ဧက ၁၀၀၀ ကျော်ရှိသည့် ထန်းတပင် စက်မှုဥယျာဉ်စီမံကိန်း၏ မြေယာလျော်ကြေးပုံစံကို လယ်သမားအများစု သဘောတူ - Property News in Myanmar from iMyanmarHouse.com
1247 Views

ဧက ၁၀၀၀ ကျော်ရှိသည့် ထန်းတပင် စက်မှုဥယျာဉ်စီမံကိန်း၏ မြေယာလျော်ကြေးပုံစံကို လယ်သမားအများစု သဘောတူ

[Unicode]

ဧက တစ်ထောင်ကျော်ရှိသည့် ထန်းတပင်စက်မှုဥယျာဉ် စီမံကိန်း၏ မြေယာလျော်ကြေးပုံစံကို လယ်သမား ၉၀ ရာခိုင်နှုန်း သဘောတူထားသည်ဟု လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။

ထိုစီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင်နိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံကသိရပြီး မြေယာလျော်ကြေးအစား မြေပိုင်ဆိုင်မှု ၂၀ ရာခိုင်နှုန်းကို စက်မူဇုန်မြေအဖြစ် ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်း တည်ဆောက်မည့် မြေနေရာသည် လယ်သမားအများစု ပိုင်ဆိုင်သည့် မြေတွေဖြစ်သည့် အတွက်ကြောင့် လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် ပြောင်းလဲပြီး မြေပိုင်ဆိုင်မှု၏ (၈၀) ရာခိုင်နှုန်းကိုကုမ္ပဏီကရယူပြီး ကျန် (၂၀) ရာခိုင်နှုန်းကို မြေပိုင် တောင်သူတွေရရှိမည်ဖြစ်သည်။

သို့သော်လည်း COVID-19ကြောင့် ထန်းတပင်စက်မူဇုန်စီမံကိန်းအကောင်အထည်ဖော်ရန် ရပ်ဆိုင်းနေရသည်ဟု ထန်းတပင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ ဦးနေမျိုးထွန်းကပြောသည်။ အဆိုပါစီမံကိန်းသည် မြေပြင်ညှိနှိုင်းမူများဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ပြည်ထောင်စုအဆင့်ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေစဉ် ယခုလို လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းဖြစ်သည်။

“ကိုဗစ်မဖြစ်ခင်ကတည်းက အောက်ခြေမှာ ညှိနှိုင်းလိုပြီးသွားပါပြီ အခုတော့ လုပ်ငန်းတွေရပ်ထားရတယ်၊ ပြည်ထောင်စုဘက်ကလည်း ခွင့်ပြုမယ်ပြောထားတာရှိတယ်။ အစကအဆင်ပြေလိုတောင် သဲတွေတောင်ဖို့နေပြီ”ဟု ဦးနေမျိုးထွန်းကပြောသည်။

အဆိုပါစီမံကိန်းအတွက်လယ်သမားများအတွက် လယ်မြေအစား စက်မူဇုန်မြေ ၂၀ ရာခိုင်နှုန်းပြန်ပေးသည့်စနစ်ကို အသုံးပြုခြင်းဖြစ်သည်။ ထိုစနစ်ကို လယ်သမားများကသဘောတူသည်ဟု ဦးနေမျိုးထွန်းကပြောသည်။ စီမံကိန်းအကောင်အထည်မဖော်ခင်ကာလအတွင်း လယ်မြေများအတွက် တစ်ဧကကို သီးနှံလျော်ကြေး ၅ သိန်းပေးသည်ဟုဆိုသည်။

ထန်းတပင် စက်မှုဥယျာဉ် စီမံကိန်းကို ဟောင်ကောင်၊ ထိုင်ဝမ် စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ Yangon Htantabin Technology Park Co., Ltd က အမေရိကန်ဒေါ်လာ သန်း (၅၀၀) ကျော် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်သည်။ ထိုစီမံကိန်းကို န်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် (၂၀၁၉) မှာ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့သည်။

ထိုစီမံကိန်းကို မြေဧက ၂,၃၀၀ ကျော် စတင်ရန် ၂၀၁၉တွက်မြေပြင်တိုင်းတာရေးများဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ပြင်ပ ၁၁ မြို့နယ် တွင် စက်မှုဇုန်များ အကောင်အထည်ဖော်ရန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကစီစဉ်နေခြင်းဖြစ်သည်။

ကုမ္ပဏီ၏ စီမံကိန်း အဆိုပြုလွှာတွင် လူဦးရေ တစ်သိန်းခွဲကို အလုပ်အကိုင်ဖန်တီပေးနိုင်ပြီး အထည်ချုပ်၊ ဖိနပ်ချုပ်ထုတ်ကုန်လုပ်ငန်းများ၊ စက်မှုနည်း ပညာထောက်ပံ့ရေးဇုန်၊ လူနေထိုင်မည့် အိမ်ရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဇုန်များ ပါဝင်သည်။

ထို့အပြင် ထန်းတပင်နှင့် မှော်ဘီမြို့နယ်ကို စည်းခြားထားသည့် ပန်းလှိုင်မြစ်ပေါ်တွင်လည်း တံတားတစ်စင်း တည်ဆောက်ရန် ပါဝင်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဧက ၁၀၀၀ ေက်ာ္႐ွိသည့္ ထန္းတပင္ စက္မႈဥယ်ာဥ္စီမံကိန္း၏ ေျမယာေလ်ာ္ေၾကးပုံစံကို လယ္သမားအမ်ားစု သေဘာတူ

ဧက တစ္ေထာင္ေက်ာ္႐ွိသည့္ ထန္းတပင္စက္မႈဥယ်ာဥ္ စီမံကိန္း၏ ေျမယာေလ်ာ္ေၾကးပုံစံကို လယ္သမား ၉၀ ရာခိုင္ႏႈန္း သေဘာတူထားသည္ဟု လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကေျပာသည္။

ထိုစီမံကိန္းကို ယခုႏွစ္ကုန္ပိုင္းတြင္ စတင္ႏိုင္ရန္ စီစဥ္ေနေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီထံကသိရၿပီး ေျမယာေလ်ာ္ေၾကးအစား ေျမပိုင္ဆိုင္မႈ ၂၀ ရာခိုင္ႏႈန္းကို စက္မူဇုန္ေျမအျဖစ္ ျပန္လည္ေပးအပ္ျခင္းျဖစ္သည္။

အဆိုပါ စီမံကိန္းတည္ေဆာက္မည့္ ေျမေနရာသည္ လယ္သမားအမ်ားစု ပိုင္ဆိုင္သည့္ ေျမေတြျဖစ္သည့္ အတြက္ေၾကာင့္ လယ္ယာေျမကို အျခားနည္းသုံးစြဲခြင့္ ေျပာင္းလဲၿပီး ေျမပိုင္ဆိုင္မႈ၏ (၈၀) ရာခိုင္ႏႈန္းကိုကုမၸဏီကရယူၿပီး က်န္ (၂၀) ရာခိုင္ႏႈန္းကို ေျမပိုင္ေတာင္သူေတြရ႐ွိမည္ျဖစ္သည္။

သို႔ေသာ္လည္း COVID-19ေၾကာင့္ ထန္းတပင္စက္မူဇုန္စီမံကိန္းအေကာင္အထည္ေဖာ္ရန္ ရပ္ဆိုင္းေနရသည္ဟု ထန္းတပင္ၿမိဳ႕နယ္ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္၊ ဦးေနမ်ိဳးထြန္းကေျပာသည္။ အဆိုပါစီမံကိန္းသည္ ေျမျပင္ညႇိႏိႈင္းမူမ်ားေဆာင္႐ြက္ၿပီးစီးသြားၿပီျဖစ္၍ ျပည္ေထာင္စုအဆင့္ခြင့္ျပဳခ်က္ရ႐ွိရန္ ေစာင့္ဆိုင္းေနစဥ္ ယခုလို လုပ္ငန္းမ်ား ရပ္ဆိုင္းထားရျခင္းျဖစ္သည္။

“ကိုဗစ္မျဖစ္ခင္ကတည္းက ေအာက္ေျခမွာ ညႇိႏိႈင္းလိုၿပီးသြားပါၿပီ အခုေတာ့ လုပ္ငန္းေတြရပ္ထားရတယ္၊ ျပည္ေထာင္စုဘက္ကလည္း ခြင့္ျပဳမယ္ေျပာထားတာ႐ွိတယ္။ အစကအဆင္ေျပလိုေတာင္ သဲေတြေတာင္ဖို႔ေနၿပီ”ဟု ဦးေနမ်ိဳးထြန္းကေျပာသည္။

အဆိုပါစီမံကိန္းအတြက္လယ္သမားမ်ားအတြက္ လယ္ေျမအစား စက္မူဇုန္ေျမ ၂၀ ရာခိုင္ႏႈန္းျပန္ေပးသည့္စနစ္ကို အသုံးျပဳျခင္းျဖစ္သည္။ ထိုစနစ္ကို လယ္သမားမ်ားကသေဘာတူသည္ဟု ဦးေနမ်ိဳးထြန္းကေျပာသည္။ စီမံကိန္းအေကာင္အထည္မေဖာ္ခင္ကာလအတြင္း လယ္ေျမမ်ားအတြက္ တစ္ဧကကို သီးႏွံေလ်ာ္ေၾကး ၅ သိန္းေပးသည္ဟုဆိုသည္။

ထန္းတပင္ စက္မႈဥယ်ာဥ္ စီမံကိန္းကို ေဟာင္ေကာင္၊ ထိုင္ဝမ္ စီးပြားေရးလုပ္ငန္းစုျဖစ္တဲ့ Yangon Htantabin Technology Park Co., Ltd က အေမရိကန္ေဒၚလာ သန္း (၅၀၀) ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံသြားမွာ ျဖစ္သည္။ ထိုစီမံကိန္းကို န္ကုန္ရင္းႏွီးျမႇဳပ္ႏွံမႈဖိုရမ္ (၂၀၁၉) မွာ နားလည္မႈစာခြၽန္လႊာ (MOU) ေရးထိုးခဲ့သည္။

ထိုစီမံကိန္းကို ေျမဧက ၂,၃၀၀ ေက်ာ္ စတင္ရန္ ၂၀၁၉တြက္ေျမျပင္တိုင္းတာေရးမ်ားေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။ ရန္ကုန္ျပင္ပ ၁၁ ၿမိဳ႕နယ္ တြင္ စက္မႈဇုန္မ်ား အေကာင္အထည္ေဖာ္ရန္ တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကစီစဥ္ေနျခင္းျဖစ္သည္။

ကုမၸဏီ၏ စီမံကိန္း အဆိုျပဳလႊာတြင္ လူဦးေရ တစ္သိန္းခြဲကို အလုပ္အကိုင္ဖန္တီေပးႏိုင္ျပီး အထည္ခ်ဳပ္၊ ဖိနပ္ခ်ဳပ္ထုတ္ကုန္လုပ္ငန္းမ်ား၊ စက္မႈနည္း ပညာေထာက္ပံ့ေရးဇုန္၊ လူေနထိုင္မည့္ အိမ္ရာမ်ား၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဇုန္မ်ား ပါဝင္သည္။

ထို႔အျပင္ ထန္းတပင္ႏွင့္ ေမွာ္ဘီၿမိဳ႕နယ္ကို စည္းျခားထားသည့္ ပန္းလိႈင္ျမစ္ေပၚတြင္လည္း တံတားတစ္စင္း တည္ေဆာက္ရန္ ပါဝင္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service