သိမ်းဆည်းခံ မြေယာများအတွက် ဘဏ္ဍာနှစ် ၂ နှစ်စာ မြေယာလျှော်ကြေး ကျပ် ၇ ဘီလီယံကျော်ပေးမည် - Property News in Myanmar from iMyanmarHouse.com
2034 Views

သိမ်းဆည်းခံ မြေယာများအတွက် ဘဏ္ဍာနှစ် ၂ နှစ်စာ မြေယာလျှော်ကြေး ကျပ် ၇ ဘီလီယံကျော်ပေးမည်

[Unicode]

ဘဏ္ဍာရေးနှစ် နှစ်ခုစာအတွက် မြေယာလျှော်ကြေးပေးရန် ကျပ် ၇ ဘီလီယံကျော်ကို ခွင့်ပြုထားသည်ဟု ဗဟိုလယ်ယာမြေစီမံခန့်ခွဲမူအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။

ယခုဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ နှင့် လာမည့် ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ နှစ်ခုပေါင်းအတွက် ခွင့်ပြုခြင်းဖြစ်ကြောင်း ဗဟိုလယ်ယာမြေအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်တွင်အွန်းလိုင်းစနစ်ဖြင့်ကျင်းပရာတွင် ဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုစက်တင်ဘာလတွင်ကုန်ဆုံးတော့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မြေယာလျော်ကြေး ကျပ် ၂ ဒသမ ၆ ဘီလီယံနှင့်လာမည့် ဘဏ္ဍာနှစ် ၂၀၂၀-၂၁ အတွက် မြေယာလျှော်ကြေး ကျပ် ၄ ဘီလီယံခွဲကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။

ထိုငွေကြေးများသည် နေပြည်တော်အပါအဝင်တိုင်းဒေသကြီး/ပြည်နယ်များ၏ လယ်ယာမြေစီမံခန့်မူအဖွဲ့များက တင်ပြလာသည့် နစ်နာကြေးနှင့်မြေယာလျော်ပေးလျှော်ရန်အတွက်ဖြစ်သည်။

“မြေယာလျော်ကြေး၊နစ်နာကြေး လျင်မြန်အောင်ထုတ်ပေးနိုင်ခြင်းက ပိုင်ရှင်များအတွက် ဥပဒေအရ ပေးအပ်ထားတဲ့ ရပိုင်ခွင့်များ နှောင့်နှေးမူမရှိဘဲ ခံစားရမည်ဖြစ်တယ်သလို တဖက်တွင်လည်း နိုင်ငံတော်ရဲ့ရင်းနှီးမြှပ်နှံမှုဆိုင်ရာကိစ္စတွေ၊ ဒေသတွင်းဖွံဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းတွေ ကြန့်ကြာမူမရှိဘဲ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ယခုလို့ ကိုဗစ်-၁၉ ကာလအတွင်း စီစစ်ဆောင်ရွက် ပေးရခြင်းဖြစ်တယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူကပြောသည်။

ထိုပြင်ဝန်ကြီး ယခုလျော်ကြေးငွေများသည် နိုင်ငံသားများနှင့်သက်ဆိုင်သော ငွေများဖြစ်၍ လျော်ကြေးပမာဏကို ထိုက်သင့်သည့်ထက် ပိုမိုမူမရှိစေရန် စီစစ်ပေးရန်လိုသည်ဟုလည်းဆိုသည်။

ရန်ကုန်တိုင်းတစ်ခုတည်းတွင် သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများအတွက် လျော်ကြေး ကျပ်ဘီလျံ ၂၀၀ ပေးရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လစဉ်သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၉ဩဂုတ်လပြောကြားခဲ့သည်။ ထိုလျော်ကြေးသည့် လယ်ဧကစုစုပေါင်းသည် ၂၄၀၀၀ကျော်တွက်ဖြစ်သည်ဟု ဝန်ကြီးချုပ်ကဆိုသည်။

ရန်ကုန်တိုင်းရှိ သိမ်းဆည်းခံမြေများကို ယခုနှစ်အတွင်း လျော်ကြေးကျေပေးရန်လိုအပ်သည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ၂၀၂၀ ဇန်နဝါရီလတွင်ပြောကြားခဲ့သည်။

ပြည်ထောင်စုတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများ၏သိမ်းဆည်းခံရသည့်လယ်ယာခြံမြေများအပေါ် နိုင်ငံတော်၏မူဝါဒနှင့် အညီ ပြန်လည် စွန့်လွှတ်ပေးကြရန်၊ စွန့်လွှတ်ရန်မဖြစ်နိုင်သည့် သိမ်းဆည်းခံလယ်ယာခြံမြေများအတွက် လျော်ကြေး၊ နစ်နာကြေး ပေးကြရန်၊ စွန့်လွှတ်မြေများကို အမြန်ဆုံးပြန်လည်အပ်နှံပေးနိုင်ရေး၊ အမည်ပေါက် ရရှိစေရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရန်၊ ပြန်လည် စွန့်လွှတ်မြေများအား မသက်ဆိုင်သူ လက်ဝယ်သို့ရောက်ရှိခြင်းမရှိစေဘဲ သက်ဆိုင်သူ တောင်သူများထံသို့သာ အမြန်ဆုံးရောက်ရှိစေရေး စိစစ်ပေးကြရန်၊ စွန့်လွှတ်မြေများ ပေါ်တွင် ကျူးကျော်များဝင်ရောက်နေမှုအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှင်းလင်းပေးကြရန်၊ နိုင်ငံတော်နှင့်အများပြည်သူအကျိုးအတွက် သိမ်းဆည်း မြေများကို နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီမှန်ကန်စွာ စီမံခန့်ခွဲပေးကြရန် နိုင်ငံတော်သမ္မတ ၂၀၁၈ တွင် တိုက်တွန်းထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

သိမ္းဆည္းခံ ေျမယာမ်ားအတြက္ ဘ႑ာႏွစ္ ၂ ႏွစ္စာ ေျမယာေလွ်ာ္ေၾကး က်ပ္ ၇ ဘီလီယံေက်ာ္ေပးမည္

ဘ႑ာေရးႏွစ္ ႏွစ္ခုစာအတြက္ ေျမယာေလွ်ာ္ေၾကးေပးရန္ က်ပ္ ၇ ဘီလီယံေက်ာ္ကို ခြင့္ျပဳထားသည္ဟု ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမူအဖြဲ႕ဥကၠဌ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူက ေျပာသည္။

ယခုဘ႑ာႏွစ္ ၂၀၁၉-၂၀၂၀ ႏွင့္ လာမည့္ ဘ႑ာႏွစ္ ၂၀၂၀-၂၀၂၁ ႏွစ္ခုေပါင္းအတြက္ ခြင့္ျပဳျခင္းျဖစ္ေၾကာင္း ဗဟိုလယ္ယာေျမအဖြဲ႕၏ လုပ္ငန္းညႇိႏိႈင္းအစည္းအေဝးကို စက္တင္ဘာ ၁၇ ရက္တြင္အြန္းလိုင္းစနစ္ျဖင့္က်င္းပရာတြင္ ဝန္ႀကီးကေျပာၾကားခဲ့ျခင္းျဖစ္သည္။

ယခုစက္တင္ဘာလတြင္ကုန္ဆုံးေတာ့ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ ေျမယာေလ်ာ္ေၾကး က်ပ္ ၂ ဒသမ ၆ ဘီလီယံႏွင့္လာမည့္ ဘ႑ာႏွစ္ ၂၀၂၀-၂၁ အတြက္ ေျမယာေလွ်ာ္ေၾကး က်ပ္ ၄ ဘီလီယံခြဲကို ခြင့္ျပဳေပးထားျခင္းျဖစ္သည္။

ထိုေငြေၾကးမ်ားသည္ ေနျပည္ေတာ္အပါအဝင္တိုင္းေဒသႀကီး/ျပည္နယ္မ်ား၏ လယ္ယာေျမစီမံခန္႔မူအဖြဲ႕မ်ားက တင္ျပလာသည့္ နစ္နာေၾကးႏွင့္ေျမယာေလ်ာ္ေပးေလွ်ာ္ရန္အတြက္ျဖစ္သည္။

“ေျမယာေလ်ာ္ေၾကး၊နစ္နာေၾကး လ်င္ျမန္ေအာင္ထုတ္ေပးႏိုင္ျခင္းက ပိုင္႐ွင္မ်ားအတြက္ ဥပေဒအရ ေပးအပ္ထားတဲ့ ရပိုင္ခြင့္မ်ား ေႏွာင့္ေႏွးမူမ႐ွိဘဲ ခံစားရမည္ျဖစ္တယ္သလို တဖက္တြင္လည္း ႏိုင္ငံေတာ္ရဲ႕ရင္းႏွီးျမႇပ္ႏွံမႈဆိုင္ရာကိစၥေတြ၊ ေဒသတြင္းဖြံၿဖိဳးေရးဆိုင္ရာ စီမံကိန္းလုပ္ငန္းေတြ ၾကန္႔ၾကာမူမ႐ွိဘဲ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မွာျဖစ္တဲ့အတြက္ ယခုလို႔ ကိုဗစ္-၁၉ ကာလအတြင္း စီစစ္ေဆာင္႐ြက္ ေပးရျခင္းျဖစ္တယ္”ဟု ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူကေျပာသည္။

ထိုျပင္ဝန္ႀကီး ယခုေလ်ာ္ေၾကးေငြမ်ားသည္ ႏိုင္ငံသားမ်ားႏွင့္သက္ဆိုင္ေသာ ေငြမ်ားျဖစ္၍ ေလ်ာ္ေၾကးပမာဏကို ထိုက္သင့္သည့္ထက္ ပိုမိုမူမ႐ွိေစရန္ စီစစ္ေပးရန္လိုသည္ဟုလည္းဆိုသည္။

ရန္ကုန္တိုင္းတစ္ခုတည္းတြင္ သိမ္းဆည္းခံခဲ့ရသည့္ လယ္ယာေျမမ်ားအတြက္ ေလ်ာ္ေၾကး က်ပ္ဘီလ်ံ ၂၀၀ ေပးရမည္ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၌ ျပဳလုပ္သည့္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕၏ လစဥ္သတင္းစာ႐ွင္းလင္းပြဲတြင္ ၂၀၁၉ဩဂုတ္လေျပာၾကားခဲ့သည္။ ထိုေလ်ာ္ေၾကးသည့္ လယ္ဧကစုစုေပါင္းသည္ ၂၄၀၀၀ေက်ာ္တြက္ျဖစ္သည္ဟု ဝန္ႀကီးခ်ဳပ္ကဆိုသည္။

ရန္ကုန္တိုင္း႐ွိ သိမ္းဆည္းခံေျမမ်ားကို ယခုႏွစ္အတြင္း ေလ်ာ္ေၾကးေက်ေပးရန္လိုအပ္သည္ဟု ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္က ၂၀၂၀ ဇန္နဝါရီလတြင္ေျပာၾကားခဲ့သည္။

ျပည္ေထာင္စုတစ္ဝန္းလုံး႐ွိ ေတာင္သူလယ္သမားမ်ား၏သိမ္းဆည္းခံရသည့္လယ္ယာျခံေျမမ်ားအေပၚ ႏိုင္ငံေတာ္၏မူဝါဒႏွင့္ အညီ ျပန္လည္ စြန္႔လႊတ္ေပးၾကရန္၊ စြန္႔လႊတ္ရန္မျဖစ္ႏိုင္သည့္ သိမ္းဆည္းခံလယ္ယာျခံေျမမ်ားအတြက္ ေလ်ာ္ေၾကး၊ နစ္နာေၾကး ေပးၾကရန္၊ စြန္႔လႊတ္ေျမမ်ားကို အျမန္ဆုံးျပန္လည္အပ္ႏွံေပးႏိုင္ေရး၊ အမည္ေပါက္ ရ႐ွိေစေရးတို႔ကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ေပးၾကရန္၊ ျပန္လည္ စြန္႔လႊတ္ေျမမ်ားအား မသက္ဆိုင္သူ လက္ဝယ္သို႔ေရာက္႐ွိျခင္းမ႐ွိေစဘဲ သက္ဆိုင္သူ ေတာင္သူမ်ားထံသို႔သာ အျမန္ဆုံးေရာက္႐ွိေစေရး စိစစ္ေပးၾကရန္၊ စြန္႔လႊတ္ေျမမ်ား ေပၚတြင္ က်ဴးေက်ာ္မ်ားဝင္ေရာက္ေနမႈအား ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ႐ွင္းလင္းေပးၾကရန္၊ ႏိုင္ငံေတာ္ႏွင့္အမ်ားျပည္သူအက်ိဳးအတြက္ သိမ္းဆည္း ေျမမ်ားကို ႏိုင္ငံေတာ္ကခ်မွတ္ထားသည့္ မူဝါဒ၊ လုပ္ငန္းစဥ္မ်ားႏွင့္အညီမွန္ကန္စြာ စီမံခန္႔ခြဲေပးၾကရန္ ႏိုင္ငံေတာ္သမၼတ ၂၀၁၈ တြင္ တိုက္တြန္းထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service