ကားပါမစ်လျှောက်ဖို့ဝန်ထမ်းဦးရေ ၁၀၀၀၀ကျော်လောက်ရှိနိုင် - Property News in Myanmar from iMyanmarHouse.com
929 Views

ကားပါမစ်လျှောက်ဖို့ဝန်ထမ်းဦးရေ ၁၀၀၀၀ကျော်လောက်ရှိနိုင်

[Unicode]

ဝန်ထမ်းပါမစ်နဲ့ကားတင်သွင်းခွင့်ရတဲ့သတ်မှတ်ချက်နဲ့ပြည့်စုံတဲ့ဝန်ထမ်းဦးရေဟာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့တစ်သောင်းကျော်လောက်ရှိနိုင်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရပါတယ်။

လက်ရှိမှာတော့ စာရင်းတိကျဖို့နိုင်ငံဝန်ထမ်းကောင်းတံဆိပ်ရှိသူအသက် ၅၇နှစ်အထက်ပင်စင်ယူခါနီးသုံးနှစ်အလိုဝန်ထမ်းတွေကိုစာရင်းကောက်ယူနေဆဲဖြစ်တယ်လို့စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကပြောပါတယ်။

‘‘အခွန်နဲ့ဝယ်ယူမှုအစီအစဉ်တွေဖြစ်တဲ့အသေးစိတ်အချက်အလက်ကိုသက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ရက်ပိုင်းအတွင်းထုတ်ပြန်ပေးသွားပါ့မယ်။အခုကစာရင်းကောက်နေတုန်းပဲ။နောက်ဒီအစီအစဉ်မှာလည်းလုပ်သက်နဲ့နှစ်တွေကန့်သတ်ချက်ပါလာတယ်။အဓိကကတော့ ပင်စင်ယူခါနီးနိုင်ငံ့ဝန်ထမ်းကောင်းတွေကိုမဖြစ်မနေစတင်ချီးမြှောက်တာပါ’’ဟု ဦးခင်မောင်လွင်ကပြောသည်။

အစိုးရဟာဝန်ထမ်းတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကပါမစ်နဲ့ကားတင်သွင်းခွင့်ပြုလိုက်တာပါ။ဒီလိုကားတင်သွင်းခွင့်ပါမစ်လျှောက်ထားတဲ့ကိစ္စရပ်တွေကိုတော့အခုလလယ်မှာစတင်သွားနိုင်ဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေကိုရာထူးအဆင့်လိုက်ကားတင်ခွင့်ပြုရာမှာ အမြဲတမ်းအတွင်းဝန်နဲ့ညွှန်ကြားရေးမှူးချုပ်ဟာဆိပ်ကမ်းအရောက်ကားတန်ဖိုးကျပ်သိန်း၅၀၀နဲ့ညီတဲ့ကားကိုတင်သွင်းခွင့်ရမှာပါ။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးတွေကတော့ဆိပ်ကမ်းအရောက်ကားတန်ဖိုးကျပ်သိန်း၃၀၀နဲ့ညီတဲ့ကားကိုတင်သွင်းရမှာဖြစ်ပါတယ်။

လက်ထောက်ညွှန်ကြားရေးမှူးကစလို့အောက်အဆင့်ဝန်ထမ်းတွေကတော့ကျပ်သိန်း ၃၀၀နဲ့ညီတဲ့ပြည်တွင်းမှာထုတ်လုပ်တပ်ဆင်တဲ့ SKD ကားတွေကိုဝယ်ယူခွင့်ရှိတယ်လို့သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

တနိုင်ငံလုံးမှာနိုင်ငံ့ဝန်ထမ်းအင်အားက ၁၁သိန်းကျော်လောက်ရှိပြီးပါမစ်နဲ့ကားတင်သွင်းဝယ်ယူခွင့်ရတဲ့သတ်မှတ်ချက်နဲ့ပြည်စုံတဲ့ဦးရေဟာစုစုပေါင်းဝန်ထမ်းဦးရေရဲ့ ၁ရာခိုင်နှုန်းလောက်သာရှိတယ်လို့ သိရပါတယ်။

ဝန်ထမ်းကားပါမစ်နဲ့တင်သွင်းလာမှုဟာပါမစ်အရေအတွက်သောင်းဂဏန်းလောက်သာရှိနိုင်တာကြောင့်ပြည်တွင်းကားဈေးကွက်ရဲ့ဈေးအတက်အကျအပေါ်ထင်သလောက်သက်ရောက်မှုမရှိနိုင်ဘူးလို့မော်တော်ယာဉ်တင်သွင်းရောင်းချသူတွေကသုံးသပ်ထားတာရှိပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]












 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service