ဒေါ်လာသန်း ၂၀ကျော်နှင့်ကျပ် ဘီလီယံ ၁၆၀ခန့်ဖိုးရှိ လုပ်ငန်း သုံးခုကို ကော်မရှင်က လုပ်ကိုင်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
670 Views

ဒေါ်လာသန်း ၂၀ကျော်နှင့်ကျပ် ဘီလီယံ ၁၆၀ခန့်ဖိုးရှိ လုပ်ငန်း သုံးခုကို ကော်မရှင်က လုပ်ကိုင်ခွင့်ပြု

[Unicode]

ဒေါ်လာသန်း ၂၀ကျော်နှင့် ကျပ်ဘီလီယံ၁၆၀ဖိုးရှိသည့်ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ်(၃)ခု ကို မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမူကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါပမာဏထဲတွင် ဆောင်ရွက်ဆဲလုပ်ငန်း ၃ခုက ရင်းနှီးမြှပ်နှံမူတိုးမြှင့်ခြင်းလည်းပါဝင်ပြီး လုပ်ငန်းအသစ် ၃ခုက အလုပ်အကိုင် ၇၅၀ကျော်ကို ဖန်တီးပေးမည်ဟု ကော်မရှင်ကဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက် အမေရိကန်ဒေါ်လာ (၅.၈) ဘီလီယံ ကိုပြည့်မီရန်ကြိုးပမ်းနေ သည်ဟု ဆိုသည်။

ထိုပြင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည်လည်း တရုတ်နှင့် Samoaနိုင်ငံတို့မှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမူ နှစ် ၂ ခုနှင်ပြည်တွင်း ရင်းနှီးမြှပ်နှံမူတစ်ခုတို့ကို ခွင့်ပြုပေးခဲ့သည်ဟုဆိုသည်။ ထိုလုပ်ငန်းများမှာ လက်ခစားစနစ်ဖြင့် မွေ့ယာများ၊ ကင်မရာအိတ်များ၊ အဝတ်အထည်များ ထုတ်လုပ်ခြင်းတို့ ဖြစ်သည်ဟုဆိုသည်။ ထိုလုပ်ငန်းများသည် ဒေါ်လာ ၇သန်းခန့်နှင့်ကျပ် ၂ ဘီလီယံကျော်ဖိုးဖြစ်သည်ဟုဆိုသည်။

လက်ရှိဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ သက်တမ်းသည် ၁၀ လ ကျော်လာပြီး ထိုကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၁၉ ခု ဝင်ရောက်ထားကာ စုစု ပေါင်း ဒေါ်လာငါးဘီလီယံကျော် ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်က ထုတ်ပြန်ထားသည်။ ထိုပမာဏထဲတွင် ယခုခွင့်ပြုထားသည့် လုပ်ငန်းများပါဝင်ခြင်းမရှိသေးပေ။

ထိုကာလအတွင်း တိုက် ရိုက်ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းအသစ်သည် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံဖိုးရှိသည်။ ယခင်ရှိပြီးသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက လုပ်ငန်းတိုးမြှင့် ခြင်းသည် ဒေါ်လာ ၁ ဒသမ ၁ ဘီ လီယံဖိုးရှိနေသည်။ အထူးစီးပွား ရေးဇုန်မှ ဝင်ရောက်သည့် ရင်းနှီး မြှုပ်နှံမှုပမာဏသည် ဒေါ်လာ သန်း ၁၁၀ ကျော်ရှိသည်။

အစိုးရမျှော်မှန်းသည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံကို ပြည့်မီရန် ဒေါ်လာသန်း ၈၀၀ သာ လိုတော့ သည်။ ထိုပမာဏသည် ယခင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ထက်နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု ပိုများလာခြင်းဖြစ်သည်။

အစိုးရ၏ ရင်နှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံချက်အရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အထိ တစ်နှစ်လျှင် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ ၈ ဒသမ ၅ ဘီလီယံ ခန့်မှန်းထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service