ဘုရင်နောင်ကုန်စည်ဒိုင်ပိတ်ပေမယ့်ပွဲရုံအချို့ မပိတ် - Property News in Myanmar from iMyanmarHouse.com
6267 Views

ဘုရင်နောင်ကုန်စည်ဒိုင်ပိတ်ပေမယ့်ပွဲရုံအချို့ မပိတ်

[Unicode]

ရန်ကုန်မြို့၏ ကုန်စည်ကူးသန်းရောင်းဝယ်မှုဗဟိုချက်တစ်ခုဖြစ်သောဘုရင့်နောင်ကုန်စည်ဒိုင်ကို စက်တင်ဘာ၂၄ ရက်ကစတင်ပြီးနှစ်ပတ်ပိတ်မည်ဖြစ်သော်လည်းပွဲရုံအများစုဆက်လက်ဖွင့်လှစ်သွားမည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌဦးခင်ဟန်ကပြောသည်။

စားအုန်းဆီ၊ပဲမျိုးစုံတို့ကို အဓိကအရောင်းအဝယ်ပြုလုပ်နေသော ဘုရင့်နောင်ကုန်စည်ဒိုင်ခေတ္တပိတ်ထားသော်လည်း အွန်လိုင်းမှရောင်းဝယ်မှုများဆက်လက်လုပ်ကိုင်မည်ဟု ၎င်းကဆိုသည်။

‘‘ကုန်စည်ဒိုင်က ပိတ်ပေမယ့်ပွဲရုံအများစုကမပိတ်ဘူး။တချို့ကြောက်တဲ့ပွဲရုံအနည်းငယ်ပဲပိတ်ကြမှာပါ’’ဟု ဦးခင်ဟန်ကပြောသည်။

စားသောက်ကုန်များရောင်းချမည့်ပွဲရုံအများစုဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။

ရန်ကုန်တိုင်းရှိဆန်ကုန်စည်ဒိုင်များကလည်း တစ်ပတ်လျှင်သုံးရက်အချိန်ပိုင်းအတွင်းဖွင့်လှစ်ပြီးအရောင်းအဝယ်ပြုလုပ်မည်ဟုစက်တင်ဘာ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ဝါးတန်းဆန်ကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်တို့ကိုတနင်္လာ၊ဗုဒ္ဓဟူး၊သောကြာရက်များတွင် နံနက် ၆ နာရီခွဲမှ၁၀နာရီအတွင်းသာအရောင်းအဝယ်ပြုလုပ်ရမည်ဟု ဆန်စပါးကုန်သည်အသင်းက သတင်းထုတ်ပြန်ထားသည်။

‘‘နှစ်ပတ်လောက်မှာနိုင်နိုင်နင်းနင်းနဲ့လုပ်နိုင်မယ်ဆိုရင်ပြဿနာမရှိပါဘူး။ဒီထက်ပိုကြာရင်အခက်အခဲတွေများလာနိုင်တယ်’’ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမျိုးသူရအေးကပြောသည်။

လက်ရှိတွင် ရန်ကုန်ဆန်ဈေးကွက်သို့ ဆန်သစ်အနည်းငယ်စတင်ဝင်နေသော်လည်းပမာဏအနည်းငယ်ဖြစ်၍စိုးရိမ်စရာမရှိပေ။

လာမည့်အောက်တိုဘာလလယ်နောက်ပိုင်းဆန်စပါးအထွက်များချိန်တွင် ကပ်ရောဂါကူးစက်မှုကိုမထိန်းနိုင်ပါကတောင်သူလယ်သမားများနှင့် လယ်ယာကဏ္ဍတွင်ပါဝင်နေသူများအကျပ်အတည်းများစွာကြုံနိုင်သည်ဟု ဦးမျိုးသူရအေးကပြောသည်။

သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် ကုန်စည်စီးဆင်းမှုအကျပ်အတည်းဖြစ်လာနိုင်သည်ဟု ၎င်းကဆိုသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဘုရင္ေနာင္ကုန္စည္ဒိုင္ပိတ္ေပမယ့္ပြဲ႐ုံအခ်ိဳ႕ မပိတ္

ရန္ကုန္ၿမိဳ႕၏ ကုန္စည္ကူးသန္းေရာင္းဝယ္မႈဗဟိုခ်က္တစ္ခုျဖစ္ေသာဘုရင့္ေနာင္ကုန္စည္ဒိုင္ကို စက္တင္ဘာ၂၄ ရက္ကစတင္ၿပီးႏွစ္ပတ္ပိတ္မည္ျဖစ္ေသာ္လည္းပြဲ႐ုံအမ်ားစုဆက္လက္ဖြင့္လွစ္သြားမည္ဟု ဘုရင့္ေနာင္ကုန္စည္ဒိုင္ဥကၠ႒ဦးခင္ဟန္ကေျပာသည္။

စားအုန္းဆီ၊ပဲမ်ိဳးစုံတို႔ကို အဓိကအေရာင္းအဝယ္ျပဳလုပ္ေနေသာ ဘုရင့္ေနာင္ကုန္စည္ဒိုင္ေခတၱပိတ္ထားေသာ္လည္း အြန္လိုင္းမွေရာင္းဝယ္မႈမ်ားဆက္လက္လုပ္ကိုင္မည္ဟု ၎ကဆိုသည္။

‘‘ကုန္စည္ဒိုင္က ပိတ္ေပမယ့္ပြဲ႐ုံအမ်ားစုကမပိတ္ဘူး။တခ်ိဳ႕ေၾကာက္တဲ့ပြဲ႐ုံအနည္းငယ္ပဲပိတ္ၾကမွာပါ’’ဟု ဦးခင္ဟန္ကေျပာသည္။

စားေသာက္ကုန္မ်ားေရာင္းခ်မည့္ပြဲ႐ုံအမ်ားစုဆက္လက္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ၎ကထပ္မံေျပာၾကားသည္။

ရန္ကုန္တိုင္း႐ွိဆန္ကုန္စည္ဒိုင္မ်ားကလည္း တစ္ပတ္လွ်င္သုံးရက္အခ်ိန္ပိုင္းအတြင္းဖြင့္လွစ္ၿပီးအေရာင္းအဝယ္ျပဳလုပ္မည္ဟုစက္တင္ဘာ၂၁ ရက္တြင္ သတင္းထုတ္ျပန္သည္။

ဝါးတန္းဆန္ကုန္စည္ဒိုင္ႏွင့္ ဘုရင့္ေနာင္ဆန္ကုန္စည္ဒိုင္တို႔ကိုတနလၤာ၊ဗုဒၶဟူး၊ေသာၾကာရက္မ်ားတြင္ နံနက္ ၆ နာရီခြဲမွ၁၀နာရီအတြင္းသာအေရာင္းအဝယ္ျပဳလုပ္ရမည္ဟု ဆန္စပါးကုန္သည္အသင္းက သတင္းထုတ္ျပန္ထားသည္။

‘‘ႏွစ္ပတ္ေလာက္မွာႏိုင္ႏိုင္နင္းနင္းနဲ႔လုပ္ႏိုင္မယ္ဆိုရင္ျပႆနာမ႐ွိပါဘူး။ဒီထက္ပိုၾကာရင္အခက္အခဲေတြမ်ားလာႏိုင္တယ္’’ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးမ်ိဳးသူရေအးကေျပာသည္။

လက္႐ွိတြင္ ရန္ကုန္ဆန္ေဈးကြက္သို႔ ဆန္သစ္အနည္းငယ္စတင္ဝင္ေနေသာ္လည္းပမာဏအနည္းငယ္ျဖစ္၍စိုးရိမ္စရာမ႐ွိေပ။

လာမည့္ေအာက္တိုဘာလလယ္ေနာက္ပိုင္းဆန္စပါးအထြက္မ်ားခ်ိန္တြင္ ကပ္ေရာဂါကူးစက္မႈကိုမထိန္းႏိုင္ပါကေတာင္သူလယ္သမားမ်ားႏွင့္ လယ္ယာက႑တြင္ပါဝင္ေနသူမ်ားအက်ပ္အတည္းမ်ားစြာၾကဳံႏိုင္သည္ဟု ဦးမ်ိဳးသူရေအးကေျပာသည္။

သယ္ယူပို႔ေဆာင္ေရးအခက္အခဲေၾကာင့္ ကုန္စည္စီးဆင္းမႈအက်ပ္အတည္းျဖစ္လာႏိုင္သည္ဟု ၎ကဆိုသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service