ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက်မြေဧက ၆၀၀ အသုံးပြုမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
2402 Views

ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက်မြေဧက ၆၀၀ အသုံးပြုမည်ဟုဆို

[Unicode]

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၏ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြေဧက ၆၀၀ အသုံးပြုမည်ဟု ဟုကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်မူကော်မတီ အတွင်းရေးမှုးဦးရီဝင်းကပြောသည်။

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပသည့် “အထူးစီးပွားရေးဇုန်များနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု” (Special Economic Zones and Economic Development) ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးမှုတွင် ဦးရီဝင်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ် CITIC ကုမ္ပဏီက ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းနှင့် စက်မူဇုန်ကို လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ ရေနက်ဆိပ်ကမ်းတွင် မဒေးကျွန်းတွင် မီတာ ၂၅၀၀ အကျယ်နှင့် အနံ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင် အကျယ်မီတာ ၁၅၀၀ နှင့် အနံ ၆၀၀ ရှိသည် ဆိပ်ကမ်းတည်ဆောက်မည်ဖြစ်သည်။ စုစုပေါင်းမြေဧက ၆၀၀ အသုံးပြုမည်ဖြစ်သည်ဟု ဦးရီဝင်းကဆိုသည်။

ထိုမြေဧက ၆၀၀ တွင် လယ်မြေ၊ ဥယျာဉ်မြေနှင့်အခြားမြေများ စုစုပေါင်း ဧက ၁၀၀ကျော်ပါဝင်သည်ဟုဆိုသည်။ ကျန်ဧရိယာများမှ ပင်လယ်ပြင်တွင်ဖြစ်သည်ဟုဆိုသည်။

သဘောတူညီမှုလေးချက်အစား ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအတွက် သဘောတူညီမူနှစ်ခုလက်မှတ်ရေးထိုးရမည်ဖြစ်သည်။ ၎င်းတို့အနက် ရှယ်ယာခွဲဝေမူ သဘောတူညီမူကို လက်မှတ်ရေးထိုးပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။ သို့သော်လည်း တည်ဆောက်လုပ်ငန်းများ အတွက် သဘောတူညီမှုအတွက်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဘဲ ညှိနှိုင်းဆဲ အဆင့်သာ ဖြစ်သည်ဟု ၎င်းကဆိုသည်။ ထိုအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမူများအတွက် စစ်တမ်းများ ကောက်ယူနေ သည်ဟု ၎င်းကဆို သည်။

“စီမံကိန်းဖြစ်နိုင်နေ စစ်တမ်းတွေ မရှိသေးဘဲ လုပ်လို့မရပါဘူး၊ အဲ့အပေါ်တွေမှာ မူတည်ပြီး ပြောင်းလဲနိုင်သေးတယ်။ စီမံကိန်းအရွယ်အစားကော၊ ကုန်ကျစရိတ်များကြီးဖြစ်သေးတာကော။ စစ်တန်းတွေလုပ်ဖို့ ၁၅လလောက်အချိန်ယူရဦးမယ်။ ထွက်လာမှ သေချာပြန်သုံးသပ်ရဦးမယ်”ဟု ဦးရီဝင်းကပြောသည်။

ထိုကျောက်ဖြူစီမံကိန်းနှင့် ချိတ်ဆက်ရန် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် Y- ပြောင်းပြန် စီမံကိန်းကွင်းဆက်ကို အကောင်အထည်ဖော်မည်ဟုမှန်းဆထားကြောင်း ဦးရီဝင်းကဆိုသည်။ မူဆယ်မှ နေပြည်တော်အထိ လမ်းကြောင်းရှိပြီး နေပြည်တော်မှ ကျောက်ဖြူနှင့် ရန်ကုန်ကို လမ်းကြောင်းခွဲသွားမည်ဟုဆိုသည်။

ကျောက်ဖြူအထူးစီးပွားဇုန်အကောင်အထည်ဖော်ရန် တရုတ်ကုမ္ပဏီ CITIC က ၂၀၁၅ တွင် တင်ဒါအောင်မြင်ခဲ့ပြီး ရှယ်ယာသဘောတူညီမူစာချုပ်ကို ၂၀၁၈ တွင် လက်မှတ်ရေးထိုးထားသည်။ ထိုသို့သဘောတူညီရန် မြန် မာအစိုးရနှင့် တရုတ်ကုမ္ပဏီကြား အချိန် ၂ နှစ်ခွဲကြာ ညှိနှိုင်းခဲ့ရသည်။ ထို့နောက် မြန်မာက အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီက ရှယ်ယာ ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းအတြက္ေျမဧက ၆၀၀ အသုံးျပဳမည္ဟုဆို

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံကိန္း၏ ေရနက္ဆိပ္ကမ္းစီမံကိန္းအတြက္ ေျမဧက ၆၀၀ အသုံးျပဳမည္ဟု ဟုေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံခန္႔မူေကာ္မတီ အတြင္းေရးမႈးဦးရီဝင္းကေျပာသည္။

သႏၶိအုပ္ခ်ဳပ္စီမံမႈအဖြဲ႕က စက္တင္ဘာ ၁၇ ရက္တြင္ က်င္းပသည့္ “အထူးစီးပြားေရးဇုန္မ်ားႏွင့္ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္မႈ” (Special Economic Zones and Economic Development) ေခါင္းစဥ္ျဖင့္ စကားဝိုင္းေဆြးေႏြးမႈတြင္ ဦးရီဝင္းကထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

တ႐ုတ္ CITIC ကုမၸဏီက ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္တြင္ ေရနက္ဆိပ္ကမ္းႏွင့္ စက္မူဇုန္ကို လုပ္ကိုင္ခြင့္ရမည္ျဖစ္သည္။ ေရနက္ဆိပ္ကမ္းတြင္ မေဒးကြၽန္းတြင္ မီတာ ၂၅၀၀ အက်ယ္ႏွင့္ အနံ ၆၀၀ ႐ွိသည့္ ဆိပ္ကမ္းႏွင့္ ရမ္းၿဗဲကြၽန္းတြင္ အက်ယ္မီတာ ၁၅၀၀ ႏွင့္ အနံ ၆၀၀ ႐ွိသည္ ဆိပ္ကမ္းတည္ေဆာက္မည္ျဖစ္သည္။ စုစုေပါင္းေျမဧက ၆၀၀ အသုံးျပဳမည္ျဖစ္သည္ဟု ဦးရီဝင္းကဆိုသည္။

ထိုေျမဧက ၆၀၀ တြင္ လယ္ေျမ၊ ဥယ်ာဥ္ေျမႏွင့္အျခားေျမမ်ား စုစုေပါင္း ဧက ၁၀၀ေက်ာ္ပါဝင္သည္ဟုဆိုသည္။ က်န္ဧရိယာမ်ားမွ ပင္လယ္ျပင္တြင္ျဖစ္သည္ဟုဆိုသည္။

သေဘာတူညီမႈေလးခ်က္အစား ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ အေကာင္အထည္ေဖာ္ေရးအတြက္ သေဘာတူညီမူႏွစ္ခုလက္မွတ္ေရးထိုးရမည္ျဖစ္သည္။ ၎တို႔အနက္ ႐ွယ္ယာခြဲေဝမူ သေဘာတူညီမူကို လက္မွတ္ေရးထိုးၿပီးျဖစ္သည္ဟု ၎ကဆိုသည္။ သို႔ေသာ္လည္း တည္ေဆာက္လုပ္ငန္းမ်ား အတြက္ သေဘာတူညီမႈအတြက္လက္မွတ္ေရးထိုးႏိုင္ျခင္းမ႐ွိေသးဘဲ ညႇိႏိႈင္းဆဲ အဆင့္သာ ျဖစ္သည္ဟု ၎ကဆိုသည္။ ထိုအတြက္ သဘာဝပတ္ဝန္းက်င္ ထိခိုက္နစ္နာမူမ်ားအတြက္ စစ္တမ္းမ်ား ေကာက္ယူေန သည္ဟု ၎ကဆို သည္။

“စီမံကိန္းျဖစ္ႏိုင္ေန စစ္တမ္းေတြ မ႐ွိေသးဘဲ လုပ္လို႔မရပါဘူး၊ အဲ့အေပၚေတြမွာ မူတည္ၿပီး ေျပာင္းလဲႏိုင္ေသးတယ္။ စီမံကိန္းအ႐ြယ္အစားေကာ၊ ကုန္က်စရိတ္မ်ားႀကီးျဖစ္ေသးတာေကာ။ စစ္တန္းေတြလုပ္ဖို႔ ၁၅လေလာက္အခ်ိန္ယူရဦးမယ္။ ထြက္လာမွ ေသခ်ာျပန္သုံးသပ္ရဦးမယ္”ဟု ဦးရီဝင္းကေျပာသည္။

ထိုေက်ာက္ျဖဴစီမံကိန္းႏွင့္ ခ်ိတ္ဆက္ရန္ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံတြင္ Y- ေျပာင္းျပန္ စီမံကိန္းကြင္းဆက္ကို အေကာင္အထည္ေဖာ္မည္ဟုမွန္းဆထားေၾကာင္း ဦးရီဝင္းကဆိုသည္။ မူဆယ္မွ ေနျပည္ေတာ္အထိ လမ္းေၾကာင္း႐ွိၿပီး ေနျပည္ေတာ္မွ ေက်ာက္ျဖဴႏွင့္ ရန္ကုန္ကို လမ္းေၾကာင္းခြဲသြားမည္ဟုဆိုသည္။

ေက်ာက္ျဖဴအထူးစီးပြားဇုန္အေကာင္အထည္ေဖာ္ရန္ တ႐ုတ္ကုမၸဏီ CITIC က ၂၀၁၅ တြင္ တင္ဒါေအာင္ျမင္ခဲ့ၿပီး ႐ွယ္ယာသေဘာတူညီမူစာခ်ဳပ္ကို ၂၀၁၈ တြင္ လက္မွတ္ေရးထိုးထားသည္။ ထိုသို႔သေဘာတူညီရန္ ျမန္ မာအစိုးရႏွင့္ တ႐ုတ္ကုမၸဏီၾကား အခ်ိန္ ၂ ႏွစ္ခြဲၾကာ ညႇိႏိႈင္းခဲ့ရသည္။ ထို႔ေနာက္ ျမန္မာက အစု႐ွယ္ယာ ၃၀ ရာခိုင္ႏႈန္းႏွင့္ တ႐ုတ္ကုမၸဏီက ႐ွယ္ယာ ၇၀ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service