အခွန်စီမံချက်ရုံးသည် အစုရှယ်ယာအဟောင်းများကို ပြန်လည်စီစစ်ရန်မဟုတ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1132 Views

အခွန်စီမံချက်ရုံးသည် အစုရှယ်ယာအဟောင်းများကို ပြန်လည်စီစစ်ရန်မဟုတ်ဟုဆို

[Unicode]

အခွန်စီမံချက်ရုံးဖွင့်လှစ်ခြင်းသည် COVID-19 ကာလ အတွင်း ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရာတွင် လွယ်ကူမြန်ဆန်စေရန်အတွက်သာဖြစ်ပြီး အစုရှယ်ယာဟောင်းများကို ပြန်လည်စိစစ်ရန်မဟုတ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သည်။

အခွန်စီမံချက်အဖွဲ့ဖွဲ့စည်း ခြင်းနှင့် ရုံးဖွင့်လှစ်ခြင်းကြောင့် အခွန်ထမ်းပြည်သူများ စိုးရိမ်ပူပန်မှုများရှိနေသောကြောင့် ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်ပြီး စီမံချက်အဖွဲ့သည် အချက်ငါးချက်ကိုဆောင်ရွက်မည်ဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သည်။

အဆိုပါအချက်များမှာ ၂၀၁၉ အခွန်ကောက်ဥပဒေအရ ဝင်ငွေခွန်သက်သာခွင့်ကို ဘဏ္ဍာနှစ်မကုန်မီ အချိန်မီခံစားခွင့်ရရှိ ရေး၊ အစုရှယ်ယာများအပေါ်အခွန်စည်းကြပ်ခံသူများအတွက်မြို့နယ်ရုံးများသို့ သွားရောက်ရမည့်အစား တစ်နေရာတည်းတွင် လွယ်ကူမြန်ဆန်သော ဝန်ဆောင်မှုရရှိစေရန်၊ အစုရှယ်ယာအသစ်ထည့်ဝင်လိုသူများ အခွန်စည်းကြပ်မှုကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုရရှိစေရန်၊ ယခင် အစုရှယ်ယာအဟောင်းအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အခွန်မဆောင်ခဲ့ဘဲ အခွန်ဆောင်လိုပါက လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် အစုရှယ်ယာထည့်ဝင်မှုများကို တစ်နေရာ တည်းတွင် စည်းကြပ်ဆောင်ရွက်ခြင်းဖြင့် အခွန်စည်းကြပ်မှုကို မျှ တစေရန်နှင့် တစ်ပြေးညီဖြစ်စေရန်အတွက်ဖြစ်သည်။

ကုမ္ပဏီများတွင် ရှယ်ယာထည့်ဝင်သည့် အစုရှယ်ယာရှင်များကို ဝင်ငွေရလမ်းစိစစ်မည့်အခွန်ဝင်ဆောင်မှုရုံးကို ဖွင့်လှစ်မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ဩဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကုမ္ပဏီများကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာလကုန်အထိ စီမံချက်ဖြင့် စစ်ဆေးပေးမည်ဟုဆိုသည်။

စိစစ်ရာတွင် ကုမ္ပဏီရှယ်ယာရှင်များ ဝင်ငွေရလမ်းတင်ပြရသည့် ကိစ္စရပ်များအတွက် အထောက်အထားပြည့်စုံပါက အလုပ်လုပ်ရက် ငါးရက်အတွင်းဆောင်ရွက်မည်ဖြစ်ပြီး အခွန်ဆောင်ထားခြင်းမရှိဘဲ စည်းကြပ်မှုမှ လွတ်နေသော ဝင်ငွေများအပေါ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၂၅ အရ အခွန်စည်းကြပ်မည်ဖြစ်သည်။

‘‘စထုတ်ကတည်းကကုမ္ပဏီ ရှယ်ယာအသစ်ဝင်တဲ့သူတွေ၊ အရင်က အခုမဆောင်ထားတဲ့သူတွေကို ဒီဘဏ္ဍာနှစ်အတွင်း အခွန်သက်သာခွင့် ၃ ရာခိုင်နှုန်းနဲ့ရ အောင်လုပ်ပေးမယ်ပြောတာ။ ဒါကို နားလည်မှုလွဲတာပါ’’ ဟု ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ် ကုန်ဆုံးပါက အခွန်သက်သာခွင့်သည် အနိမ့်ဆုံး ၃ ရာခိုင်နှုန်းမှ ၆ ရာခိုင် နှုန်းအထိ တိုးမြှင့်မည်ဖြစ်၍ စီမံချက်ချကာ ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

စီမံချက်ကာလအတွင်း ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းတွင် ရုံးခန်းဖွင့်လှစ်ထားမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အခြန္စီမံခ်က္႐ုံးသည္ အစု႐ွယ္ယာအေဟာင္းမ်ားကို ျပန္လည္စီစစ္ရန္မဟုတ္ဟုဆို

အခြန္စီမံခ်က္႐ုံးဖြင့္လွစ္ျခင္းသည္ COVID-19 ကာလ အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတိုးျမႇင့္ရာတြင္ လြယ္ကူျမန္ဆန္ေစရန္အတြက္သာျဖစ္ၿပီး အစု႐ွယ္ယာေဟာင္းမ်ားကို ျပန္လည္စိစစ္ရန္မဟုတ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ဩဂုတ္ ၂၈ ရက္တြင္ ထုတ္ျပန္သည္။

အခြန္စီမံခ်က္အဖြဲ႕ဖြဲ႕စည္း ျခင္းႏွင့္ ႐ုံးဖြင့္လွစ္ျခင္းေၾကာင့္ အခြန္ထမ္းျပည္သူမ်ား စိုးရိမ္ပူပန္မႈမ်ား႐ွိေနေသာေၾကာင့္ ယခုကဲ့သို႔ထုတ္ျပန္ျခင္းျဖစ္ၿပီး စီမံခ်က္အဖြဲ႕သည္ အခ်က္ငါးခ်က္ကိုေဆာင္႐ြက္မည္ျဖစ္သည္ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ထုတ္ျပန္သည္။

အဆိုပါအခ်က္မ်ားမွာ ၂၀၁၉ အခြန္ေကာက္ဥပေဒအရ ဝင္ေငြခြန္သက္သာခြင့္ကို ဘ႑ာႏွစ္မကုန္မီ အခ်ိန္မီခံစားခြင့္ရ႐ွိ ေရး၊ အစု႐ွယ္ယာမ်ားအေပၚအခြန္စည္းၾကပ္ခံသူမ်ားအတြက္ၿမိဳ႕နယ္႐ုံးမ်ားသို႔ သြားေရာက္ရမည့္အစား တစ္ေနရာတည္းတြင္ လြယ္ကူျမန္ဆန္ေသာ ဝန္ေဆာင္မႈရ႐ွိေစရန္၊ အစု႐ွယ္ယာအသစ္ထည့္ဝင္လိုသူမ်ား အခြန္စည္းၾကပ္မႈကို တစ္ေနရာတည္းတြင္ ဝန္ေဆာင္မႈရ႐ွိေစရန္၊ ယခင္ အစု႐ွယ္ယာအေဟာင္းအေနျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခြန္မေဆာင္ခဲ့ဘဲ အခြန္ေဆာင္လိုပါက လြယ္ကူျမန္ဆန္စြာ ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ အစု႐ွယ္ယာထည့္ဝင္မႈမ်ားကို တစ္ေနရာ တည္းတြင္ စည္းၾကပ္ေဆာင္႐ြက္ျခင္းျဖင့္ အခြန္စည္းၾကပ္မႈကို မွ် တေစရန္ႏွင့္ တစ္ေျပးညီျဖစ္ေစရန္အတြက္ျဖစ္သည္။

ကုမၸဏီမ်ားတြင္ ႐ွယ္ယာထည့္ဝင္သည့္ အစု႐ွယ္ယာ႐ွင္မ်ားကို ဝင္ေငြရလမ္းစိစစ္မည့္အခြန္ဝင္ေဆာင္မႈ႐ုံးကို ဖြင့္လွစ္မည္ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ဩဂုတ္ ၁၅ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီး႐ွိ ကုမၸဏီမ်ားကို ဩဂုတ္ ၁၉ ရက္မွ စက္တင္ဘာလကုန္အထိ စီမံခ်က္ျဖင့္ စစ္ေဆးေပးမည္ဟုဆိုသည္။

စိစစ္ရာတြင္ ကုမၸဏီ႐ွယ္ယာ႐ွင္မ်ား ဝင္ေငြရလမ္းတင္ျပရသည့္ ကိစၥရပ္မ်ားအတြက္ အေထာက္အထားျပည့္စုံပါက အလုပ္လုပ္ရက္ ငါးရက္အတြင္းေဆာင္႐ြက္မည္ျဖစ္ၿပီး အခြန္ေဆာင္ထားျခင္းမ႐ွိဘဲ စည္းၾကပ္မႈမွ လြတ္ေနေသာ ဝင္ေငြမ်ားအေပၚ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒပုဒ္မ ၂၅ အရ အခြန္စည္းၾကပ္မည္ျဖစ္သည္။

‘‘စထုတ္ကတည္းကကုမၸဏီ ႐ွယ္ယာအသစ္ဝင္တဲ့သူေတြ၊ အရင္က အခုမေဆာင္ထားတဲ့သူေတြကို ဒီဘ႑ာႏွစ္အတြင္း အခြန္သက္သာခြင့္ ၃ ရာခိုင္ႏႈန္းနဲ႔ရ ေအာင္လုပ္ေပးမယ္ေျပာတာ။ ဒါကို နားလည္မႈလြဲတာပါ’’ ဟု ကုမၸဏီပိုင္႐ွင္တစ္ဦးက ေျပာသည္။

ယခုဘ႑ာႏွစ္ ကုန္ဆုံးပါက အခြန္သက္သာခြင့္သည္ အနိမ့္ဆုံး ၃ ရာခိုင္ႏႈန္းမွ ၆ ရာခိုင္ ႏႈန္းအထိ တိုးျမႇင့္မည္ျဖစ္၍ စီမံခ်က္ခ်ကာ ေဆာင္႐ြက္ေပးျခင္း ျဖစ္သည္ဟု ၎ကဆိုသည္။

စီမံခ်က္ကာလအတြင္း ရန္ကုန္ၿမိဳ႕ ပန္းဆိုးတန္းလမ္းတြင္ ႐ုံးခန္းဖြင့္လွစ္ထားမည္ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ထုတ္ျပန္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service