ပုသိမ်စက်မှုမြို့တော်ရှိ မြေဧက ၆၇၀၀ တွင် စက်မှုဆိပ်ကမ်းတည်ဆောက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
2044 Views

ပုသိမ်စက်မှုမြို့တော်ရှိ မြေဧက ၆၇၀၀ တွင် စက်မှုဆိပ်ကမ်းတည်ဆောက်မည်ဟုဆို

[Unicode]

ပုသိမ်စက်မှုမြို့တော်အတွင်းရှိ မြေဧက ၆၇၀၀ တွင် ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်းတည်ဆောက်မည် ဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရကုမ္ပဏီက ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည်။

ထိုစီမံကိန်းကို ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် (EFR)ကုမ္ပဏီက ပုသိမ်စက်မှုမြို့တော်တွင်တည်ဆောက်ရန် ဖက်စပ်ကုမ္ပဏီတစ်ခုကို ထူထောင်လိုက်ကြောင်း ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ဧရာဝတီအပြည်ပြည်ဆိုင်ရာစက်မှုဆိပ်ကမ်း (Ayeyarwaddy International Industrial Port (AIIP)) စီမံကိန်းသည် ပုသိမ်မြို့အနီး ပုသိမ်-ငပုတောအဝေးပြေးလမ်းမပေါ် တွင်ရှိသည်။ ၎င်းကို လုပ်ကိုင်ခွင့်ရထားသူမှ ဧရာဟင်္သာကုမ္ပဏီဖြစ်သည်။ထိုကုမ္ပဏီနှင့် EFR ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Unison Choice services ကုမ္ပဏီတို့က A logistics ကုမ္ပဏီအဖြစ် ဖက်စက်ကုမ္ပဏီ ထူထောင်ခြင်းဖြစ်သည်။

Unison Choice Services ကုမ္ပဏီသည် လွန်ခဲ့သော ၁ နှစ်ကျော်မှစတင်၍ ထို AIIP ဆိပ်ကမ်း၏ စီမံကိန်းဖြစ်နိုင်ချေနှင့် ဒီဇိုင်းကို ဧရာဟင်္သာကုမ္ပဏီနှင့်အတူပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ A logistics ကုမ္ပဏီက AIIP၏ အော်ပရေတာအဖြစ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုစီမံကိန်းပြီးစီးပါက လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ လက်ဦးမှုရယူရောင်းချနိုင်မည်ဟုဆိုသည်။ ထိုပြင် ပြည်တွင်းထုတ်ကုန်စွမ်းအားကို တစိတ်တဒေသ ပံ့ပိုးမြှင့်တင်နိုင်မည်ဟုကုမ္ပဏီကဆိုသည်။ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွန်းလာမည်ဟု ဆိုသည်။

EFR ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ Unison Choice Serviceက A Logistics ကုမ္ပဏီတွင် အစုရှယ်ယာ ၆၀% နှင့် ဧရာဟင်္သာကုမ္ပဏီက ရှယ်ယာ ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ခြင်းဖြစ်သည်။

EFR ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းတွင် ပဉ္စမမြောက် အများပိုင်ကုမ္ပဏီ TMH စာရင်း ဝင်ပြီးနောက် ၂ နှစ်ကျော် ကာလအတွင်း ပထမဆုံး စာရင်းဝင်လာသည့် အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်သည်။

ယင်းကုမ္ပဏီသည် သယ်ယူ ထောက်ပံ့လုပ်ငန်းများကို အပြည့် အဝ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ သယ်ယူပို့ ဆောင်ရေးနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်ဟု ရန်ကုန်စတော့အိတ်ချိန်းက ကြေညာသည်။ EFR ကုမ္ပဏီသည် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် သယ်ယူပို့ ဆောင်ရေးဂိတ် စီမံခန့်ခွဲမှု အစရှိသော ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိ ကုမ္ပဏီတခု ဖြစ်သည်။

EFR ကုမ္ပဏီသည် လက်အောက်ခံကုမ္ပဏီခုနစ်ခု၊ အဖွဲ့အစည်းတစ်ခုနှင့် စီမံကိန်းကုမ္ပဏီနှစ်ခုတို့ဖြင့် ထူထောင်ထားသော ကုမ္ပဏီအုပ်စုတစ်ခုဖြစ်သည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ ငါးခုရှိပြီး ၎င်းတို့မှာ FMI, MTSH, MCB, FPB နှင့် THM တို့ဖြစ် သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service