတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေကပြောပါတယ်။

ကုန်ကြမ်းပေးကုန်ချေယူစနစ်နဲ့ချုပ်တဲ့ CMP လက်ခစားလုပ်ငန်းတွေကို ရပ်နားထားဖို့ အစိုးရကအခုလ၂၁ရက်နေ့အထိ သက်တမ်းတိုးပြီးနောက်လုပ်ငန်းရှင်တွေကပြည်ပအမှာတွေကို ပယ်ဖျက်လာရတာဖြစ်ပါတယ်။

Stay at Home ကာလကိုထပ်မံပြီးသတ်တမ်းတိုးနေသရွေ့ အထည်ချုပ်လုပ်ငန်းတွေကရေရှည်မှာ လုပ်ခလစာပေးဖို့အခက်အခဲရှိသွားနိုင်တယ်လို့လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့မေလမှာလည်းအထည်ချုပ်လုပ်ငန်းအများစုပြည်ပကကုန်ကြမ်းဝင်ရောက်မှုနည်းပါးသွားတာကြောင့် ရပ်နားခဲ့ရပါသေးတယ်။ ဇွန်လနဲဇူလိုင်လတွေမှာ ပြည်ပအမှာတွေပြန်လည်မြင့်တက်လာပြီး လုပ်ငန်းပြန်ကောင်းလာတဲ့အချိန်မှာရပ်နားလိုက်ရလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့သတ်မှတ်ချက်တွေနဲ့အညီလုပ်ငန်းတွေပြန်လည်ခွင့်ပြုပေးဖို့ လုပ်ငန်းရှင်တွေကတောင်းဆိုနေကြတာပါ။

အထည်ချုပ်စက်ရုံအလုပ်သမားတွေအတွက်အကူအညီပေးမှုတွေဆက်တိုက်ပြုလုပ်နေတဲ့အောင်မြင်မှုစီမံကိန်းရဲ့မန်နေဂျာကတော့ လက်ရှိအခြေအနေကိုအခုလိုပြောပါတယ်။

လုပ်ငန်းရှင်တွေဘက်ကကုန်အမှာတွေအနည်းငယ်ရှိပြီး လုပ်ငန်းဆောင်ရွက်လိုပေမယ့်အစိုးရရဲ့ရောဂါထိန်းချုပ်ရေးအတွက်အလုပ်ရုံတွေရပ်နားထားရတဲ့နောက်ဆက်တွဲအခြေအနေကိုတော့ ရွှေလင်ဗန်းစက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးကအခုလိုပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ CMP လုပ်ငန်းတွေအပါအဝင်စက်ရုံအလုပ်ရုံအများစုကိုအစိုးရကစက်တင်ဘာ၂၁ ရက်နေ့ကစတင်ရပ်နားခိုင်းထားပြီးအောက်တိုဘာလ ၂၁ရက်နေ့အထိသက်တမ်းတိုးလိုက်တာပဲဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အထည္ခ်ဳပ္ျပည္ပအမွာေတြ ျပန္လည္ဖ်က္သိမ္းေနရ

CMP စက္႐ုံအလုပ္႐ုံေတြယာယီရပ္နားဖို႔သက္တမ္းတိုးလိုက္တာေၾကာင့္ျပည္ပေအာ္ဒါအမွာေတြကိုပယ္ဖ်က္ေနရၿပီးစာခ်ဳပ္ေတြလည္း ဖ်က္သိမ္းေနရတယ္လို႔ အထည္ခ်ဳပ္လုပ္ငန္း႐ွင္ေတြကေျပာပါတယ္။

ကုန္ၾကမ္းေပးကုန္ေခ်ယူစနစ္နဲ႔ခ်ဳပ္တဲ့ CMP လက္ခစားလုပ္ငန္းေတြကို ရပ္နားထားဖို႔ အစိုးရကအခုလ၂၁ရက္ေန႔အထိ သက္တမ္းတိုးၿပီးေနာက္လုပ္ငန္း႐ွင္ေတြကျပည္ပအမွာေတြကို ပယ္ဖ်က္လာရတာျဖစ္ပါတယ္။

Stay at Home ကာလကိုထပ္မံၿပီးသတ္တမ္းတိုးေနသေ႐ြ႕ အထည္ခ်ဳပ္လုပ္ငန္းေတြကေရ႐ွည္မွာ လုပ္ခလစာေပးဖို႔အခက္အခဲ႐ွိသြားႏိုင္တယ္လို႔လုပ္ငန္း႐ွင္ေတြက ဆိုပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလနဲ႔ေမလမွာလည္းအထည္ခ်ဳပ္လုပ္ငန္းအမ်ားစုျပည္ပကကုန္ၾကမ္းဝင္ေရာက္မႈနည္းပါးသြားတာေၾကာင့္ ရပ္နားခဲ့ရပါေသးတယ္။ ဇြန္လနဲဇူလိုင္လေတြမွာ ျပည္ပအမွာေတြျပန္လည္ျမင့္တက္လာၿပီး လုပ္ငန္းျပန္ေကာင္းလာတဲ့အခ်ိန္မွာရပ္နားလိုက္ရလို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕သတ္မွတ္ခ်က္ေတြနဲ႔အညီလုပ္ငန္းေတြျပန္လည္ခြင့္ျပဳေပးဖို႔ လုပ္ငန္း႐ွင္ေတြကေတာင္းဆိုေနၾကတာပါ။

အထည္ခ်ဳပ္စက္႐ုံအလုပ္သမားေတြအတြက္အကူအညီေပးမႈေတြဆက္တိုက္ျပဳလုပ္ေနတဲ့ေအာင္ျမင္မႈစီမံကိန္းရဲ႕မန္ေနဂ်ာကေတာ့ လက္႐ွိအေျခအေနကိုအခုလိုေျပာပါတယ္။

လုပ္ငန္း႐ွင္ေတြဘက္ကကုန္အမွာေတြအနည္းငယ္႐ွိၿပီး လုပ္ငန္းေဆာင္႐ြက္လိုေပမယ့္အစိုးရရဲ႕ေရာဂါထိန္းခ်ဳပ္ေရးအတြက္အလုပ္႐ုံေတြရပ္နားထားရတဲ့ေနာက္ဆက္တြဲအေျခအေနကိုေတာ့ ေ႐ႊလင္ဗန္းစက္မႈဇုန္လုပ္ငန္း႐ွင္တစ္ဦးကအခုလိုေျပာပါတယ္။

ရန္ကုန္မွာ႐ွိတဲ့ CMP လုပ္ငန္းေတြအပါအဝင္စက္႐ုံအလုပ္႐ုံအမ်ားစုကိုအစိုးရကစက္တင္ဘာ၂၁ ရက္ေန႔ကစတင္ရပ္နားခိုင္းထားၿပီးေအာက္တိုဘာလ ၂၁ရက္ေန႔အထိသက္တမ္းတိုးလိုက္တာပဲျဖစ္ပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service