ကျောက်ဖြူလေဆိပ်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွင့်ပြုချက်ရရှိမှုအပေါ်မူတည်၍ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပေးမည် - Property News in Myanmar from iMyanmarHouse.com
678 Views

ကျောက်ဖြူလေဆိပ်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွင့်ပြုချက်ရရှိမှုအပေါ်မူတည်၍ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပေးမည်

[Unicode]

ကျောက်ဖြူလေဆိပ်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွင့်ပြုချက်ရရှိမှုအပေါ်မူတည်၍ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပေးမည်ဖြစ် ကြောင်း၂၀၂၀ ပြည့်နှစ်၊ဇူလိုင် ၂၈ ရက်တွင်ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးကဖြေကြားခဲ့သည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ကျောက်ဖြူလေဆိပ်ဖွံ့ဖြိုးရေးအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ရန်ပုံငွေကျပ် သန်း(၅၀၀)လျာထားတင်ပြတောင်းခံထားပြီး ရရှိပါက လက်ရှိလေယာဉ်ပြေးလမ်း ပေ (၇,၅၀၀) × ပေ (၁၀၀) ကို ကျပ်သန်း (၄၀၀) သုံးစွဲ၍ ပျက်စီးမှုများနေသော ပြေးလမ်းအပိုင်းအလိုက် ပြုပြင်ထိန်းသိမ်း မည်ဖြစ်ကြောင်း။

လေဆိပ်အဆောက်အအုံကို အကြီးစား ပြင်ဆင်မွမ်းမံခြင်း ၊တိုးချဲ့ခြင်း လုပ်ငန်းများအတွက်လာမည့် ဘဏ္ဍာရေးနှစ်တွင် တောင်ခံထားသည့် ရန်ပုံငွေကျပ် သန်း (၁၀၀) ရရှိပါက လေဆိပ်အဆောက်အအုံတွင် ATR-72 လေယာဉ် (၂)စီးစာ ခရီးသည်များ တစ်ပြိုင်နက် အဆင်ပြေလုံလောက်စွာ ဝင်/ထွက် အသုံးပြုနိုင်ရေးအတွက် လက်ရှိအဆောက်အအုံကို ပေ(၂၀) တိုးချဲ့ပြီး အထွက်ခရီးသည်နားနေခန်း ကို ပိုကျယ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တိုးချဲ့ပြီးစီးပါက အထွက်ခရီးသည်နှင့် အဝင်ခရီးသည်ဧရိယာများကို ပြင်ဆင်ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း၊ လေဆိပ်အဆောက်အအုံတိုးချဲ့ခြင်းနှင့်အတူ သန့်စင်ခန်းများ ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ပြီး၊ ခရီးဆောင်အိတ်များ စနစ်တကျရွေးယူနိုင်ရေးအတွက်ပါ ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေက်ာက္ျဖဴေလဆိပ္ကို လာမည့္ဘ႑ာေရးႏွစ္တြင္ ရန္ပုံေငြခြင့္ျပဳခ်က္ရရွိမႈအေပၚမူတည္၍ အဆင့္ျမႇင့္တင္ ျပဳျပင္မြမ္းမံေပးမည္

ေက်ာက္ျဖဴေလဆိပ္ကို လာမည့္ဘ႑ာေရးႏွစ္တြင္ ရန္ပုံေငြခြင့္ျပဳခ်က္ရရွိမႈအေပၚမူတည္၍ အဆင့္ျမႇင့္တင္ ျပဳျပင္မြမ္းမံေပးမည္ျဖစ္ေၾကာင္း၂၀၂၀ ျပည့္ႏွစ္၊ဇူလိုင္ ၂၈ ရက္တြင္က်င္းပေသာ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ (၁၇) ၾကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဆ႒မေန႔တြင္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳးကေျဖၾကားခဲ့သည္။

ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနအေနျဖင့္ ေက်ာက္ျဖဴေလဆိပ္ဖြံ႕ၿဖိဳးေရးအတြက္ ၂၀၂၀-၂၀၂၁ ခု ဘ႑ာေရးႏွစ္တြင္ စုစုေပါင္း ရန္ပုံေငြက်ပ္ သန္း(၅၀၀)လ်ာထားတင္ျပေတာင္းခံထားၿပီးရရွိပါက လက္ရွိေလယာဥ္ေျပးလမ္း ေပ (၇,၅၀၀) × ေပ (၁၀၀) ကို က်ပ္သန္း (၄၀၀) သုံးစြဲ၍ ပ်က္စီးမႈမ်ားေနေသာ ေျပးလမ္းအပိုင္းအလိုက္ ျပဳျပင္ထိန္းသိမ္း မည္ျဖစ္ေၾကာင္း။

ေလဆိပ္အေဆာက္အအုံကို အႀကီးစား ျပင္ဆင္မြမ္းမံျခင္း ၊တိုးခ်ဲ႕ျခင္း လုပ္ငန္းမ်ားအတြက္လာမည့္ ဘ႑ာေရးႏွစ္တြင္ ေတာင္ခံထားသည့္ ရန္ပုံေငြက်ပ္ သန္း (၁၀၀) ရရွိပါက ေလဆိပ္အေဆာက္အအုံတြင္ ATR-72 ေလယာဥ္ (၂)စီးစာ ခရီးသည္မ်ား တစ္ၿပိဳင္နက္ အဆင္ေျပလုံေလာက္စြာ ဝင္/ထြက္ အသုံးျပဳႏိုင္ေရးအတြက္ လက္ရွိအေဆာက္အအုံကို ေပ(၂၀) တိုးခ်ဲ႕ၿပီး အထြက္ခရီးသည္နားေနခန္းကို ပိုက်ယ္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး၊ တိုးခ်ဲ႕ၿပီးစီးပါက အထြက္ခရီးသည္ႏွင့္ အဝင္ခရီးသည္ဧရိယာမ်ားကို ျပင္ဆင္ဖြဲ႕စည္းသြားမည္ ျဖစ္ပါေၾကာင္း၊ ေလဆိပ္အေဆာက္အအုံတိုးခ်ဲ႕ျခင္းႏွင့္အတူ သန႔္စင္ခန္းမ်ား ထည့္သြင္းတည္ေဆာက္သြားမည္ ျဖစ္ၿပီး၊ ခရီးေဆာင္အိတ္မ်ား စနစ္တက်ေ႐ြးယူႏိုင္ေရးအတြက္ပါ ထည့္သြင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါေၾကာင္း ဒုတိယဝန္ႀကီးက ေျပာသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service