ဂျပန်နိုင်ငံ JICA မှ ချေးငွေဖြင့် စုစုပေါင်းအိမ်ရာဝယ်ယူလိုသူ ၅၀၄၁ ဦးကို ငွေချေးပေးနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
891 Views

ဂျပန်နိုင်ငံ JICA မှ ချေးငွေဖြင့် စုစုပေါင်းအိမ်ရာဝယ်ယူလိုသူ ၅၀၄၁ ဦးကို ငွေချေးပေးနိုင်ခဲ့

[Unicode]

ဂျပန်နိုင်ငံ JICA မှ ချေးငွေဖြင့် စုစုပေါင်းအိမ်ရာဝယ်ယူလိုသူ ၅၀၄၁ ဦးကို ငွေချေးပေးနိုင်ခဲ့ကြောင်း စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေးလမ်းရှိ CHID Bank (ရုံးချုပ်)၌ ပြုလုပ်သော ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုး ရေးဘဏ် အထူးအထွေထွေအစည်းအဝေးနှင့် သတ္တမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေး၌ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်နာယက၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ဝင်ငွေနည်းပြည်သူများအတွက် နှစ်ရှည်အိမ်ရာ ချေးငွေများကို ၂၀၁၆ ခုနှစ်မှစတင်ထုတ်ချေး ပေးလျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အိမ်ရာချေးငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဂျပန်နိုင်ငံ JICA မှ နှစ်ရှည်အတိုးနှုန်းသက်သာ သော ODA Two Step Loan ဖြင့် ကာလရှည်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ODA Two Step Loan ဖြင့် ဇူလိုင်လကုန်အထိ အိမ်ရာဝယ်ယူလိုသူ ၁၈၆၈ ဦးအပါအဝင် စုစုပေါင်း အိမ်ရာဝယ်ယူလိုသူ ၅၀၄၁ ဦးကို ငွေချေးပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။

အိမ်ရာချေးငွေယူထားသူများအား ကိုဗစ်ကာလတွင် ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီ အတိုးနှုန်းသက်သာခွင့်များပေးခဲ့ရာ ဘဏ်၏ ငွေရင်းနှင့် ထုတ်ချေးသူများ၏ အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ JICA နှစ်ဆင့်ချေးငွေနှင့် ထုတ်ချေးသူများ ၏ အတိုးနှုန်းကို ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ဒသမ ၅ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကိုဗစ် ၁၉ ကာလတွင် ဝင်ငွေထိခိုက်ကြသဖြင့် အဆိုပါအိမ်ရာချေးငွေယူထားသူများအား အရင်းငွေကိုဆိုင်းငံ့၍ အတိုးငွေ ကိုသာ ယခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများအတွက်စိစစ်၍ ခွင့်ပြုပေးခြင်းအပြင် လစဉ်ပေးဆပ်ငွေကိုလည်း သတ်မှတ်နောက်ဆုံးရက်ကို ၅ ရက်မှ ၁၅ ရက်သို့ နောက်ကျကြေးမကောက်ခံဘဲ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း Commercial Loan ၊ Construction Loan များကို ချေး ငွေကိုပမာဏတိုးမြှင့်ပေးခြင်းနှင့် အသစ်ခွင့်ပြုပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ပြောထားကြောင်း နိုင်ငံပိုင်သတင်းစာအရ သိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဂ်ပန္နိုင္ငံ JICA မွ ေခ်းေငြျဖင့္ စုစုေပါင္းအိမ္ရာဝယ္ယူလိုသူ ၅၀၄၁ ဦးကို ေငြေခ်းေပးနိုင္ခဲ့

ဂ်ပန္နိုင္ငံ JICA မွ ေခ်းေငြျဖင့္ စုစုေပါင္းအိမ္ရာဝယ္ယူလိုသူ ၅၀၄၁ ဦးကို ေငြေခ်းေပးနိုင္ခဲ့ေၾကာင္း စက္တင္ဘာ ၅ ရက္က ရန္ကုန္ၿမိဳ႕ ဒဂုံၿမိဳ႕နယ္ နဝေဒးလမ္းရွိ CHID Bank (႐ုံးခ်ဳပ္)၌ ျပဳလုပ္ေသာ ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳး ေရးဘဏ္ အထူးအေထြေထြအစည္းအေဝးႏွင့္ သတၱမအႀကိမ္ ႏွစ္ပတ္လည္ အေထြေထြအစည္းအေဝး၌ ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္အေျခခံ အေဆာက္အအုံဖြံ႕ၿဖိဳးေရးဘဏ္နာယက၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျပည္ေထာင္စုဝန္ႀကီးက ဝင္ေငြနည္းျပည္သူမ်ားအတြက္္ ႏွစ္ရွည္အိမ္ရာ ေခ်းေငြမ်ားကို ၂၀၁၆ ခုႏွစ္မွစတင္ထုတ္ေခ်း ေပးလ်က္ရွိၿပီး ၂၀၁၈ ခုႏွစ္တြင္ ျမန္မာနိုင္ငံ၏ အိမ္ရာေခ်းေငြက႑ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ဂ်ပန္နိုင္ငံ JICA မွ ႏွစ္ရွည္အတိုးႏႈန္းသက္သာ ေသာ ODA Two Step Loan ျဖင့္ ကာလရွည္ေခ်းေငြမ်ား ထုတ္ေခ်းေပးလ်က္ရွိရာ ODA Two Step Loan ျဖင့္ ဇူလိုင္လကုန္အထိ အိမ္ရာဝယ္ယူလိုသူ ၁၈၆၈ ဦးအပါအဝင္ စုစုေပါင္း အိမ္ရာဝယ္ယူလိုသူ ၅၀၄၁ ဦးကို ေငြေခ်းေပးနိုင္ခဲ့ေၾကာင္း ေျပာၾကားသည္။

အိမ္ရာေခ်းေငြယူထားသူမ်ားအား ကိုဗစ္ကာလတြင္ ဗဟိုဘဏ္၏ ညႊန္ၾကားခ်က္ႏွင့္အညီ အတိုးႏႈန္းသက္သာခြင့္မ်ားေပးခဲ့ရာ ဘဏ္၏ ေငြရင္းႏွင့္ ထုတ္ေခ်းသူမ်ား၏ အတိုးႏႈန္းကို ၁၃ ရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္းသို႔လည္းေကာင္း၊ JICA ႏွစ္ဆင့္ေခ်းေငြႏွင့္ ထုတ္ေခ်းသူမ်ား ၏ အတိုးႏႈန္းကို ၈ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၅ ဒသမ ၅ ရာခိုင္ႏႈန္းသို႔လည္းေကာင္း ေလၽွာ့ခ်ေပးခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ ကိုဗစ္ ၁၉ ကာလတြင္ ဝင္ေငြထိခိုက္ၾကသျဖင့္ အဆိုပါအိမ္ရာေခ်းေငြယူထားသူမ်ားအား အရင္းေငြကိုဆိုင္းငံ့၍ အတိုးေငြ ကိုသာ ယခုႏွစ္ ဧၿပီ၊ ေမ၊ ဇြန္၊ ဇူလိုင္၊ ဩဂုတ္ႏွင့္ စက္တင္ဘာလမ်ားအတြက္စိစစ္၍ ခြင့္ျပဳေပးျခင္းအျပင္ လစဥ္ေပးဆပ္ေငြကိုလည္း သတ္မွတ္ေနာက္ဆုံးရက္ကို ၅ ရက္မွ ၁၅ ရက္သို႔ ေနာက္က်ေၾကးမေကာက္ခံဘဲ လက္ခံေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္လည္း Commercial Loan ၊ Construction Loan မ်ားကို ေခ်း ေငြကိုပမာဏတိုးျမႇင့္ေပးျခင္းႏွင့္ အသစ္ခြင့္ျပဳေပးျခင္းတို႔ကိုလည္း လုပ္ေဆာင္ေပးခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးဦးဟန္ေဇာ္က ေျပာထားေၾကာင္း ႏိုင္ငံပိုင္သတင္းစာအရ သိရသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service