သရက်တော ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်မှာလေ့လာဆဲ အဆင့်သာရှိနေသေး - Property News in Myanmar from iMyanmarHouse.com
4620 Views

သရက်တော ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်မှာလေ့လာဆဲ အဆင့်သာရှိနေသေး

ရန်ကုန်တစ်ဖက်ကမ်းကော့မှူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် သရက်တော ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ဒေသခံများ၏ သဘောထားနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ရရှိမှသာ စတင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သရက်တော့ ရေနက်ဆိပ်ကမ်းကို ပြီးခဲ့သည့် အပတ်က စီးပွားကူးသန်းဝန်ကြီးအပါအဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ မှ သွားရောက်ကြည့်ရှုပြီးနောက် စီမံကိန်း အပေါ် စိတ်ဝင်စားသူများပြားလာခြင်းလည်းဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက် တိုင်းအစိုးရက ပထမဆုံးအကြိမ် လာရောက်ကြည့်ရှုခြင်းဖြစ်ပြီး ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိသေးကြောင်း ဒလမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကပြောသည်။

အစိုးရအနေဖြင့် စီမံကိန်းကို လေ့လာပြီးမှသာ လွှတ်တော်ကိုယ်စားလှယ်များထံချပြမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဓိကအားဖြင့်တော့ ဒေသခံတွေရဲ့ အကျိုးရင်းနှီးမြှပ်နှံသူတွေရဲ့ အကျိူး နှစ်ဖက်စလုံးမျှခြေပေါ့ လက်ရှိဒီဒေသတွေမှာက လမ်းပန်းဆက်သွယ်ရေးမကောင်းတာတွေရှိနေသေးတယ် မိုးတွင်းဆိုစက်လှေနဲ့သွားနေရတဲ့ရွာတွေရှိနေသေးတယ်တော်တော်လေးဖွံ့ဖြိုးမှုနောက်ကျနေပါသေးတယ်” လို့ ၎င်းကဆိုပါတယ်

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဒလမြို့နယ်တွင် အကောင်အထည်ဖော်မည့် ရန်ကုန်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့သို့ ၂၀၁၉ ဒီဇင်ဘာ လအတွင်းကတင်ပြထားပြီဖြစ်သည်။

နောက်ပိုင်းတွင် ရန်ကုန်တစ်ဖက်ကမ်းဒလ မြို့နယ်မှ နေပြီးကောမှူးမြို့အထိ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း၏ တစိတ်တစ်ဒေသ အဖြစ်ပါဝင်လာမည့် သရက်တော့ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံကို စီးပွားရေးလုပ်ငန်းရှင်များက အထူးစိတ်ဝင်စားလာခြင်းဖြစ်သည်။

နောက်ပိုင်းမှာရန်ကုန်နဲ့ဒလကိုဆက်သွယ်တည်ဆောက်ထားတဲ့ ကိုရီးယားမြန်မာချစ်ကြည်ရေးတံတားကြောင့်လည်းအခုစီမံကိန်းကပိုမိုအသက်ဝင်လာနိုင်တယ်လို့ဒေသခံတွေကမျှော်လင့်နေကြတာပါ။

အဆိုပါဒေသတွေနဲ့ဆက်စပ်နေတဲ့ ကွမ်းခြံကုန်း ဆယ်အိမ်တန်းဒေသမှာလည်း ရေနက်ဆိပ်ကမ်းလိုမျိူး အထူးစီးပွားရေးပုံစံတွေလုပ်ဖို့ စီစဉ်ထားတာတွေလည်းရှိနေပါတယ်။

သို့သော် အချို့သောကျွမ်းကျင်ပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်အတွက် သီလဝါ အထူးစီးပွားရေဇုန်ရှိနေသောကြောင့် ထပ်မံပြီး စီးပွားရေးဇုန်များ မလိုအပ်တော့ကြောင်းဝေဖန်ပြောဆိုမှုများလည်းရှိနေပြီဖြစ်သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

သရက္ေတာ ေရနက္ဆိပ္ကမ္းနွင့္ အထူးစီးပြားေရးဇုန္မွာေလ့လာဆဲ အဆင့္သာရွိေနေသး

ရန္ကုန္တစ္ဖက္ကမ္းေကာ့မွဴးျမိဳ႕နယ္တြင္ အေကာင္အထည္ေဖာ္မည့္ သရက္ေတာ ေရနက္ဆိပ္ကမ္း စီမံကိန္းသည္ ေဒသခံမ်ား၏ သေဘာထားနွင့္ ျပည္ေထာင္စု အစိုးရအဖြဲ့ ၏ ခြင့္ျပဳခ်က္ရရွိမွသာ စတင္နိုင္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

သရက္ေတာ့ ေရနက္ဆိပ္ကမ္းကို ျပီးခဲ့သည့္ အပတ္က စီးပြားကူးသန္း၀န္ၾကီးအပါအ၀င္ ရန္ကုန္တိုင္းအစိုးရအဖြဲဲ ့ မွ သြားေရာက္ၾကည့္ရႈျပီးေနာက္ စီမံကိန္း အေပၚ စိတ္၀င္စားသူမ်ားျပားလာျခင္းလည္းျဖစ္သည္။ အဆိုပါ စီမံကိန္းအတြက္ တိုင္းအစိုးရက ပထမဆံုးအႀကိမ္ လာေရာက္ၾကည့္႐ႈျခင္းျဖစ္ၿပီး ေဒသခံမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို တစ္စံုတစ္ရာ ေျပာၾကားထားျခင္း မရွိေသးေၾကာင္း ဒလၿမိဳ႕နယ္တိုင္းေဒသၾကီး လႊတ္ေတာ္ကိုယ္စားလွယ္ ကေျပာသည္။

အစိုးရအေနျဖင့္ စီမံကိန္းကို ေလ့လာၿပီးမွသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံခ်ျပမည္ဟု ေမွ်ာ္လင့္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

“အဓိကအားျဖင့္ေတာ့ ေဒသခံေတြရဲ႕ အက်ိဳးရင္းႏွီးျမွဳပ္ႏွံသူေတြရဲ႕အက်ိဴး ႏွစ္ဖက္စလံုးမွ်ေျခေပါ့ လက္ရွိဒီေဒသေတြမွာက လမ္းပန္းဆက္သြယ္ေရးမေကာင္းတာေတြရွိေနေသးတယ္ မိုးတြင္းဆိုစက္ေလွနဲ႕သြားေနရတဲ့ရြာေတြရွိေနေသးတယ္ေတာ္ေတာ္ေလးဖြံ႕ၿဖိဳးမွဳေနာက္က်ေနပါေသးတယ္” လို႔ ၎ကဆိုပါတယ္

ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းသည္ ဒလၿမိဳ႕နယ္တြင္ အေကာင္အထည္ေဖာ္မည့္ ရန္ကုန္အထူးစီးပြားေရးဇုန္စီမံကိန္းႏွင့္ပတ္သက္၍ ျပည္ေထာင္စုအဆင့္ အထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုအဖြဲ႕သို႔ ၂၀၁၉ ဒီဇင္ဘာ လအတြင္းကတင္ျပထားျပီျဖစ္သည္။

ေနာက္ပိုင္းတြင္ ရန္ကုန္တစ္ဖက္ကမ္းဒလ ျမိဳ့နယ္မွ ေနျပီးေကာမွဴးျမိဳ့အထိ ရန္ကုန္ျမိဳ့ျပဖြံ ့ျဖိဳးမွဳစီမံကိန္း၏ တစိတ္တစ္ေဒသ အျဖစ္ပါ၀င္လာမည့္ သရက္ေတာ့ ေရနက္ဆိပ္ကမ္းနွင့္ အထူးစီးပြားေရးဇံုကို စီးပြားေရးလုပ္ငန္းရွင္မ်ားက အထူးစိတ္၀င္စားလာျခင္းျဖစ္သည္။

ေနာက္ပိုင္းမွာရန္ကုန္နဲ ့ဒလကိုဆက္သြယ္တည္ေဆာက္ထားတဲ့ ကိုရီးယားျမန္မာခ်စ္ၾကည္ေရးတံတားေၾကာင့္လည္းအခုစီမံကိန္းကပိုမိုအသက္ဝင္လာႏိုင္တယ္လို႔ေဒသခံေတြကေမွ်ာ္လင့္ေနၾကတာပါ။ အဆိုပါေဒသေတြနဲ ့ဆက္စပ္ေနတဲ့ ကြမ္းျခံကုန္း ဆယ္အိမ္တန္းေဒသမွာလည္း ေရနက္ဆိ္ပ္ကမ္းလိုမ်ိဴး အထူးစီးပြားေရးပံုစံေတြလုပ္ဖို့ စီစဥ္ထားတာေတြလည္းရွိေနပါတယ္။

သို ့ေသာ္ အခ်ိဳ့ေသာက်ြမ္းက်င္ပညာရွင္မ်ားနွင့္ လြွတ္ေတာ္ကို္ယ္စားလွယ္မ်ားက ရန္ကုန္အတြက္ သီလ၀ါ အထူးစီးပြားေရဇုန္ရွိေနေသာေၾကာင့္ ထပ္မံျပီး စီးပြားေရးဇုန္မ်ား မလိုအပ္ေတာ့ေၾကာင္းေ၀ဖန္ေျပာဆိုမွဳမ်ားလည္းရွိေနျပီျဖစ္သည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service