ဧရာဝတီနှင့် တနင်္သာရီတိုင်းအတွက် နေရောင်ခြည်သုံး အသေးစားဓာတ်အားပေးစီမံကိန်းနှစ်ခုအတွက် သဘောတူလက်မှတ်ထိုး - Property News in Myanmar from iMyanmarHouse.com
755 Views

ဧရာဝတီနှင့် တနင်္သာရီတိုင်းအတွက် နေရောင်ခြည်သုံး အသေးစားဓာတ်အားပေးစီမံကိန်းနှစ်ခုအတွက် သဘောတူလက်မှတ်ထိုး

[Unicode]

ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတွင် ဆောင်ရွက် မည့် နေရောင်ခြည်စွမ်းအင်သုံး အသေးစား ဓာတ်အားပေးစီမံကိန်းနှစ်ခုအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦး မောင်ဝင်းက ပြောသည်။

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် သဲရိုးကျေးရွာတွင် ၁၀၅ ဒသမ ၆ ကီလိုဝပ်ထွက်ရှိမည့် ဆိုလာအသေးစားစီမံကိန်းနှင့် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ကန်းတောကျေးရွာတွင် ၁၀၆ ကီလိုဝပ်စီမံကိန်းကို Mega Global Green Automation က ဆောင်ရွက်မည်ဖြစ်သည်။

တနင်္သာရီတိုင်း ကျွန်းစုမြို့ နယ်ရှိ ကောမယ်ကျေးရွာနှင့် တော်ကာကျေးရွာများတွင် ၆၀ ကီလိုဝပ်ထွက်ရှိမည့် ဆိုလာအသေးစား စီမံကိန်းနှစ်ခုကို Techno-Hill ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိသည်။

‘‘စီမံကိန်းနေရာလေးခုမှာ အိမ်ခြေ ၉၀၀ လောက်ရှိတယ်။ လျှပ်စစ်ဓာတ်အားကို တစ်ရက် ၂၄ နာရီသုံးနိုင်အောင် ဆောင်ရွက်မှာဖြစ်တယ်’’ ဟု ဒုတိယညွှန် ကြားရေးမှူးချုပ်က ပြောကြားသည်။

ဆိုလာ အသေးစားလျှပ်စစ် ဓာတ်အားပေးစီမံကိန်းကုန်ကျစရိတ်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၆၀ ရာ ခိုင်နှုန်း၊ စီမံကိန်းဒေသရှိကျေး လက်နေသူများက ၂၀ ရာခိုင်နှုန်း နှင့် ကုမ္ပဏီ မှ ၂၀ ရာခိုင်နှုန်း အသီးသီးကျခံရန် လျာထားသည်။

မဟာဓာတ်အားလိုင်းပြင်ပ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဇူလိုင် ၁၆ ရက်ကလည်း ကုမ္ပဏီခြောက်ခုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့လက်မှတ်ရေးထိုးထားသည်။

အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းအရ ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း မဟာဓာတ်အားလိုင်းမှ ၁၀ မိုင်ဝေးကွာကာ လာမည့် ၁၀ နှစ်အတွင်း လျှပ်စစ်မရရှိနိုင်သေးသည့် ကျေးရွာများကို ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများရှိ ကျေးရွာများတွင် အိမ်ခြေစုစုပေါင်း ၇၀ ရာခိုင်နှုန်းအထက် မီးလင်းပြီး ကျေးရွာမှာ ၃၅ ရာခိုင်နှုန်းခန့်သာဖြစ်ပြီး အိမ်ထောင်စုအနေဖြင့် ကျေးလက်ဒေသများရှိ အိမ်ထောင်စု ၁၆ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီး ရရှိသေးသည်ဟု ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ သိရသည်။

အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၏ ရည်မှန်းချက်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းခန့်၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း မီးလင်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ စီမံကိန်းကို အဓိကအားဖြင့် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း လုပ်ဆောင်နေသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဧရာဝတီႏွင့္ တနသၤာရီတိုင္းအတြက္ ေနေရာင္ျခည္သုံး အေသးစားဓာတ္အားေပးစီမံကိန္းနွစ္ခုအတြက္ သေဘာတူလက္မွတ္ထိုး

ဧရာဝတီတိုင္းႏွင့္ တနသၤာရီတိုင္းတြင္ ေဆာင္႐ြက္ မည့္ ေနေရာင္ျခည္စြမ္းအင္သုံး အေသးစား ဓာတ္အားေပးစီမံကိန္းႏွစ္ခုအတြက္ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ေၾကာင္း ေက်းလက္ေဒသဖြံ႕ျဖိဳးတိုးတက္ေရး ဦးစီးဌာနဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ဦး ေမာင္ဝင္းက ေျပာသည္။

ဧရာဝတီတိုင္း ဟသၤာတျမိဳ႕နယ္ သဲ႐ိုးေက်း႐ြာတြင္ ၁၀၅ ဒသမ ၆ ကီလိုဝပ္ထြက္႐ွိမည့္ ဆိုလာအေသးစားစီမံကိန္းႏွင့္ တနသၤာရီတိုင္း ဘုတ္ျပင္းၿမိဳ႕နယ္ကန္းေတာေက်း႐ြာတြင္ ၁၀၆ ကီလိုဝပ္စီမံကိန္းကို Mega Global Green Automation က ေဆာင္႐ြက္မည္ျဖစ္သည္။

တနသၤာရီတိုင္း ကြၽန္းစုၿမိဳ႕ နယ္႐ွိ ေကာမယ္ေက်း႐ြာႏွင့္ ေတာ္ကာေက်း႐ြာမ်ားတြင္ ၆၀ ကီလိုဝပ္ထြက္႐ွိမည့္ ဆိုလာအေသးစား စီမံကိန္းႏွစ္ခုကို Techno-Hill ကုမၸဏီက လုပ္ကိုင္ခြင့္ရ႐ွိသည္။

‘‘စီမံကိန္းေနရာေလးခုမွာ အိမ္ေျခ ၉၀၀ ေလာက္႐ွိတယ္။ လွ်ပ္စစ္ဓာတ္အားကို တစ္ရက္ ၂၄ နာရီသုံးႏိုင္ေအာင္ ေဆာင္႐ြက္မွာျဖစ္တယ္’’ ဟု ဒုတိယၫႊန္ ၾကားေရးမႉးခ်ဳပ္က ေျပာၾကားသည္။

ဆိုလာ အေသးစားလွ်ပ္စစ္ ဓာတ္အားေပးစီမံကိန္းကုန္က်စရိတ္ကို ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနက ၆၀ ရာ ခိုင္ႏႈန္း၊ စီမံကိန္းေဒသ႐ွိေက်း လက္ေနသူမ်ားက ၂၀ ရာခိုင္ႏႈန္း ႏွင့္ ကုမၸဏီ မွ ၂၀ ရာခိုင္ႏႈန္း အသီးသီးက်ခံရန္ လ်ာထားသည္။

မဟာဓာတ္အားလိုင္းျပင္ပ ေက်း႐ြာမ်ား လွ်ပ္စစ္ဓာတ္အား ရ႐ွိေရးအတြက္ ဇူလိုင္ ၁၆ ရက္ကလည္း ကုမၸဏီေျခာက္ခုႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနတို႔လက္မွတ္ေရးထိုးထားသည္။

အမ်ိဳးသားလွ်ပ္စစ္ဓာတ္အား ရ႐ွိေရးစီမံကိန္းအရ ၂၀၁၆ မွ ၂၀၂၁ ခုႏွစ္အထိ ငါးႏွစ္တာကာလအတြင္း မဟာဓာတ္အားလိုင္းမွ ၁၀ မိုင္ေဝးကြာကာ လာမည့္ ၁၀ ႏွစ္အတြင္း လွ်ပ္စစ္မရ႐ွိႏိုင္ေသးသည့္ ေက်း႐ြာမ်ားကို ဆိုလာစနစ္ျဖင့္ လွ်ပ္စစ္မီးရ႐ွိေစရန္ ေဆာင္႐ြက္ေနျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ေက်းလက္ေဒသမ်ား႐ွိ ေက်း႐ြာမ်ားတြင္ အိမ္ေျခစုစုေပါင္း ၇၀ ရာခိုင္ႏႈန္းအထက္ မီးလင္းၿပီး ေက်း႐ြာမွာ ၃၅ ရာခိုင္ႏႈန္းခန္႔သာျဖစ္ၿပီး အိမ္ေထာင္စုအေနျဖင့္ ေက်းလက္ေဒသမ်ား႐ွိ အိမ္ေထာင္စု ၁၆ ရာခိုင္ႏႈန္းခန္႔သာ လွ်ပ္စစ္မီး ရ႐ွိေသးသည္ဟု ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းပါ အခ်က္အလက္မ်ားအရ သိရသည္။

အမ်ိဳးသား လွ်ပ္စစ္ဓာတ္အားရ႐ွိေရး စီမံကိန္း၏ ရည္မွန္းခ်က္အေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္တြင္ တစ္ႏိုင္ငံလုံး၏ ၅၀ ရာခိုင္ႏႈန္းခန္႔၊ ၂၀၂၅ ခုႏွစ္တြင္ ၇၅ ရာခိုင္ႏႈန္းႏွင့္ ၂၀၃၀ ျပည့္ႏွစ္တြင္ ၁၀၀ ရာခိုင္ႏႈန္း မီးလင္းႏိုင္ေရး ေဆာင္႐ြက္ေပးသြားမည္ျဖစ္သည္။ စီမံကိန္းကို အဓိကအားျဖင့္ ကမ႓ာ့ဘဏ္ႏွင့္ ပူးေပါင္း လုပ္ေဆာင္ေနသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service