Covid-19 နှင့် မြန်မာ့ရွေးကောက်ပွဲ

Covid-19 နှင့် မြန်မာ့ရွေးကောက်ပွဲ - Property News in Myanmar from iMyanmarHouse.com
27 Sep 2020 12:18 pm တွင် တင်ခဲ့သည်
758 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Nikkei Asian Review ၏ ဆောင်းပါးရှင် Yuichi Nitta ရေးသားသော Myanmar November election overshadowed by COVID-19 surge ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် Covid-19 နေ့စဉ် အတည်ပြုလူနာဦးရေပမာဏမှာ လျင်မြန်စွာမြင့်တက်လာလျက်ရှိသည်။

မကြာသေးမီ ရက်သတ္တပတ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ဆတိုးမြင့်တက်လာသည်နှင့်အမျှ အတိုက်အခံပါတီတို့က နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် တောင်းဆိုလာကြသည်။

လာမည့် ၅ နှစ်တာအတွင်း မြန်မာနိုင်ငံအား မည်သူအုပ်ချုပ်မည်ကို ဆုံးဖြတ်ပေးရန်အတွက် ရက်သတ္တ ၆ ပတ်အတွင်း လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပတော့မည် ဖြစ်သည်။

၂၀၁၅ ခုနှစ်သည် စိတ်အားထက်သန်မှုများ အတိပြီးသည့်နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ထိုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် လွှတ်တော်ရွေးကောက်ပွဲကို အပြည့်အဝပါဝင်ယှဉ်ပြိုင်မှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံး ဒီမိုကရက်တစ် ရွေးကောက်ပွဲ စတင်ခြင်းလည်း ဖြစ်သည်။

ယခုနှစ်သည်ကား အဆိုပါစိတ်အားထက်သန်မှုများကို ချုပ်တည်းမျိုသိပ်ထားရသည့်အချိန်ဖြစ်လာသည်။

ရွေးကောက်ပွဲ မဲဆွယ်ကာလကို စက်တင်ဘာ ၈ ရက်တွင် တရားဝင်စတင်လိုက်သော်လည်း ရန်ကုန်မြို့တွင် လူစုလူဝေးပြုလုပ်မှုများ တားမြစ်ထားသည့်အချိန်ဖြစ်နေသည်။ လမ်းများပေါ်တွင် လွှတ်တော်အမတ်တို့ လှည့်လည်မဲဆွယ်ဟောပြောမှုများ မတွေ့မြင်နိုင်တော့ချေ။

ရွေးကောက်ပွဲကော်မရှင် (UEC) ကလည်း နေအိမ်တွင်သာ နေထိုင်ကြရန် (stay-at-home) အမိန့်ထုတ်ပြန်ထားသည့် ဒေသများတွင် မဲဆွယ်စည်းရုံးမှုများ တားမြစ်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သောကြာနေ့တွင် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာ ၈၅၁၅ ဦးရှိပြီး သေဆုံးသူ ၁၅၅ ဦးအထိ ရှိနေသည်။

လွန်ခဲ့သော သြဂုတ်လလယ်ပိုင်းခန့်ကဆိုလျှင် နေ့စဉ်လူနာသစ် တွေ့ရှိမှုမှာ ၁၀ ဦးအောက်သာရှိခဲ့ပြီး လွန်ခဲ့သော ကြာသပတေးနေ့ကမူ တစ်နေ့တည်း လူနာသစ်တွေ့ရှိမှု ၈၆၈ ဦးရှိသည်။

အစိုးရက ဗိုင်းရပ်စ်ကူးစက်မှု နှေးကွေးကျဆင်းစေရန်အတွက် ရန်ကုန်မြို့တွင် တင်းကြပ်သည့် Lockdown ဆိုင်ရာစည်းမျဉ်းများ ချမှတ်ခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်တွင် ပြည်တွင်းလေကြောင်းများ ရပ်ဆိုင်းလိုက်ပြီး ပြည်သူများကို ရန်ကုန်မြို့တွင်းမှ ထွက်ခွာခြင်း ပိတ်ပင်လိုက်သည်။

အဝေးပြေးလမ်းမများပေါ်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ခဲ့၏။

ပြီးခဲ့သော တနင်္လာနေ့တွင်မူ မရှိမဖြစ်အရာများဖြစ်သော စားသောက်ကုန်နှင့် ဆေးဝါးလုပ်ငန်းတို့မှလွဲပြီး ရန်ကုန်မြို့ရှိ ရုံးများနှင့် စက်ရုံများကို နေအိမ်မှသာ အလုပ်လုပ် (work-from-home) စေသည့် အမိန့်ထုတ်ပြန်ခဲ့သည်။

ဈေးဝယ်စင်တာများနှင့် စတိုးဆိုင်များ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်သော်လည်း မြို့တွင်းယာဉ်အသွားအလာမှာ နေ့စဉ်ကျဆင်းလာနေသည်။

အမေရိကန်သံရုံးက ရန်ကုန်မြို့ရှိ အမေရိကန်နိုင်ငံသားများကို သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် လာမည့်ရက်များအတွင်း နေအိမ်တွင်နေထိုင်စေသည့် stay-at-home စည်းမျဉ်းများ ပိုမိုတင်းကြပ်လာဖွယ်ရှိကြောင်း သတိပေးထားသည်။ ပြည်တွင်းသတင်းမီဒီယာတို့၏ သွားလာမှုကိုလည်း တင်းကြပ်မှုများ ပြုလုပ်လာသည်။

မရှိမဖြစ် အဖြစ်သတ်မှတ်ထားသော လုပ်ငန်းများတွင် သတင်းမီဒီယာလုပ်ငန်းများ ပါဝင်မလာရာ သတင်းစာ၊ ဂျာနယ်များစွာမှာ တနင်္လာနေ့မှစတင်ပြီး ပုံနှိပ်ထုတ်ဝေနိုင်တော့ခြင်း မရှိချေ။ “ဒီကိစ္စအပေါ်မှာ ပြည်ထောင်စုအစိုးရအနေနဲ့ ဘယ်လောက်အလေးထားနေတယ် ..ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ကျွန်မတို့ အကောင်းဆုံး ဘယ်လောက်ကြိုးစားနေတယ်ဆိုတာ ပြည်သူတွေ နားလည်စေချင်ပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

တနင်္လာနေ့အချက်အလက်များအရ မြန်မာနိုင်ငံတွင် ကွာရန်တင်းထားရှိသူ ၄၅၀၀၀ ကျော်ရှိပြီး ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ယာယီကွာရန်တင်းစင်တာတစ်ခုကို ဆောက်လုပ်ထားသည်။

ရန်ကုန်မြို့နေ အသက် ၅၈ နှစ်အရွယ် ဆိုက္ကားဆရာတစ်ဦးက သူ၏ ဘဝအကျပ်အတည်းများကို ပြောပြခဲ့သည်။

“ပုံမှန်ဆိုရင် ကျွန်တော့်ရဲ့ တစ်ရက်တာဝင်ငွေက ကျပ် ၁၀၀၀၀ အနည်းဆုံးရှိပါတယ်။ ဒါပေမယ့် လက်ရှိကာလမှာတော့ ၃၀၀၀ တောင်ရဖို့ မသေချာပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နေအိမ်မှာနေထိုင်ဖို့အမိန့်ကို အသံချဲ့စက်တွေနဲ့ လမ်းတွေပေါ်မှာ လိုက်အော်ပြီး သတိပေးကြပါတယ်။ လက်ရှိအချိန်မှာ အစားအစာဝယ်ချင်သူတွေပဲ အပြင်ထွက်ကြပါတော့တယ်။ ဖောက်သည်တွေ ပျောက်ကုန်ပါပြီ” ဟု ၎င်းက ပြောကြားသည်။

ထိုသို့အခက်အခဲများ ရင်ဆိုင်နေရသော်လည်း သူသည် အာဏာရ NLD ပါတီကို ဆက်လက်ထောက်ခံနေဆဲ ဖြစ်၏။

“ကျွန်တော်သိသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။ ဒီအစိုးရဟာ ကျွန်တော်တို့နိုင်ငံအတွက် ကောင်းတာတွေ လုပ်ဆောင်ပေးနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

သို့သော် အတိုက်အခံတို့ကမူ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် တောင်းဆိုနေကြသည်။

တပ်မတော် အရာရှိဟောင်းများ ပါဝင်သည့် အကြီးမားဆုံး အတိုက်အခံပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း ၂၀ ကျော်က ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားကြသည်။

NLD ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့်က ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သော ဧရာဝတီသို့ ပြောကြားခဲ့ရာတွင် “အနာဂတ်မှာ အခြေအနေဘယ်လိုဖြစ်လာမယ်လို့ မရေရာတဲ့အခြေအနေမျိုးမှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းတာဟာ လက်ရှိ ပြည်သူ့ကျန်းမာရေးနဲ့ စီးပွားရေးပြဿနာတွေအပေါ်မှာ နိုင်ငံရေးအကျပ်အတည်းတစ်ခု ပေါ်ပေါက်လာနိုင်တာအပြင် ပြဿနာတွေအများကြီး ပေါ်လာနိုင်ပါတယ် ” ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်အကြီးအကဲတစ်ဦးက ပြောကြားရာတွင် “ကျွန်တော်တို့အနေနဲ့ Covid-19 ကြောင့် ရွေးကောက်ပွဲတစ်ခုလုံး (ဒါမှမဟုတ်) မဲဆန္ဒနယ်တစ်ခုခုကို ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိပါဘူး။ ပြည်သူတွေ ဘေးအန္တရာယ်ကင်းစွာ မဲဆန္ဒပေးနိုင်ဖို့ ကျွန်တော်တို့ စီစဉ်သွားမှာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့လည်း အစီအမံတွေ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်” ဟု ပြောကြားသည်။

NLD အတွက်ကား ယခုကပ်ရောဂါဘေးသည် အသွားနှစ်ဖက်ပါသော ဓားတစ်စင်းသဖွယ် ဖြစ်၏။

မြန်မာနိုင်ငံတွင် အာဏာမျှခြေသည် အရပ်ဘက်အစိုးရနှင့် စစ်ဘက်အကြားမျှခြေဖြစ်နေသည်။

အကယ်၍ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ နောက်ဆုတ်ရန် ရွေးချယ်ခဲ့စေကာမူ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ တိုးတက်ကောင်းမွန်လာလိမ့်မည်ဟူသည့် အာမခံချက်ကား မရှိချေ။

အခြားတစ်ဖက်မှ ကြည့်လျှင်မူ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသည် NLD နှင့် အချို့အတိုက်အခံတို့အတွက် အခြေအနေကောင်း တစ်ခုသဖွယ်လည်း ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဲဆွယ်စည်းရုံးခွင့်များကို တင်းကြပ်ကန့်သတ်မှုများ ပြုလုပ်ထားရာ လူသိများပြီးဖြစ်သူတို့အတွက် ပြိုင်ဖက်အပေါ် တပန်းသာနေခြင်းလည်း ဖြစ်သည်။

ဒုတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေချိန်တွင် တိုင်းပြည်၏ ဒီမိုကရေစီ အဖူးအငုံမှာ ကြမ်းတမ်းခက်ထန်သည့် စမ်းသပ်မှုတို့နှင့် ရင်ဆိုင်ရလျက် ရှိလေသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Myanmar November election overshadowed by COVID-19 surge (Nikkei Asian Review)

[Zawgyi]

Covid-19 ႏွင့္ ျမန္မာ့ေရြးေကာက္ပြဲ

(Nikkei Asian Review ၏ ေဆာင္းပါးရွင္ Yuichi Nitta ေရးသားေသာ Myanmar November election overshadowed by COVID-19 surge ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုသည္။)

ျမန္မာႏိုင္ငံတြင္ Covid-19 ေန႔စဥ္ အတည္ျပဳလူနာဦးေရပမာဏမွာ လ်င္ျမန္စြာျမင့္တက္လာလ်က္ရွိသည္။

မၾကာေသးမီ ရက္သတၱပတ္မ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူဦးေရ ဆတိုးျမင့္တက္လာသည္ႏွင့္အမွ် အတိုက္အခံပါတီတို႔က ႏိုဝင္ဘာ အေထြေထြေရြးေကာက္ပြဲကို ေရႊ ႔ဆိုင္းရန္ ေတာင္းဆိုလာၾကသည္။

လာမည့္ ၅ ႏွစ္တာအတြင္း ျမန္မာႏိုင္ငံအား မည္သူအုပ္ခ်ဳပ္မည္ကို ဆံုးျဖတ္ေပးရန္အတြက္ ရက္သတၱ ၆ ပတ္အတြင္း လႊတ္ေတာ္ေရြးေကာက္ပြဲမ်ား က်င္းပေတာ့မည္ ျဖစ္သည္။

၂၀၁၅ ခုႏွစ္သည္ စိတ္အားထက္သန္မႈမ်ား အတိျပီးသည့္ႏွစ္တစ္ႏွစ္ ျဖစ္ခဲ့သည္။ ထိုႏွစ္တြင္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) သည္ လႊတ္ေတာ္ေရြးေကာက္ပြဲကို အျပည့္အဝပါဝင္ယွဥ္ျပိဳင္မႈမ်ား ျပဳလုပ္ခဲ့ရာ ျမန္မာႏိုင္ငံ၏ ပထမဆံုး ဒီမိုကရက္တစ္ ေရြးေကာက္ပြဲ စတင္ျခင္းလည္း ျဖစ္သည္။

ယခုႏွစ္သည္ကား အဆိုပါစိတ္အားထက္သန္မႈမ်ားကို ခ်ဳပ္တည္းမ်ဳိသိပ္ထားရသည့္အခ်ိန္ျဖစ္လာသည္။

ေရြးေကာက္ပြဲ မဲဆြယ္ကာလကို စက္တင္ဘာ ၈ ရက္တြင္ တရားဝင္စတင္လုိက္ေသာ္လည္း ရန္ကုန္ျမိဳ ႔တြင္ လူစုလူေဝးျပဳလုပ္မႈမ်ား တားျမစ္ထားသည့္အခ်ိန္ျဖစ္ေနသည္။ လမ္းမ်ားေပၚတြင္ လႊတ္ေတာ္အမတ္တို႔ လွည့္လည္မဲဆြယ္ေဟာေျပာမႈမ်ား မေတြ႔ျမင္ႏိုင္ေတာ့ေခ်။

ေရြးေကာက္ပြဲေကာ္မရွင္ (UEC) ကလည္း ေနအိမ္တြင္သာ ေနထိုင္ၾကရန္ (stay-at-home) အမိန႔္ထုတ္ျပန္ထားသည့္ ေဒသမ်ားတြင္ မဲဆြယ္စည္းရံုးမႈမ်ား တားျမစ္ထားသည္။

က်န္းမာေရးဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္အရ ေသာၾကာေန႔တြင္ ျမန္မာႏိုင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္ အတည္ျပဳလူနာ ၈၅၁၅ ဦးရွိျပီး ေသဆံုးသူ ၁၅၅ ဦးအထိ ရွိေနသည္။

လြန္ခဲ့ေသာ ၾသဂုတ္လလယ္ပိုင္းခန္႔ကဆိုလွ်င္ ေန႔စဥ္လူနာသစ္ ေတြ႔ရွိမႈမွာ ၁၀ ဦးေအာက္သာရွိခဲ့ျပီး လြန္ခဲ့ေသာ ၾကာသပေတးေန႔ကမူ တစ္ေန႔တည္း လူနာသစ္ေတြ႔ရွိမႈ ၈၆၈ ဦးရွိသည္။ အစိုးရက ဗိုင္းရပ္စ္ကူးစက္မႈ ေႏွးေကြးက်ဆင္းေစရန္အတြက္ ရန္ကုန္ျမိဳ ႔တြင္ တင္းၾကပ္သည့္ Lockdown ဆိုင္ရာစည္းမ်ဥ္းမ်ား ခ်မွတ္ခဲ့သည္။

စက္တင္ဘာလ ၁၁ ရက္တြင္ ျပည္တြင္းေလေၾကာင္းမ်ား ရပ္ဆိုင္းလိုက္ျပီး ျပည္သူမ်ားကို ရန္ကုန္ျမိဳ ႔တြင္းမွ ထြက္ခြာျခင္း ပိတ္ပင္လိုက္သည္။

အေဝးေျပးလမ္းမမ်ားေပၚတြင္ စစ္ေဆးေရးဂိတ္မ်ား ဖြင့္လွစ္ခဲ့၏။

ျပီးခဲ့ေသာ တနလၤာေန႔တြင္မူ မရွိမျဖစ္အရာမ်ားျဖစ္ေသာ စားေသာက္ကုန္ႏွင့္ ေဆးဝါးလုပ္ငန္းတို႔မွလြဲျပီး ရန္ကုန္ျမိဳ ႔ရွိ ရံုးမ်ားႏွင့္ စက္ရံုမ်ားကို ေနအိမ္မွသာ အလုပ္လုပ္ (work-from-home) ေစသည့္ အမိန္႔ထုတ္ျပန္ခဲ့သည္။

ေစ်းဝယ္စင္တာမ်ားႏွင့္ စတိုးဆိုင္မ်ား ဆက္လက္ဖြင့္လွစ္ထားဆဲျဖစ္ေသာ္လည္း ျမိဳ ႔တြင္းယာဥ္အသြားအလာမွာ ေန႔စဥ္က်ဆင္းလာေနသည္။

အေမရိကန္သံရံုးက ရန္ကုန္ျမိဳ ႔ရွိ အေမရိကန္ႏိုင္ငံသားမ်ားကို သတိေပးခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ရာတြင္ လာမည့္ရက္မ်ားအတြင္း ေနအိမ္တြင္ေနထိုင္ေစသည့္ stay-at-home စည္းမ်ဥ္းမ်ား ပိုမိုတင္းၾကပ္လာဖြယ္ရွိေၾကာင္း သတိေပးထားသည္။ ျပည္တြင္းသတင္းမီဒီယာတို႔၏ သြားလာမႈကိုလည္း တင္းၾကပ္မႈမ်ား ျပဳလုပ္လာသည္။

မရွိမျဖစ္ အျဖစ္သတ္မွတ္ထားေသာ လုပ္ငန္းမ်ားတြင္ သတင္းမီဒီယာလုပ္ငန္းမ်ား ပါဝင္မလာရာ သတင္းစာ၊ ဂ်ာနယ္မ်ားစြာမွာ တနလၤာေန႔မွစတင္ျပီး ပံုႏွိပ္ထုတ္ေဝႏိုင္ေတာ့ျခင္း မရွိေခ်။ “ဒီကိစၥအေပၚမွာ ျပည္ေထာင္စုအစိုးရအေနနဲ႔ ဘယ္ေလာက္အေလးထားေနတယ္ ..ျပည္သူေတြရဲ ႔ က်န္းမာေရးနဲ႔ လံုျခံဳေရးအတြက္ ကၽြန္မတို႔ အေကာင္းဆံုး ဘယ္ေလာက္ၾကိဳးစားေနတယ္ဆိုတာ ျပည္သူေတြ နားလည္ေစခ်င္ပါတယ္” ဟု ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တနလၤာေန႔တြင္ ေျပာၾကားခဲ့သည္။

တနလၤာေန႔အခ်က္အလက္မ်ားအရ ျမန္မာႏိုင္ငံတြင္ ကြာရန္တင္းထားရွိသူ ၄၅၀၀၀ ေက်ာ္ရွိျပီး ရန္ကုန္ျမိဳ ႔၊ သုဝဏၰေဘာလံုးကြင္းတြင္ ယာယီကြာရန္တင္းစင္တာတစ္ခုကို ေဆာက္လုပ္ထားသည္။

ရန္ကုန္ျမိဳ ႔ေန အသက္ ၅၈ ႏွစ္အရြယ္ ဆိုကၠားဆရာတစ္ဦးက သူ၏ ဘဝအက်ပ္အတည္းမ်ားကို ေျပာျပခဲ့သည္။

“ပံုမွန္ဆိုရင္ ကၽြန္ေတာ့္ရဲ ႔ တစ္ရက္တာဝင္ေငြက က်ပ္ ၁၀၀၀၀ အနည္းဆံုးရွိပါတယ္။ ဒါေပမယ့္ လက္ရွိကာလမွာေတာ့ ၃၀၀၀ ေတာင္ရဖို႔ မေသခ်ာပါဘူး။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြက ေနအိမ္မွာေနထိုင္ဖို႔အမိန္႔ကို အသံခ်ဲ ႔စက္ေတြနဲ႔ လမ္းေတြေပၚမွာ လိုက္ေအာ္ျပီး သတိေပးၾကပါတယ္။ လက္ရွိအခ်ိန္မွာ အစားအစာဝယ္ခ်င္သူေတြပဲ အျပင္ထြက္ၾကပါေတာ့တယ္။ ေဖာက္သည္ေတြ ေပ်ာက္ကုန္ပါျပီ” ဟု ၎က ေျပာၾကားသည္။

ထိုသို႔အခက္အခဲမ်ား ရင္ဆိုင္ေနရေသာ္လည္း သူသည္ အာဏာရ NLD ပါတီကို ဆက္လက္ေထာက္ခံေနဆဲ ျဖစ္၏။

“ကၽြန္ေတာ္သိသေလာက္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ကာကြယ္ႏိုင္ဖုိ႔ အျပင္းအထန္ၾကိဳးစားေနပါတယ္။ ဒီအစိုးရဟာ ကၽြန္ေတာ္တို႔ႏိုင္ငံအတြက္ ေကာင္းတာေတြ လုပ္ေဆာင္ေပးေနတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” ဟု ၎က ေျပာၾကားသည္။

သို႔ေသာ္ အတိုက္အခံတို႔ကမူ ႏိုဝင္ဘာလ ၈ ရက္တြင္ က်င္းပရန္ စီစဥ္ထားသည့္ ေရြးေကာက္ပြဲကို ေရႊ ႔ဆိုင္းရန္ ေတာင္းဆိုေနၾကသည္။

တပ္မေတာ္ အရာရွိေဟာင္းမ်ား ပါဝင္သည့္ အၾကီးမားဆံုး အတိုက္အခံပါတီျဖစ္ေသာ ျပည္ေထာင္စု ၾကံ ႔ခိုင္ေရးႏွင့္ ဖြံ႔ျဖိဳးေရးပါတီ အပါအဝင္ ပါတီေပါင္း ၂၀ ေက်ာ္က ေရြးေကာက္ပြဲေရႊ ႔ဆိုင္းေပးရန္ ေရြးေကာက္ပြဲေကာ္မရွင္ကို ေတာင္းဆိုထားၾကသည္။

NLD ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ဦးမ်ဳိးညြန္႔က ျပည္တြင္းသတင္းဌာနတစ္ခုျဖစ္ေသာ ဧရာဝတီသို႔ ေျပာၾကားခဲ့ရာတြင္ “အနာဂတ္မွာ အေျခအေနဘယ္လိုျဖစ္လာမယ္လို႔ မေရရာတဲ့အေျခအေနမ်ဳိးမွာ ေရြးေကာက္ပြဲကို ေရႊ ႔ဆိုင္းတာဟာ လက္ရွိ ျပည္သူ႔က်န္းမာေရးနဲ႔ စီးပြားေရးျပႆနာေတြအေပၚမွာ ႏိုင္ငံေရးအက်ပ္အတည္းတစ္ခု ေပၚေပါက္လာႏိုင္တာအျပင္ ျပႆနာေတြအမ်ားၾကီး ေပၚလာႏိုင္ပါတယ္ ” ဟု ေျပာၾကားခဲ့သည္။

ေရြးေကာက္ပြဲေကာ္မရွင္အၾကီးအကဲတစ္ဦးက ေျပာၾကားရာတြင္ “ကၽြန္ေတာ္တို႔အေနနဲ႔ Covid-19 ေၾကာင့္ ေရြးေကာက္ပြဲတစ္ခုလံုး (ဒါမွမဟုတ္) မဲဆႏၵနယ္တစ္ခုခုကို ေရႊ ႔ဆိုင္းဖို႔ အစီအစဥ္မရွိပါဘူး။ ျပည္သူေတြ ေဘးအႏၱရာယ္ကင္းစြာ မဲဆႏၵေပးႏိုင္ဖို႔ ကၽြန္ေတာ္တို႔ စီစဥ္သြားမွာပါ။ က်န္းမာေရးနဲ႔ အားကစားဝန္ၾကီးဌာနနဲ႔လည္း အစီအမံေတြ ကၽြန္ေတာ္တို႔ ေဆြးေႏြးေနပါတယ္” ဟု ေျပာၾကားသည္။

NLD အတြက္ကား ယခုကပ္ေရာဂါေဘးသည္ အသြားႏွစ္ဖက္ပါေသာ ဓားတစ္စင္းသဖြယ္ ျဖစ္၏။

ျမန္မာႏိုင္ငံတြင္ အာဏာမွ်ေျခသည္ အရပ္ဘက္အစိုးရႏွင့္ စစ္ဘက္အၾကားမွ်ေျချဖစ္ေနသည္။

အကယ္၍ ေရြးေကာက္ပြဲေကာ္မရွင္က ေရြးေကာက္ပြဲ ေနာက္ဆုတ္ရန္ ေရြးခ်ယ္ခဲ့ေစကာမူ ကိုရိုနာဗိုင္းရပ္စ္ အေျခအေန တိုးတက္ေကာင္းမြန္လာလိမ့္မည္ဟူသည့္ အာမခံခ်က္ကား မရွိေခ်။

အျခားတစ္ဖက္မွ ၾကည့္လွ်င္မူ ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးသည္ NLD ႏွင့္ အခ်ဳိ ႔အတိုက္အခံတို႔အတြက္ အေျခအေနေကာင္း တစ္ခုသဖြယ္လည္း ျဖစ္ေနသည္။ အဘယ္ေၾကာင့္ဆိုလွ်င္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ မဲဆြယ္စည္းရံုးခြင့္မ်ားကို တင္းၾကပ္ကန္႔သတ္မႈမ်ား ျပဳလုပ္ထားရာ လူသိမ်ားျပီးျဖစ္သူတုိ႔အတြက္ ျပိဳင္ဖက္အေပၚ တပန္းသာေနျခင္းလည္း ျဖစ္သည္။

ဒုတိယအၾကိမ္ေျမာက္ ပါတီစံုဒီမိုကေရစီေရြးေကာက္ပြဲက်င္းပရန္ ျပင္ဆင္ေနခ်ိန္တြင္ တိုင္းျပည္၏ ဒီမိုကေရစီ အဖူးအငံုမွာ ၾကမ္းတမ္းခက္ထန္သည့္ စမ္းသပ္မႈတို႔ႏွင့္ ရင္ဆိုင္ရလ်က္ ရွိေလသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Myanmar November election overshadowed by COVID-19 surge (Nikkei Asian Review)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service