မြို့စွန်ကပါမစ်မြေတွေ အရောင်းအဝယ်ပြန်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
1030 Views
မြို့စွန်ကပါမစ်မြေတွေ အရောင်းအဝယ်ပြန်ဖြစ်နေ
[Unicode]
မြို့တွင်းမှာအိမ်ခြံမြေအရောင်းအဝယ်တွေနည်းပါပေမယ့်မြို့စွန်ကပါမစ်မြေကွက်တွေအခုကာလအတွင်း ပြန်လည်အရောင်းအဝယ်ဖြစ်လာတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေထံက သိရပါတယ်။
အများစုကမြေဝယ်ယူစုဆောင်းသူတွေဝယ်ယူနေကြတာဖြစ်ပြီးပြန်လည်ရောင်းချသူအချို့က ငွေပြန်ဖော်လိုတာကြောင့်အရောင်းအဝယ်ပြန်ဖြစ်လာတာလို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။
ကိုဗစ်ဒုတိယလှိုင်းတွင် သိန်းရာချီတန်သည့်ပါမစ်မြေများသိန်းလေး၊ငါးဆယ်ဖြင့်အရောင်းဖြစ်နေကြောင်းမြန်မာနိုင်ငံအိမ်ခြံမြေအရောင်းအဝယ်ဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌဦးသန်းဦးကပြောသည်။
အိမ်ခြံမြေဈေးကွက်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၈ ရက်ဆက်သွယ်မေးမြန်းရာတွင်မြန်မာနိုင်ငံအိမ်ခြံမြေအရောင်းအဝယ်ဝန်ဆောင်မှုအသင်းဒုဥက္ကဋ္ဌဦးသန်းဦးကပြောကြားခဲ့ခြင်း ဖြစ်သည်။
"ကိုဗစ်ဒုတိယလှိုင်းမှာလည်း အိမ်ခြံမြေဈေးကွက်က ၉၀ရာခိုင်နှုန်းလောက်ထိခိုက်မှုရှိတာပေါ့။ပြီးခဲ့တဲ့အောက်တိုဘာကဖြေလျှော့တဲ့အခွန်နှုန်းထားတွေကြောင့် အရောင်းအဝယ်ဖြစ်မယ်ကြံတုန်းကိုဗစ်ကဝင်လာတော့ အရောင်းအဝယ်တွေကမကောင်းပြန်ဘူး။နောက်တစ်ခါ ဇွန်၊ဇူလိုင်လောက်မှာအရောင်းအဝယ်ပြန်ဖြစ်မယ်လုပ်တော့တစ်ခါပြန်ဖြစ်တော့အရောင်းအဝယ်ကမကောင်းပြန်ဘူး။အဲဒီတော့ပြောချင်တာကတော့အရောင်းအဝယ်မဖြစ်တာလေးငါးနှစ်လောက်အေးနေရာကနေအရောင်းအဝယ်ဖြစ်လာတဲ့အခါ အခုအခါဒီကာလမှာအောက်ဈေးနဲ့ပဲအရောင်းအဝယ်ဖြစ်ကြတယ်။ပါမစ်မြေများတယ်။ဟိုးအရင်ငါးနှစ်ခြောက်နှစ်လောက်ကတစ်ရာလောက်ရှိတဲ့မြေကွက်တွေဟာ အခုချိန်မှာလေးဆယ်၊ငါးဆယ်၊ခြောက်ဆယ်လောက်နဲ့အရောင်းအဝယ်ဖြစ်ကြတယ်။နေရာကောင်းတဲ့နေရာလောက်မှခုနစ်ဆယ်၊ရှစ်ဆယ်ရတယ်''ဟု၎င်းကပြောသည်။
အဆိုပါအရောင်းအဝယ်ဖြစ်သည့်ပါမစ်မြေနေရာများမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ဒဂုံမြို့သစ်တောင်ပိုင်း၊မြောက်ပိုင်းမြို့နယ်များဖြစ်ကြောင်း သိရသည်။
"သြဂုတ်လ ၁၆ရက်လောက်ကကိုဗစ်ဒုတိယလှိုင်းဝင်တဲ့စက်တင်ဘာလဆန်းလောက်မှာ အရောင်းအဝယ်တွေကျဆင်းတယ်။လမ်းတွေပိတ်တာဆို့တာတွေပြန်ဖွင့်မှနည်းနည်းအရောင်းအဝယ်ပြန်ဖြစ်တာပေါ့။ဈေးတွေကတော့ ကိုဗစ်ကာလဆိုတော့ဝယ်တဲ့သူကလည်းအောက်ဈေးနဲ့ပဲရတော့ ဝယ်ချင်တယ်။ရောင်းတဲ့သူကလည်းစားဝတ်နေရေးကိစ္စတွေရှိတော့ရောင်းချင်ကြတယ်။ပါမစ်မြေကလည်း အလုပ်သိပ်မရှုပ်တော့လေ။ဝယ်ကြတယ်''ဟု ၎င်းကပြောသည်။
ပါမစ်မြေများကိုဝယ်ယူရာတွင်အရပ်စာချုပ်နှင့်သာဝယ်ယူမှုတို့ရှိပြီးနေရာကောင်းသည့်နေရာများတွင်ပေ ၄၀ပေ ၆၀တစ်ကွက်လျှင်သိန်းထောင်ချီပေါက်ဈေးထိရှိကြောင်းသိရသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Upcoming Property Events
From 02 Aug To 03 Aug
Inno City Special Sales Event
From 02 Aug To 03 Aug
Emerald Bay Luxury Condo
From 08 Jul To 08 Aug
Central Shophouse
INNO CITY Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service