ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင်မှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - Property News in Myanmar from iMyanmarHouse.com
5011 Views

ကမ္ဘောဇသာဒီနန်းတော် အဆင့်မြှင့်တင်မှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

[Unicode]

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကမ္ဘောဇသာဒီနန်းတော် (Historical Park) အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် နေမှုနှင့် ပဲခူးယဉ်ကျေးမှုဇုန်ဝင်ကြေးငွေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၇ ရက်ကပြုလုပ်ခဲ့ကြောင်း အဆိုပါအစိုးရ အဖွဲ့မှသိရသည်။

အစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ဆောင်ရွက် နေပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အလေးထားကာ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် Covid-19 ကာလ အလွန် ခရီးသွားလုပ်ငန်းများပြန်လည်ကုစားနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း ယဉ်ကျေးမှုဇုန်အလိုက်ဝင်ကြေးကောက်ခံခြင်း၊ နေရာခွဲဝေမှု၊ တန်ဖိုးသတ်မှတ်ချက်များကို တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပညာ ရှင်များမှဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးစေလိုကြောင်းနှင့် ကမ္ဘောဇသာဒီနန်းတော်အား Historical Park အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အား ဆက်လက်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် Covid-19 ခရီးသွားလုပ်ငန်းများ ဝင်ငွေရပ်ဆိုင်းခဲ့ရမှုအပေါ် အစိုးရအဖွဲ့အနေဖြင့်ဖြေလျော့ပေးရနိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဆွေးနွေးသည်။

တင်ဒါစည်းကမ်းချက်များအရ ယဉ်ကျေးမှုဇုန်အလိုက် ရရှိလာမည့် ဘဏ္ဍာငွေများအား စနစ်တကျ ပြန်လည်သုံးစွဲသွားမည့်လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ဆွေးနွေးသည်။

ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနယ်မြေအလိုက် ဇုန်ဝင်ကြေး ကောက်ခံနေမှုအပေါ် Covid-19 အတွင်း နစ်နာမှုမရှိစေရး စီမံဆောင်ရွက် ပေးရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းကဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆင့်မြှင့်တင်ခြင်းနှင့်ဇုန်ဝင်ကြေးသတ်မှတ်ရေးကိုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပဲခူးဌာနခွဲ) တာဝန်ခံ၊ညွှန် ကြားရေးမှူး ဦးညိုမြင့်ထွန်းက Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး Covid-19 ကာလအလွန် ခရီးသွားလုပ်ငန်းများပြန် လည် ကုစားနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပညာရှင်များမှ အကြံပြုဆွေးနွေးခဲ့ကြကြောင်း ပဲခူးတိုင်း အစိုးရမှသိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကေမၻာဇသာဒီနန္းေတာ္ အဆင့္ျမႇင့္တင္မႈႏွင့္ ပဲခူးယဥ္ေက်းမႈဇုန္ဝင္ေၾကးေငြ သတ္မွတ္ေရး လုပ္ငန္းညွိႏိႈင္းအစည္းအေဝးျပဳလုပ္

ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး၊ ေတာ္ဝင္ဟံသာခန္းမ၌ ကေမၻာဇသာဒီနန္းေတာ္ (Historical Park) အျဖစ္ အဆင့္ျမႇင့္တင္ေဆာင္ရြက္ ေနမႈႏွင့္ ပဲခူးယဥ္ေက်းမႈဇုန္ဝင္ေၾကးေငြ သတ္မွတ္ေရး လုပ္ငန္းညွိႏိႈင္းအစည္းအေဝးကို ဇူလိုင္ ၇ ရက္ကျပဳလုပ္ခဲ့ေၾကာင္း အဆိုပါအစုိးရ အဖြဲ႔မွသိရသည္။

အစည္းအေဝးတြင္ ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ပဲခူးတိုင္းေဒသႀကီးအတြင္း ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ား ေဖာ္ထုတ္ေဆာင္ရြက္ ေနၿပီး ခရီးသြားလုပ္ငန္းဖြံ့ၿဖိဳးတိုးတက္ေစေရး အေလးထားကာ နိုင္ငံေတာ္မွခ်မွတ္ထားသည့္ မူဝါဒမ်ားအတိုင္း လိုက္နာေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အဓိကအားျဖင့္ Covid-19 ကာလ အလြန္ ခရီးသြားလုပ္ငန္းမ်ားျပန္လည္ကုစားနိုင္ေရးအတြက္ ပဲခူးတိုင္းေဒသႀကီးအတြင္း ယဥ္ေက်းမႈဇုန္အလိုက္ဝင္ေၾကးေကာက္ခံျခင္း၊ ေနရာခြဲေဝမႈ၊ တန္ဖိုးသတ္မွတ္ခ်က္မ်ားကို တက္ေရာက္လာသည့္ ဌာနဆိုင္ရာမ်ား၊ ပညာ ရွင္မ်ားမွဝိုင္းဝန္း အႀကံျပဳ ေဆြးေႏြးေပးေစလိုေၾကာင္းႏွင့္ ကေမၻာဇသာဒီနန္းေတာ္အား Historical Park အဆင့္ျမႇင့္တင္ေဆာင္ရြက္ေနမႈ အား ဆက္လက္ေဆာင္ရြက္သြားရန္မွာၾကားခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ Covid-19 ခရီးသြားလုပ္ငန္းမ်ား ဝင္ေငြရပ္ဆိုင္းခဲ့ရမႈအေပၚ အစိုးရအဖြဲ႕အေနျဖင့္ေျဖေလ်ာ့ေပးရနိုင္မည့္ နည္းလမ္းမ်ားႏွင့္ စပ္လ်ဥ္း၍ လူမႈေရးဝန္ႀကီး ေဒၚညြန႔္ညြန႔္ေဌးက ေဆြးေႏြးသည္။

တင္ဒါစည္းကမ္းခ်က္မ်ားအရ ယဥ္ေက်းမႈဇုန္အလိုက္ ရရွိလာမည့္ ဘ႑ာေငြမ်ားအား စနစ္တက် ျပန္လည္သုံးစြဲသြားမည့္လုပ္ငန္းစဥ္ မ်ားႏွင့္စပ္လ်ဥ္း၍ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးညြန႔္ေရႊက ေဆြးေႏြးသည္။

ခရီးသြားလုပ္ငန္း၊ ယဥ္ေက်းမႈနယ္ေျမအလိုက္ ဇုန္ဝင္ေၾကး ေကာက္ခံေနမႈအေပၚ Covid-19 အတြင္း နစ္နာမႈမရွိေစရး စီမံေဆာင္ရြက္ ေပးရမည့္ လုပ္ငန္းစဥ္အဆင့္ဆင့္ႏွင့္စပ္လ်ဥ္း၍ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးခင္ေမာင္ဆန္းကေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အဆင့္ျမႇင့္တင္ျခင္းႏွင့္ဇုန္ဝင္ေၾကးသတ္မွတ္ေရးကိုေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ (ပဲခူးဌာနခြဲ) တာဝန္ခံ၊ညႊန္ ၾကားေရးမႉး ဦးညိဳျမင့္ထြန္းက Power Point ျဖင့္ အေသးစိတ္ရွင္းလင္းတင္ျပခဲ့ၿပီး Covid-19 ကာလအလြန္ ခရီးသြားလုပ္ငန္းမ်ားျပန္ လည္ ကုစားနိုင္ေရးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာမ်ား၊ ပညာရွင္မ်ားမွ အႀကံျပဳေဆြးေႏြးခဲ့ၾကေၾကာင္း ပဲခူးတိုင္း အစိုးရမွသိရသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service