ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အားသာချက် (၉)ချက်ကြောင့် ဦးစားပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရ - Property News in Myanmar from iMyanmarHouse.com
1065 Views

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အားသာချက် (၉)ချက်ကြောင့် ဦးစားပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရ

[Unicode]

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အားသာချက် (၉)ချက်ကြောင့် ဦးစားပေးရွေးချယ်ခဲ့ ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်က နေပြည်တော်၌ပြုလုပ်သော အဆိုပါ လေဆိပ်တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားခြင်းဖြစ်သည်။

တိုးတက်များပြားလာသော လေကြောင်းခရီးစဉ်များနှင့် ခေတ်မီလေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည် ဆိုင်ရာလေဆိပ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် နေရာ (၉) နေရာအားလျာထားမှုရှိခဲ့သော်လည်း ၎င်းတို့အနက် ယခုတည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်နေရာကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်နေရာသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းပျံသန်းမှုများအား ထိခိုက်မှုမရှိဘဲ သီးသန့် Separation ပြုလုပ်နိုင်ခြင်း၊ နိုင်ငံတကာလေယာဉ်ပျံသန်း လမ်းကြောင်းများ (International Air Route) များသို့ လွယ်ကူစွာဝင်နိုင်ထွက်နိုင်ခြင်း၊ Wind Speed and Wind Direction အရ လေယာဉ်ပြေးလမ်းအား တောင်နှင့် မြောက် ဖောက်လုပ်နိုင်ခြင်း၊ ပတ်ဝန်း ကျင်အတားအဆီးများ (Obstruction) ကင်းရှင်းမှုရှိခြင်း၊ နိုင်ငံတကာလေဆိပ် အင်္ဂါရပ်နှင့်အညီ ပြည့်စုံစွာတည်ဆောက်နိုင်သည့် မြေနေရာနှင့် ထပ်မံတိုးချဲ့ရန် လုံလောက်သည့်အကျယ် အဝန်းရှိခြင်း၊ အချက်အချာကျသည့် မြို့များ၊ အဝေးပြေးလမ်း၊ ရထားလမ်းနှင့် ချိတ်ဆက်နိုင်ရန်ဆက်သွယ်မှု ကောင်းမွန်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လောပိတနှင့် ဇောင်းတူရေအားလျှပ်စစ်တို့မှ ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်မှန်းခြင်း၊ ရေလိုအပ်ချက်ကို လေဆိပ်အနီးရှိ ဇလက်ထော်နှင့် မဇင်းရေလှောင်တမံမှ ရယူနိုင်ခြင်း၊ ပြည်တွင်း ပြည်ပ လေယာဉ်ခရီးသည်နှင့် ကုန်စည်ပို့ဆောင် ရေးများအတွက် ဆုံရပ်ဖြစ်ခြင်းစသည့် အားသာချက် (၉)ချက်ရှိခြင်းကြောင့် ဦးစားပေးရွေးချယ်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဟံသာဝတီ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို အားသာခ်က္ (၉)ခ်က္ေၾကာင့္ ဦးစားေပးေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ

ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ဟံသာဝတီ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို အားသာခ်က္ (၉)ခ်က္ေၾကာင့္ ဦးစားေပးေရြးခ်ယ္ခဲ့ ျခင္းျဖစ္ေၾကာင္း ေအာက္တိုဘာ ၁ ရက္က ေနျပည္ေတာ္၌ျပဳလုပ္ေသာ အဆိုပါ ေလဆိပ္တည္ေဆာက္ေရးစီမံကိန္း ဦးေဆာင္ေကာ္မတီ ၏ ဒုတိယအႀကိမ္ လုပ္ငန္းညႇိႏိႈင္းအစည္းအေဝးတြင္ ေျပာၾကားထားျခင္းျဖစ္သည္။

တိုးတက္မ်ားျပားလာေသာ ေလေၾကာင္းခရီးစဥ္မ်ားႏွင့္ ေခတ္မီေလယာဥ္ႀကီးမ်ား ဆင္းသက္နိုင္မည့္ နိုင္ငံတကာအဆင့္မီ အျပည္ျပည္ ဆိုင္ရာေလဆိပ္တစ္ခု တည္ေဆာက္နိုင္ေရးအတြက္ ေနရာ (၉) ေနရာအားလ်ာထားမႈရွိခဲ့ေသာ္လည္း ၎တို႔အနက္ ယခုတည္ေဆာက္မည့္ ဟံသာဝတီ အျပည္ျပည္ဆိုင္ရာေလဆိပ္ေနရာကိုေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ဟံသာဝတီ အျပည္ျပည္ဆိုင္ရာေလဆိပ္ေနရာသည္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၏ ေလေၾကာင္းပ်ံသန္းမႈမ်ားအား ထိခိုက္မႈမရွိဘဲ သီးသန႔္ Separation ျပဳလုပ္နိုင္ျခင္း၊ နိုင္ငံတကာေလယာဥ္ပ်ံသန္း လမ္းေၾကာင္းမ်ား (International Air Route) မ်ားသို႔ လြယ္ကူစြာဝင္ႏိုင္ထြက္နိုင္ျခင္း၊ Wind Speed and Wind Direction အရ ေလယာဥ္ေျပးလမ္းအား ေတာင္ႏွင့္ ေျမာက္ ေဖာက္လုပ္နိုင္ျခင္း၊ ပတ္ဝန္း က်င္အတားအဆီးမ်ား (Obstruction) ကင္းရွင္းမႈရွိျခင္း၊ နိုင္ငံတကာေလဆိပ္ အဂၤါရပ္ႏွင့္အညီ ျပည့္စုံစြာတည္ေဆာက္နိုင္သည့္ ေျမေနရာႏွင့္ ထပ္မံတိုးခ်ဲ႕ရန္ လုံေလာက္သည့္အက်ယ္ အဝန္းရွိျခင္း၊ အခ်က္အခ်ာက်သည့္ ၿမိဳ႕မ်ား၊ အေဝးေျပးလမ္း၊ ရထားလမ္းႏွင့္ ခ်ိတ္ဆက္နိုင္ရန္ဆက္သြယ္မႈ ေကာင္းမြန္ျခင္း၊ လၽွပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ေလာပိတႏွင့္ ေဇာင္းတူေရအားလၽွပ္စစ္တို႔မွ ျဖည့္ဆည္းေပးနိုင္မည္ဟု ေမၽွာ္မွန္းျခင္း၊ ေရလိုအပ္ခ်က္ကို ေလဆိပ္အနီးရွိ ဇလက္ေထာ္ႏွင့္ မဇင္းေရေလွာင္တမံမွ ရယူနိုင္ျခင္း၊ ျပည္တြင္း ျပည္ပ ေလယာဥ္ခရီးသည္ႏွင့္ ကုန္စည္ပို႔ေဆာင္ ေရးမ်ားအတြက္ ဆုံရပ္ျဖစ္ျခင္းစသည့္ အားသာခ်က္ (၉)ခ်က္ရွိျခင္းေၾကာင့္ ဦးစားေပးေရြးခ်ယ္ခဲ့ ျခင္းျဖစ္ေၾကာင္ းသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service