နိုင်ငံဝန်ထမ်းဦးရေတစ်သန်းကျော်ကို အစိုးရကကျပ်ဘီလီယံ ၅၅၀ကျော် ထောက်ပံ့မယ် - Property News in Myanmar from iMyanmarHouse.com
1197 Views

နိုင်ငံဝန်ထမ်းဦးရေတစ်သန်းကျော်ကို အစိုးရကကျပ်ဘီလီယံ ၅၅၀ကျော် ထောက်ပံ့မယ်

[Unicode]

ွမြန်မာတစ်နိုင်ငံလုံးကနိုင်ငံဝန်ထမ်းဦးရေတစ်သန်းကျော်ကိုအစိုးရကကျပ်ဘီလီယံ ၅၅၀ကျော်ကိုလာမယ့် အောက်တိုဘာလ၁ရက်ကစပြီး အတိုးမဲ့ထုတ်ချေးပေးမယ်လို့သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကသတင်းထောက်တွေကို ပြောပါတယ်။

ကိုဗစ်ကာလမှာ နိုင်ငံဝန်ထမ်းတွေအဆင်ပြေစေဖို့အတွက် လစာနှစ်လစာကိုအတိုးမဲ့ချေးငွေအဖြစ်ထုတ်ပေးမှာဖြစ်ပြီး ထုတ်ပေးမယ့်ပမာဏဟာ ကျပ်ဘီလီယံ ၅၅၀ကျော်ရှိနေတာပါ။

ချေးငွေကိုတော့အမြဲတမ်းနိုင်ငံဝန်ထမ်းတွေကိုချေးပေးမှာဖြစ်ပြီးဆိုင်းငံ့ကာလခြောက်လ၊ပြန်ဆပ်ကာလတစ်နှစ်သတ်မှတ်ပြီးအတိုးမဲ့ချေးငွေဖြစ်တယ်လို့လည်း သိရပါတယ်။

ချေးငွေရယူဖို့အကျုံးဝင်သူတွေမှာဘယ်သူတွေပါဝင်တယ်၊မပါဝင်ဘူးဆိုတာကတော့လာမယ့် အောက်တိုဘာလ ၁ ရက်မှာထုတ်ပေးရင်သိရမယ်လို့ဦးဇော်ဌေးက ဆိုပါတယ်။

နိုင်ငံဝန်ထမ်းတွေကိုချေးငွေထုတ်ချေးတာအပြင်ကိုဗစ်ကာလမှာပုံမှန်ဝင်ငွေမရှိတဲ့အခြေခံလူတန်းစားတွေကိုကိုဗစ်ကာလထောက်ပံ့ကြေးအဖြစ်ဆန်၊ဆီ၊ပဲစတာတွေအပြင်တစ်အိမ်ထောင်ကိုငွေကျပ်နှစ်သောင်းထောက်ပံ့တာတွေလည်း အစိုးရကပြုလုပ်ပေးနေတာရှိပါတယ်။

ဒီလိုထောက်ပံ့တဲ့အခါဧပြီလကနေစက်တင်ဘာလအထိအိမ်ထောင်စုပေါင်း၅ဒဿမ၇သန်းကိုသုံးကြိမ်ထောက်ပံ့ခဲ့ရာမှာကျပ်၄၀၀ဘီလီယံကျော်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်ကိုယ်ဝန်ဆောင်မိခင်တွေ၊သက်ကြီးရွယ်အိုတွေ၊မသန်စွမ်းတွေကိုကျပ်သုံးသောင်းကျပ်စီထောက်ပံ့ပေးနေတာလည်းရှိပါတယ်။

နိုင်ငံဝန်ထမ်းတွေကိုထောက်ပံ့မှုတွေပြုလုပ်ပေးတဲ့အပြင်ကျန်းမာရေးစောင့်ရှောက်မှုနဲ့စစ်ဆေးမှုတွေလည်းပြုလုပ်ခဲ့တာပါ။

နေပြည်တော်ရှိပြည်ထောင်စုဝန်ကြီးဌာနများမှဝန်ထမ်းများအားလုံးကိုလည်ချောင်းနှင့်နှာချောင်းတို့ဖတ်ရယူကာကိုဗစ်ရောဂါပိုးရှိ၊မရှိစစ်ဆေးသွားမည်ဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။

‘‘နေပြည်တော်ကဝန်ထမ်းတွေ ကိုဗစ်စစ်ဖို့ပေါ့။ကျွန်တော်တို့အခုနေပြည်တော်ခုတင်တစ်ထောင်နဲ့နေပြည်တော်ပြည်သူ့ကျန်းမာရေးကသူတွေခွဲပြီးစစ်ရတာပေါ့နော်’’ဟု ၎င်းကပြောသည်။

စက်တင်ဘာ ၁၅ ရက်ကနိုင်ငံတော်သမ္မတရုံး၊နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအပါအဝင် လူဦးရေ ၃၀၀ ကျော်ကိုစတင်စစ်ဆေးပေးခဲ့ကြောင်းဒေါက်တာမြတ်ဝဏ္ဏစိုးကဆိုသည်။

‘‘ပြီးရင်နောက်ပိုင်းကျရင်ဝန်ကြီးဌာနအလိုက်၊အရာရှိတွေ၊ဝန်ထမ်းတွေစစ်ပေးသွားဖို့ရှိပါတယ်’’ဟု ၎င်းကပြောသည်။

ထိုသို့နေပြည်တော်မှဝန်ထမ်းများအားကိုဗစ်ရောဂါပိုးရှိ၊မရှိစစ်ဆေးပေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ရက်ကစတင်စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောသည်။

‘‘အဓိကကတော့ဝန်ထမ်းတွေမှာလည်းကူးစက်မှုများတာကိုး။ကျွန်တော်တို့ဖြစ်တာကလည်းတော်တော်များများကဝန်ထမ်းနဲ့ဝန်ထမ်းအချင်းချင်းများတယ်။အရပ်သားထဲကသိပ်မတွေ့ဘူး။အဲဒါကြောင့်ပါ’’ဟု ၎င်းကရှင်းပြသည်။

ထုတ်ပြန်ချက်အရ နေပြည်တော်တွင်အတည်ပြုလူနာရှစ်ဦးထပ်မံတိုးလာ၍ ၅၀ခန့်အထိရှိလာပြီဖြစ်သည်။

နေပြည်တော်တွင် အစိုးရဝန်ကြီးဌာန၂၄ ခုရှိသည်။လက်ရှိတွင်သမ္မတရုံးမှအရာရှိတစ်ဦး၊အတိုင်ပင်ခံရုံးဝန်ကြီးဌာနဒုဝန်ကြီး၏ကိုယ်ရေးအရာရှိ၊မေ့ဆေး၊အထူးကုဆရာဝန်များအပါအဝင်ဝန်ထမ်းအချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႏိုင္ငံဝန္ထမ္းဦးေရတစ္သန္းေက်ာ္ကို အစိုးရကက်ပ္ဘီလီယံ ၅၅၀ေက်ာ္ ေထာက္ပံ့မယ္

ြြျမန္မာတစ္ႏိုင္ငံလုံးကႏိုင္ငံဝန္ထမ္းဦးေရတစ္သန္းေက်ာ္ကိုအစိုးရကက်ပ္ဘီလီယံ ၅၅၀ေက်ာ္ကိုလာမယ့္ ေအာက္တိုဘာလ၁ရက္ကစၿပီး အတိုးမဲ့ထုတ္ေခ်းေပးမယ္လို႔သမၼတ႐ုံးေျပာေရးဆိုခြင့္႐ွိသူ ဦးေဇာ္ေဌးကသတင္းေထာက္ေတြကို ေျပာပါတယ္။

ကိုဗစ္ကာလမွာ ႏိုင္ငံဝန္ထမ္းေတြအဆင္ေျပေစဖို႔အတြက္ လစာႏွစ္လစာကိုအတိုးမဲ့ေခ်းေငြအျဖစ္ထုတ္ေပးမွာျဖစ္ၿပီး ထုတ္ေပးမယ့္ပမာဏဟာ က်ပ္ဘီလီယံ ၅၅၀ေက်ာ္႐ွိေနတာပါ။

ေခ်းေငြကိုေတာ့အၿမဲတမ္းႏိုင္ငံဝန္ထမ္းေတြကိုေခ်းေပးမွာျဖစ္ၿပီးဆိုင္းငံ့ကာလေျခာက္လ၊ျပန္ဆပ္ကာလတစ္ႏွစ္သတ္မွတ္ၿပီးအတိုးမဲ့ေခ်းေငြျဖစ္တယ္လို႔လည္း သိရပါတယ္။

ေခ်းေငြရယူဖို႔အက်ံဳးဝင္သူေတြမွာဘယ္သူေတြပါဝင္တယ္၊မပါဝင္ဘူးဆိုတာကေတာ့လာမယ့္ ေအာက္တိုဘာလ ၁ ရက္မွာထုတ္ေပးရင္သိရမယ္လို႔ဦးေဇာ္ေဌးက ဆိုပါတယ္။

ႏိုင္ငံဝန္ထမ္းေတြကိုေခ်းေငြထုတ္ေခ်းတာအျပင္ကိုဗစ္ကာလမွာပုံမွန္ဝင္ေငြမ႐ွိတဲ့အေျခခံလူတန္းစားေတြကိုကိုဗစ္ကာလေထာက္ပံ့ေၾကးအျဖစ္ဆန္၊ဆီ၊ပဲစတာေတြအျပင္တစ္အိမ္ေထာင္ကိုေငြက်ပ္ႏွစ္ေသာင္းေထာက္ပံ့တာေတြလည္း အစိုးရကျပဳလုပ္ေပးေနတာ႐ွိပါတယ္။

ဒီလိုေထာက္ပံ့တဲ့အခါဧၿပီလကေနစက္တင္ဘာလအထိအိမ္ေထာင္စုေပါင္း၅ဒႆမ၇သန္းကိုသုံးႀကိမ္ေထာက္ပံ့ခဲ့ရာမွာက်ပ္၄၀၀ဘီလီယံေက်ာ္ျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ကိုယ္ဝန္ေဆာင္မိခင္ေတြ၊သက္ႀကီး႐ြယ္အိုေတြ၊မသန္စြမ္းေတြကိုက်ပ္သုံးေသာင္းက်ပ္စီေထာက္ပံ့ေပးေနတာလည္း႐ွိပါတယ္။

ႏိုင္ငံဝန္ထမ္းေတြကိုေထာက္ပံ့မႈေတြျပဳလုပ္ေပးတဲ့အျပင္က်န္းမာေရးေစာင့္ေ႐ွာက္မႈနဲ႔စစ္ေဆးမႈေတြလည္းျပဳလုပ္ခဲ့တာပါ။

ေနျပည္ေတာ္႐ွိျပည္ေထာင္စုဝန္ႀကီးဌာနမ်ားမွဝန္ထမ္းမ်ားအားလုံးကိုလည္ေခ်ာင္းႏွင့္ႏွာေခ်ာင္းတို႔ဖတ္ရယူကာကိုဗစ္ေရာဂါပိုး႐ွိ၊မ႐ွိစစ္ေဆးသြားမည္ျဖစ္ေၾကာင္း ေနျပည္ေတာ္ျပည္သူ႕က်န္းမာေရးဦးစီးဌာနဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာသည္။

‘‘ေနျပည္ေတာ္ကဝန္ထမ္းေတြ ကိုဗစ္စစ္ဖို႔ေပါ့။ကြၽန္ေတာ္တို႔အခုေနျပည္ေတာ္ခုတင္တစ္ေထာင္နဲ႔ေနျပည္ေတာ္ျပည္သူ႕က်န္းမာေရးကသူေတြခြဲၿပီးစစ္ရတာေပါ့ေနာ္’’ဟု ၎ကေျပာသည္။

စက္တင္ဘာ ၁၅ ရက္ကႏိုင္ငံေတာ္သမၼတ႐ုံး၊ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာနႏွင့္က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနအပါအဝင္ လူဦးေရ ၃၀၀ ေက်ာ္ကိုစတင္စစ္ေဆးေပးခဲ့ေၾကာင္းေဒါက္တာျမတ္ဝဏၰစိုးကဆိုသည္။

‘‘ၿပီးရင္ေနာက္ပိုင္းက်ရင္ဝန္ႀကီးဌာနအလိုက္၊အရာ႐ွိေတြ၊ဝန္ထမ္းေတြစစ္ေပးသြားဖို႔႐ွိပါတယ္’’ဟု ၎ကေျပာသည္။

ထိုသို႔ေနျပည္ေတာ္မွဝန္ထမ္းမ်ားအားကိုဗစ္ေရာဂါပိုး႐ွိ၊မ႐ွိစစ္ေဆးေပးရန္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားျခင္းျဖစ္ၿပီး စက္တင္ဘာ ၁၅ရက္ကစတင္စစ္ေဆးေနျခင္းျဖစ္ေၾကာင္း ေဒါက္တာျမတ္ဝဏၰစိုးကေျပာသည္။

‘‘အဓိကကေတာ့ဝန္ထမ္းေတြမွာလည္းကူးစက္မႈမ်ားတာကိုး။ကြၽန္ေတာ္တို႔ျဖစ္တာကလည္းေတာ္ေတာ္မ်ားမ်ားကဝန္ထမ္းနဲ႔ဝန္ထမ္းအခ်င္းခ်င္းမ်ားတယ္။အရပ္သားထဲကသိပ္မေတြ႕ဘူး။အဲဒါေၾကာင့္ပါ’’ဟု ၎က႐ွင္းျပသည္။

ထုတ္ျပန္ခ်က္အရ ေနျပည္ေတာ္တြင္အတည္ျပဳလူနာ႐ွစ္ဦးထပ္မံတိုးလာ၍ ၅၀ခန္႔အထိ႐ွိလာၿပီျဖစ္သည္။

ေနျပည္ေတာ္တြင္ အစိုးရဝန္ႀကီးဌာန၂၄ ခု႐ွိသည္။လက္႐ွိတြင္သမၼတ႐ုံးမွအရာ႐ွိတစ္ဦး၊အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာနဒုဝန္ႀကီး၏ကိုယ္ေရးအရာ႐ွိ၊ေမ့ေဆး၊အထူးကုဆရာဝန္မ်ားအပါအဝင္ဝန္ထမ္းအခ်ိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service