ရန်ကုန်-မန္တလေး အမြန်လမ်းအဆင့်မြှင့်တင်ခြင်းအတွင် ကိုရီးယား KOICA ဖြင့် စီမံကိန်းဖြစ်နိုင်ချေ လေ့လာနေဟုဆို - Property News in Myanmar from iMyanmarHouse.com
4801 Views

ရန်ကုန်-မန္တလေး အမြန်လမ်းအဆင့်မြှင့်တင်ခြင်းအတွင် ကိုရီးယား KOICA ဖြင့် စီမံကိန်းဖြစ်နိုင်ချေ လေ့လာနေဟုဆို

[Unicode]

မန္တလေးအမြန်လမ်းအဆင့်မြှင့်တင်ခြင်းကို ကိုရီးယား KOICA ဖြင့် စီမံကိန်းဖြစ်နိုင်ချေလေ့လာနေပြီး ပြီးစီးပါက အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု(PPP)ဖြင့် အဆင့်မြှင့်တင်မည်ဟု လမ်းဦးစီးဌာန၊ ညွန့်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးကပြောသည်။

ဒေါ်လာ ၅၇ သန်းတန်ကြေးရှိမည့် ရန်ကုန်-မန္တလေး အမြန်လမ်းကို ရန်ကုန်မြို့မှ ကီလိုမီတာ ၆၄ ကွာဝေးသည့် ပဲခူးမှ မန္တလေးအထိ အဆင့်မြှင့်ခြင်းစီမံကိန်းဖြစ်သည်။

“ရန်ကုန်-မန္တလေးအမြန်လမ်းကိုလည်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ KOICA အကူအညီနဲ့ ဖြစ်နိုင်စွမ်းလေ့လာမူ လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေပါတယ်။ Feasibility Study ပြီးရင် ဒီပေါ်မှာ အခြေခံပြီး PPP စနစ်နဲ့ ဘုရားကြီးကနေ မန္တလေးအထိ စီမံကိန်းဆောင်ရွက်ဖို့ လျာထားပါတယ်” ဟု ဉီးအောင်မြင့်ဦးကပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရန်ကုန်မှ ဘုရားကြီးထိ ၆၄ ကီလီုမီတာကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ချေးငွေဖြင့် အဆင့်မြှင့်တင်မည်ဖြစ်သည်။ ထိုလုပ်ငန်းတွက် ကိုရီးယား Yooshin Engineering ကုမ္ပဏီက ဒီဇိုင်းနှင့်တင်ဒါစည်းကမ်း အကြံပေးအဖြစ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ကျန်အပိုင်းကို PPP- အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မူစနစ်ဖြင့်ဆောင်ရွက်မည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ကီလိုမီတာ ၅၂၄ ရှည်လျားသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသည် နေပြည်တော်အပါအဝင်အဓိက မြို့ကြီးများကို ဖြတ်သန်းသွားသည်။ ထိုလမ်းမကြီးသည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က အာရှလမ်းမကြီးအဖြစ် အသုံးပြုမည်ဖြစ်သည်။ အာရှလမ်းမကြီးကွန်ယက် AH1 တွင်ပါဝင်သည်ဟု အစိုးရကထုတ်ပြန်ထားသော စီမံကိန်းဘဏ်တွင်ဖော်ပြထားသည်၊။

ထိုလမ်းကြီး အဆင့်မြှင့်တင်ရန် ပထမအကြိမ် ဖိတ်ခေါ်ရာတွင် ပြည်တွင်းကုမ္ပဏီများသာ လျှောက်ထားသဖြင့် စီမံကိန်းကို ရပ်ဆိုင်းခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဆိုထားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းကို လေးလမ်းသွားလမ်းမအဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်ထားသည်ဟု ဦးဟန်ဇော်က ဆိုသည်။ ထိုလမ်းမကြီးသည် မိုင် ၄၀၀ ခန့်ရှည်လျားပြီး ရန်ကုန်- နေပြည်တော်နှင့် မန္တလေးမြို့တို့ သို့ ချိတ်ဆက်ထားသည်။

ရန်ကုန်-ပဲခူးလမ်းပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အကူအညီဖြင့် အဆင့်မြှင့်တင်ရန် စီစဉ်ထားပြီး မိုင် ၄၀ ခန့်ရှိသည်။ ကျန်လမ်းပိုင်းကို အဆင့်မြှင့်တင်ရေး လေ့လာဆန်းစစ်လေ့လာရန် ရှိသည်ဟု အစိုးရ၏ စီမံကိန်းဘဏ်တွင် ကြေညာထားသည်။

ထိုလမ်းမသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမြန်လမ်းဖြစ်ပြီး ပို့ဆောင်ရေးကွန်ရက် အဓိက သွေးကြောဖြစ်သည်။

ထိုစီမံကိန်းကို အစိုးရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်ပြီး ၂၀၂၀-၂၁ တွင်ပြီးစီးမည်ဟု ဖော်ပြထားသည်။

KOICA ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီသည် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်း ၂၁၆ ကီလီုမီတာကိုလည်း လေးလမ်းသွား ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ရန် စီမံကိန်းဖြစ်နိုင်ချေလေ့လာနေသည်ဟု ဦးအောင်မြင့်ဦးကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ရန္ကုန္-မႏၲေလး အျမန္လမ္းအဆင့္ျမႇင့္တင္ျခင္းအတြင္ ကိုရီးယား KOICA ျဖင့္ စီမံကိန္းျဖစ္ႏိုင္ေခ် ေလ့လာေနဟုဆို

မႏၲေလးအျမန္လမ္းအဆင့္ျမႇင့္တင္ျခင္းကို ကိုရီးယား KOICA ျဖင့္ စီမံကိန္းျဖစ္ႏိုင္ေခ်ေလ့လာေနၿပီး ၿပီးစီးပါက အစိုးရႏွင့္ ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ(PPP)ျဖင့္ အဆင့္ျမႇင့္တင္မည္ဟု လမ္းဦးစီးဌာန၊ ၫြန္႔ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ျမင့္ဦးကေျပာသည္။

ေဒၚလာ ၅၇ သန္းတန္ေၾကး႐ွိမည့္ ရန္ကုန္-မႏၲေလး အျမန္လမ္းကို ရန္ကုန္ၿမိဳ႕မွ ကီလိုမီတာ ၆၄ ကြာေဝးသည့္ ပဲခူးမွ မႏၲေလးအထိ အဆင့္ျမႇင့္ျခင္းစီမံကိန္းျဖစ္သည္။

“ရန္ကုန္-မႏၲေလးအျမန္လမ္းကိုလည္း အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းေတြ ေဆာင္႐ြက္ႏိုင္ဖို႔ KOICA အကူအညီနဲ႔ ျဖစ္ႏိုင္စြမ္းေလ့လာမူ လုပ္ငန္းေတြကို ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။ Feasibility Study ၿပီးရင္ ဒီေပၚမွာ အေျခခံၿပီး PPP စနစ္နဲ႔ ဘုရားႀကီးကေန မႏၲေလးအထိ စီမံကိန္းေဆာင္႐ြက္ဖို႔ လ်ာထားပါတယ္” ဟု ဉီးေအာင္ျမင့္ဦးကေျပာသည္။

ရန္ကုန္-မႏၲေလး အျမန္လမ္းတြင္ ရန္ကုန္မွ ဘုရားႀကီးထိ ၆၄ ကီလီုမီတာကို အာ႐ွဖြံ႕ျဖိဳးေရးဘဏ္(ADB) ေခ်းေငြျဖင့္ အဆင့္ျမႇင့္တင္မည္ျဖစ္သည္။ ထိုလုပ္ငန္းတြက္ ကိုရီးယား Yooshin Engineering ကုမၸဏီက ဒီဇိုင္းႏွင့္တင္ဒါစည္းကမ္း အၾကံေပးအျဖစ္ေဆာင္႐ြက္ျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

က်န္အပိုင္းကို PPP- အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မူစနစ္ျဖင့္ေဆာင္႐ြက္မည္ဟု အစိုးရက ထုတ္ျပန္ထားသည္။

ကီလိုမီတာ ၅၂၄ ႐ွည္လ်ားသည္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးသည္ ေနျပည္ေတာ္အပါအဝင္အဓိက ၿမိဳ႕ႀကီးမ်ားကို ျဖတ္သန္းသြားသည္။ ထိုလမ္းမႀကီးသည္ အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔က အာ႐ွလမ္းမႀကီးအျဖစ္ အသုံးျပဳမည္ျဖစ္သည္။ အာ႐ွလမ္းမႀကီးကြန္ယက္ AH1 တြင္ပါဝင္သည္ဟု အစိုးရကထုတ္ျပန္ထားေသာ စီမံကိန္းဘဏ္တြင္ေဖာ္ျပထားသည္၊။

ထိုလမ္းႀကီး အဆင့္ျမႇင့္တင္ရန္ ပထမအႀကိမ္ ဖိတ္ေခၚရာတြင္ ျပည္တြင္းကုမၸဏီမ်ားသာ ေလွ်ာက္ထားသျဖင့္ စီမံကိန္းကို ရပ္ဆိုင္းျခင္းျဖစ္သည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က ဆိုထားသည္။ ရန္ကုန္-မႏၲေလး အျမန္လမ္းကို ေလးလမ္းသြားလမ္းမအျဖစ္ အဆင့္ျမႇင့္တင္ရန္ စီစဥ္ထားသည္ဟု ဦးဟန္ေဇာ္က ဆိုသည္။ ထိုလမ္းမႀကီးသည္ မိုင္ ၄၀၀ ခန္႔႐ွည္လ်ားၿပီး ရန္ကုန္- ေနျပည္ေတာ္ႏွင့္ မႏၲေလးၿမိဳ႕တို႔ သို႔ ခ်ိတ္ဆက္ထားသည္။

ရန္ကုန္-ပဲခူးလမ္းပိုင္းကို အာ႐ွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) အကူအညီျဖင့္ အဆင့္ျမႇင့္တင္ရန္ စီစဥ္ထားၿပီး မိုင္ ၄၀ ခန္႔႐ွိသည္။ က်န္လမ္းပိုင္းကို အဆင့္ျမႇင့္တင္ေရး ေလ့လာဆန္းစစ္ေလ့လာရန္ ႐ွိသည္ဟု အစိုးရ၏ စီမံကိန္းဘဏ္တြင္ ေၾကညာထားသည္။

ထိုလမ္းမသည္ ျမန္မာႏိုင္ငံ၏ တစ္ခုတည္းေသာ အျမန္လမ္းျဖစ္ၿပီး ပို႔ေဆာင္ေရးကြန္ရက္ အဓိက ေသြးေၾကာျဖစ္သည္။

ထိုစီမံကိန္းကို အစိုးရ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ စတင္ၿပီး ၂၀၂၀-၂၁ တြင္ၿပီးစီးမည္ဟု ေဖာ္ျပထားသည္။

KOICA ကိုရီးယားအျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီသည္ ရန္ကုန္-ပုသိမ္-င႐ုတ္ေကာင္း ၂၁၆ ကီလီုမီတာကိုလည္း ေလးလမ္းသြား ကတၱရာလမ္းအျဖစ္ေဆာင္႐ြက္ရန္ စီမံကိန္းျဖစ္ႏိုင္ေခ်ေလ့လာေနသည္ဟု ဦးေအာင္ျမင့္ဦးကဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

Jade Palace Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service