အခုဘဏ္ဍာနှစ် ၁၁ လအတွင်းအခွန်ရရှိမှု အခြေအနေ - Property News in Myanmar from iMyanmarHouse.com
692 Views

အခုဘဏ္ဍာနှစ် ၁၁ လအတွင်းအခွန်ရရှိမှု အခြေအနေ

[Unicode]

ယခုဘဏ္ဍာနှစ် သြဂုတ်လကုန်အထိအခွန်အရပ်ရပ်မှကျပ်ဘီလီယံ ၆,၂၀၀ကျော်ကောက်ခံရရှိခဲ့ကြောင်းပြည်တွင်းအခွန်များဦးစီးဌာနကစက်တင်ဘာနောက်ဆုံးပတ်တွင် ထုတ်ပြန်သည်။

ကောက်ခံရရှိသည့်အခွန်ပမာဏမှာယမန်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကျပ်ဘီလီယံ ၄၀၀ကျော်ပိုမိုရရှိခဲ့သော်လည်းယခုဘဏ္ဍာနှစ်တစ်ခုလုံးကောက်ခံရရှိရန်ခန့်မှန်းငွေထက်လျော့နည်းခဲ့သည်။

အစိုးရ၏အခွန်ငွေကောက်ခံမှုကဏ္ဍအလိုက်သည်ပြီးခဲ့သည့်မေလကတည်းကတုံ့ဆိုင်းခဲ့ပြီး ဇွန်လကစ၍လျာထားချက်၏ကျပ်ဘီလီယံ၂၀၀ ခန့်ပထမဆုံးအကြိမ်လျော့နည်းခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့်ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုခြင်း၊အကောက်ခွန်၊ပို့ကုန်နှင့် SME လုပ်ငန်းများကိုအခွန်အကောက်လျှော့ချခြင်းနှင့်ရွှေ့ဆိုင်းလိုက်ခြင်းမှာအခွန်ငွေရရှိမှုလျော့နည်းလာခြင်း၏အဓိကအကြောင်းရင်းဖြစ်သည်ဟု စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးထွန်းထွန်းနိုင်ကပြောသည်။

လာမည်ဘဏ္ဍာနှစ်မှာလည်း ကိုဗစ်ကြောင့်လျှောပေါ့ပေးခဲ့တဲ့အခွန်တွေနဲ့သတ်မှတ်ချက်တွေနှုန်းထားအသစ်တွေကြောင့်အပြောင်းအလဲတွေလည်းရှိနိုင်တယ်လို့ လုပ်ငန်ရှင်တွေကခန့်မှန်းနေကြပါတယ်။

အခုကာလအတွင်း အစိုးရကအခွန်ပိုင်းဆိုင်ရာမှာဖြေလျှော့မှုတွေအမြောက်အမြားပြုလုပ်ခဲ့တာကြောင့် လုပ်ငန်းရှင်တွေအသက်ရှူချောင်ခဲ့ရတာမျိူးတွေလည်းရှိတယ်လို့ ကုန်သည်စက်မှုအသင်းချုပ်တွဲဖက်အတွင်းရေးမှူးကပြောပါတယ်။

ထို့အပြင်၂၀၁၉ - ၂၀ ဘဏ္ဍာနှစ်အတွင်းရရှိမည့်အခွန်အရပ်ရပ်ကောက်ခံရရှိမှုလျာထားငွေပမာဏကျပ်ဘီလီယံ၈,၀၀၀ ခန့်မှာလည်းစက်တင်ဘာတစ်လသာကျန်ရှိတော့၍ပြည့်မီနိုင်မည်မဟုတ်ကြောင်းဆိုသည်။၂၀၁၉အောက်တိုဘာမှ ၂၀၂၀သြဂုတ်လအထိရရှိခဲ့သောအခွန်ငွေသည်ဘဏ္ဍာနှစ်တစ်ခုလုံးအတွက်ရရှိမည့်အခွန်ငွေလျာထားချက်၏၈၆ရာခိုင်နှုန်းကျော်ကိုအကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်ဟုပြည်တွင်းအခွန်ကအသိပေးသည်။

ယခုဘဏ္ဍာနှစ် ၁၁လအထိအခွန်ကောက်ခံရရှိမှုတွင်နိုင်ငံပိုင်ကဏ္ဍမှကျပ် ၁,၂၃၅ဘီလီယံ၊သမဝါယမကဏ္ဍမှကျပ်သန်း၈၀၀ကျော်နှင့်ပုဂ္ဂလိကကဏ္ဍမှကျပ်ဘီလီယံ ၅,၀၀၀နီးပါးပါဝင်သည်။

အခွန်တစ်မျိုးချင်းကောက်ခံရရှိမှုအခြေအနေအရဝင်ငွေခွန်မှကျပ်ဘီလီယံ ၃,၀၀၀ခန့်ဖြင့်အများဆုံးရရှိခဲ့ပြီးကုန်သွယ်လုပ်ငန်းခွန်မှကျပ်ဘီလီယံ ၁,၈၀၀ကျော်နှင့်အထူးကုန်စည်ခွန်မှကျပ်ဘီလီယံ ၁,၀၀၀ကျော်၊ရတနာခွန်ကျပ်၁၀ဘီလီယံကျော်၊တံဆိပ်ခေါင်းခွန်ကျပ်ဘီလီယံ ၁၀၀ခန့်နှင့်အောင်ဘာလေသိန်းဆုခွန်မှကျပ် ၁၄၅ဘီလီယံကျော်ရရှိထားသည်။

နေးရှင်းမြန်မာ iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အခုဘ႑ာႏွစ္ ၁၁ လအတြင္းအခြန္ရ႐ွိမႈ အေျခအေန

ယခုဘ႑ာႏွစ္ ၾသဂုတ္လကုန္အထိအခြန္အရပ္ရပ္မွက်ပ္ဘီလီယံ ၆,၂၀၀ေက်ာ္ေကာက္ခံရ႐ွိခဲ့ေၾကာင္းျပည္တြင္းအခြန္မ်ားဦးစီးဌာနကစက္တင္ဘာေနာက္ဆုံးပတ္တြင္ ထုတ္ျပန္သည္။

ေကာက္ခံရ႐ွိသည့္အခြန္ပမာဏမွ ာယမန္ႏွစ္ကာလတူႏွင့္ႏိႈင္းယွဥ္ပါက က်ပ္ဘီလီယံ ၄၀၀ေက်ာ္ပိုမိုရ႐ွိခဲ့ေသာ္လည္းယခုဘ႑ာႏွစ္တစ္ခုလုံးေကာက္ခံရ႐ွိရန္ခန္႔မွန္းေငြထက္ေလ်ာ့နည္းခဲ့သည္။

အစိုးရ၏အခြန္ေငြေကာက္ခံမႈက႑အလိုက္သည္ၿပီးခဲ့သည့္ေမလကတည္းကတုံ႔ဆိုင္းခဲ့ၿပီး ဇြန္လကစ၍လ်ာထားခ်က္၏က်ပ္ဘီလီယံ၂၀၀ ခန္႔ပထမဆုံးအႀကိမ္ေလ်ာ့နည္းခဲ့သည္။

COVID-19 ကပ္ေရာဂါေၾကာင့္ႀကိဳတင္ဝင္ေငြခြန္ကင္းလြတ္ခြင့္ျပဳျခင္း၊အေကာက္ခြန္၊ပို႔ကုန္ႏွင့္ SME လုပ္ငန္းမ်ားကိုအခြန္အေကာက္ေလွ်ာ့ခ်ျခင္းႏွင့္ေ႐ႊ႕ဆိုင္းလိုက္ျခင္းမွာအခြန္ေငြရ႐ွိမႈေလ်ာ့နည္းလာျခင္း၏အဓိကအေၾကာင္းရင္းျဖစ္သည္ဟု စီမံကိန္းဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ဦးထြန္းထြန္းႏိုင္ကေျပာသည္။

လာမည္ဘ႑ာႏွစ္မွာလည္း ကိုဗစ္ေၾကာင့္ေလွ်ာေပါ့ေပးခဲ့တဲ့အခြန္ေတြနဲ႔သတ္မွတ္ခ်က္ေတြႏႈန္းထားအသစ္ေတြေၾကာင့္အေျပာင္းအလဲေတြလည္း႐ွိႏိုင္တယ္လို႔ လုပ္ငန္႐ွင္ေတြကခန္႔မွန္းေနၾကပါတယ္။

အခုကာလအတြင္း အစိုးရကအခြန္ပိုင္းဆိုင္ရာမွာေျဖေလွ်ာ့မႈေတြအေျမာက္အျမားျပဳလုပ္ခဲ့တာေၾကာင့္ လုပ္ငန္း႐ွင္ေတြအသက္႐ွဴေခ်ာင္ခဲ့ရတာမ်ိဴးေတြလည္း႐ွိတယ္လို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္တြဲဖက္အတြင္းေရးမႉးကေျပာပါတယ္။

ထို႔အျပင္၂၀၁၉ - ၂၀ ဘ႑ာႏွစ္အတြင္းရ႐ွိမည့္အခြန္အရပ္ရပ္ေကာက္ခံရ႐ွိမႈလ်ာထားေငြပမာဏက်ပ္ဘီလီယံ၈,၀၀၀ ခန္႔မွာလည္းစက္တင္ဘာတစ္လသာက်န္႐ွိေတာ့၍ျပည့္မီႏိုင္မည္မဟုတ္ေၾကာင္းဆိုသည္။၂၀၁၉ေအာက္တိုဘာမွ ၂၀၂၀ၾသဂုတ္လအထိရ႐ွိခဲ့ေသာအခြန္ေငြသည္ဘ႑ာႏွစ္တစ္ခုလုံးအတြက္ရ႐ွိမည့္အခြန္ေငြလ်ာထားခ်က္၏၈၆ရာခိုင္ႏႈန္းေက်ာ္ကိုအေကာင္အထည္ေဖာ္ႏိုင္ခဲ့ျခင္းျဖစ္သည္ဟုျပည္တြင္းအခြန္ကအသိေပးသည္။

ယခုဘ႑ာႏွစ္ ၁၁လအထိအခြန္ေကာက္ခံရ႐ွိမႈတြင္ႏိုင္ငံပိုင္က႑မွက်ပ္ ၁,၂၃၅ဘီလီယံ၊သမဝါယမက႑မွက်ပ္သန္း၈၀၀ေက်ာ္ႏွင့္ပုဂၢလိကက႑မွက်ပ္ဘီလီယံ ၅,၀၀၀နီးပါးပါဝင္သည္။

အခြန္တစ္မ်ိဳးခ်င္းေကာက္ခံရ႐ွိမႈအေျခအေနအရဝင္ေငြခြန္မွက်ပ္ဘီလီယံ ၃,၀၀၀ခန္႔ျဖင့္အမ်ားဆုံးရ႐ွိခဲ့ၿပီးကုန္သြယ္လုပ္ငန္းခြန္မွက်ပ္ဘီလီယံ ၁,၈၀၀ေက်ာ္ႏွင့္အထူးကုန္စည္ခြန္မွက်ပ္ဘီလီယံ ၁,၀၀၀ေက်ာ္၊ရတနာခြန္က်ပ္၁၀ဘီလီယံေက်ာ္၊တံဆိပ္ေခါင္းခြန္က်ပ္ဘီလီယံ ၁၀၀ခန္႔ႏွင့္ေအာင္ဘာေလသိန္းဆုခြန္မွက်ပ္ ၁၄၅ဘီလီယံေက်ာ္ရ႐ွိထားသည္။

ေနး႐ွင္းျမန္မာ iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service