ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ဘဏ်က အိမ်ယာချေးငွေများကို ခုနှစ်လတိတိ နောက်ကျကြေး ကင်းလွတ်ခွင့်ပြုထားဟုဆို - Property News in Myanmar from iMyanmarHouse.com
1509 Views

ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ဘဏ်က အိမ်ယာချေးငွေများကို ခုနှစ်လတိတိ နောက်ကျကြေး ကင်းလွတ်ခွင့်ပြုထားဟုဆို

[Unicode]

ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ဆောက်လုပ်ရေး၊ အိမ်ယာနှင့်အခြေခံအဆောက်အဦးဖွံ့ဖြိုးရေးဘဏ်က အရစ်ကျအိမ်ယာဝယ်ယူသူများကို ငွေပေးသွင်းရာတွင် နောက်ကျကြေးမကောက်ခံဘဲ ခုနှစ်လတိတိ ကင်းလွတ်ခွင့် ပေးခဲ့သည်ဟု အဆိုပါဘဏ်က ထုတ်ပြန်သည်။

အဆိုပါဘဏ်က အိမ်ယာချေးငွေယူထားသူများသည် လက်တလောဖြစ်ပွားနေသည့် COVID-19ကြောင့် လစဉ်ပေးဆပ်ရမည့် ငွေကြေးများအခက်အခဲရှိနိုင်၍ နောက်ကျကြေးမကောက်ခံဘဲ နောက်ဆုံးပေးသွင်းရမည့်ရက်ကို ၁၅ ရက် အချိန်ရွှေ့ဆိုင်းပေးခြင်းဖြစ်သည်ဟုဆိုသည်။

၎င်းကို ဧပြီလမှ စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလကိုလည်း ၁၅ ရက်အထိ တိုးမြှင့်ပေးသွားမည်ဟု ဘဏ်ကဆိုသည်။ ယခင်က လစဉ်ပြန်လည်ပေးဆပ်ရမည့် နောက်ဆုံးရက် လဆန်း ၅ ရက်ဖြစ်သည်။ ယခုအခါ လဆန်း ၁၅ ရက်သို့ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ဘဏ်ဖြစ်သည့် CHID ဘဏ်က အိမ်ယာဝယ်ယူချင်သူ လူဦးရေ ၅၀၀၀ကျော်ကို ထုတ်ချေးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောထားသည်။

အဆိုပါချေးငွေများထဲတွင် ဂျပန် JICA ၏ နှစ်ဆင့်ချေးငွေမှချေးငွေရယူသူ ၂၀၀၀ခန့်လည်းပါဝင်သည်ဟု ဝန်ကြီးကဆိုသည်။

အထက်ပါလူဦးရေ ၅၀၀၀ ရှိသည့် ဝင်ငွေနည်းပြည်သူများ အိမ်ယာဝယ်ယူနိုင်ရန်အတွက် ချေးငွေကို ၂၀၁၆ မှ စတင်ပြီး ၂၀၂၀ ဇူလိုင်လအထိ ချေးငွေပေးခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးကဆိုသည်။ ထိုထဲတွင် ၂၀၁၈ တွင် မြန်မာနိုင်ငံ၏ အိမ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်အေဂျင်စီ(JICA)၏ နှစ်ဆင့်ချေးငွေလည်းပါဝင်သည်ဟု ဝန်ကြီးကပြောသည်။

ထိုပြင် အဆိုပါဘဏ်က ကိုဗစ်အကျပ်အတည်းကာလအတွင်း ဘဏ်ချေးငွေများကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း၊ JICA နှစ်ဆင့်ချေးငွေများကို ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုူန်းသို့လျော့ချပေးခဲ့သည်ဟု ဝန်ကြီးကဆိုသည်။ ထိုနောက် ကိုဗစ်ကြောင့် ထိခိုက်ရသည့် ဝင်ငွေနည်းပြည်သူများ သက်သာစေရန် ဘဏ်ချေးငွေကို အတိုးနှင့်အရင်းပြန်ဆပ်ရသည့်အစား အတိုးနှုန်းကိုသာ ပြန်လည်ပေးဆပ်စေရန် ဖြေလျော့ပေးခဲ့သည်ဟု ဝန်ကြီးကဆိုသည်။ ထိုကာလကို ဧပြီ၊မေ၊ ဇွန်၊ဇူလိုင်၊ ဩဂုတ်နှင့်စက်တင်လာအထိ သတ်မှတ်ထားသည်ဟု ဝန်ကြီးကဆိုသည်။

ဆောက်လုပ်ရေး၊အိမ်ယာနှင့်အခြေခံအဆောက်အဦးဖွံ့ဖြိုးရေးဘဏ် CHID ကို ၂၀၁၃ တွင် တည်ထောင်ခဲ့ပြီးလက်ရှိတွင် ဘဏ်ခွဲ ၁၇ ခုအထိဖွင့်လှစ်ထားသည်။

ပြည်သူလူထုများ အိမ်ယာပိုင်ဆိုင်မူရှိစေရေးအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ယာများဖော်ဆောင်ရာတွင် လိုအပ်သော ငွေကြေးစနစ်ကို ထူထောင်ရန်အတွက် အဆိုပါဘဏ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဆာက္လုပ္ေရးဝန္ႀကီးဌာနပိုင္ ဘဏ္က အိမ္ယာေခ်းေငြမ်ားကို ခုႏွစ္လတိတိ ေနာက္က်ေၾကး ကင္းလြတ္ခြင့္ျပဳထားဟုဆို

ေဆာက္လုပ္ေရးဝန္ႀကီးဌာနပိုင္ ေဆာက္လုပ္ေရး၊ အိမ္ယာႏွင့္အေျခခံအေဆာက္အဦးဖြံ႕ျဖိဳးေရးဘဏ္က အရစ္က်အိမ္ယာဝယ္ယူသူမ်ားကို ေငြေပးသြင္းရာတြင္ ေနာက္က်ေၾကးမေကာက္ခံဘဲ ခုႏွစ္လတိတိ ကင္းလြတ္ခြင့္ ေပးခဲ့သည္ဟု အဆိုပါဘဏ္က ထုတ္ျပန္သည္။

အဆိုပါဘဏ္က အိမ္ယာေခ်းေငြယူထားသူမ်ားသည္ လက္တေလာျဖစ္ပြားေနသည့္ COVID-19ေၾကာင့္ လစဥ္ေပးဆပ္ရမည့္ ေငြေၾကးမ်ားအခက္အခဲ႐ွိႏိုင္၍ ေနာက္က်ေၾကးမေကာက္ခံဘဲ ေနာက္ဆုံးေပးသြင္းရမည့္ရက္ကို ၁၅ ရက္ အခ်ိန္ေ႐ႊ႕ဆိုင္းေပးျခင္းျဖစ္သည္ဟုဆိုသည္။

၎ကို ဧၿပီလမွ စက္တင္ဘာလအထိ ေဆာင္႐ြက္ခဲ့ၿပီး ေအာက္တိုဘာလကိုလည္း ၁၅ ရက္အထိ တိုးျမႇင့္ေပးသြားမည္ဟု ဘဏ္ကဆိုသည္။ ယခင္က လစဥ္ျပန္လည္ေပးဆပ္ရမည့္ ေနာက္ဆုံးရက္ လဆန္း ၅ ရက္ျဖစ္သည္။ ယခုအခါ လဆန္း ၁၅ ရက္သို႔ေျပာင္းလဲေပးခဲ့ျခင္းျဖစ္သည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာနပိုင္ ဘဏ္ျဖစ္သည့္ CHID ဘဏ္က အိမ္ယာဝယ္ယူခ်င္သူ လူဦးေရ ၅၀၀၀ေက်ာ္ကို ထုတ္ေခ်းခဲ့ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ကေျပာထားသည္။

အဆိုပါေခ်းေငြမ်ားထဲတြင္ ဂ်ပန္ JICA ၏ ႏွစ္ဆင့္ေခ်းေငြမွေခ်းေငြရယူသူ ၂၀၀၀ခန္႔လည္းပါဝင္သည္ဟု ဝန္ႀကီးကဆိုသည္။

အထက္ပါလူဦးေရ ၅၀၀၀ ႐ွိသည့္ ဝင္ေငြနည္းျပည္သူမ်ား အိမ္ယာဝယ္ယူႏိုင္ရန္အတြက္ ေခ်းေငြကို ၂၀၁၆ မွ စတင္ၿပီး ၂၀၂၀ ဇူလိုင္လအထိ ေခ်းေငြေပးခဲ့ျခင္းျဖစ္သည္ဟု ဝန္ႀကီးကဆိုသည္။ ထိုထဲတြင္ ၂၀၁၈ တြင္ ျမန္မာႏိုင္ငံ၏ အိမ္ယာက႑ဖြံ႕ျဖိဳးေရးအတြက္ ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေအဂ်င္စီ(JICA)၏ ႏွစ္ဆင့္ေခ်းေငြလည္းပါဝင္သည္ဟု ဝန္ႀကီးကေျပာသည္။

ထိုျပင္ အဆိုပါဘဏ္က ကိုဗစ္အက်ပ္အတည္းကာလအတြင္း ဘဏ္ေခ်းေငြမ်ားကို အတိုးႏႈန္း ၁၃ ရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္း၊ JICA ႏွစ္ဆင့္ေခ်းေငြမ်ားကို ၈ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈူန္းသို႔ေလ်ာ့ခ်ေပးခဲ့သည္ဟု ဝန္ႀကီးကဆိုသည္။ ထိုေနာက္ ကိုဗစ္ေၾကာင့္ ထိခိုက္ရသည့္ ဝင္ေငြနည္းျပည္သူမ်ား သက္သာေစရန္ ဘဏ္ေခ်းေငြကို အတိုးႏွင့္အရင္းျပန္ဆပ္ရသည့္အစား အတိုးႏႈန္းကိုသာ ျပန္လည္ေပးဆပ္ေစရန္ ေျဖေလ်ာ့ေပးခဲ့သည္ဟု ဝန္ႀကီးကဆိုသည္။ ထိုကာလကို ဧၿပီ၊ေမ၊ ဇြန္၊ဇူလိုင္၊ ဩဂုတ္ႏွင့္စက္တင္လာအထိ သတ္မွတ္ထားသည္ဟု ဝန္ႀကီးကဆိုသည္။

ေဆာက္လုပ္ေရး၊အိမ္ယာႏွင့္အေျခခံအေဆာက္အဦးဖြံ႕ျဖိဳးေရးဘဏ္ CHID ကို ၂၀၁၃ တြင္ တည္ေထာင္ခဲ့ၿပီးလက္႐ွိတြင္ ဘဏ္ခြဲ ၁၇ ခုအထိဖြင့္လွစ္ထားသည္။

ျပည္သူလူထုမ်ား အိမ္ယာပိုင္ဆိုင္မူ႐ွိေစေရးအတြက္ တန္ဖိုးနည္း၊ တန္ဖိုးသင့္အိမ္ယာမ်ားေဖာ္ေဆာင္ရာတြင္ လိုအပ္ေသာ ေငြေၾကးစနစ္ကို ထူေထာင္ရန္အတြက္ အဆိုပါဘဏ္ကို ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service