မကွေး-ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းအကြိုလေ့လာရန် ကုမ္ပဏီတစ်ခုက ပြည်နယ်အစိုးရထံတင်ပြ - Property News in Myanmar from iMyanmarHouse.com
1897 Views

မကွေး-ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းအကြိုလေ့လာရန် ကုမ္ပဏီတစ်ခုက ပြည်နယ်အစိုးရထံတင်ပြ

[Unicode]

မကွေး-ကျောက်ဖြူ အမြန်ရထားလမ်းသစ် စီမံကိန်းအကောင်အထည်ဖော်ရန် အကြိုလေ့လာမူများဆောင်ရွက်ရန် Billionaire Phyo Construction & Engineering ကုမ္ပဏီက ရခိုင်ပြည်နယ်အစိုးရထံတင်ပြခဲ့သည်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုရထားလမ်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၆၀မှ ၂၂၀ကြား(မိုင်၁၀၀မှ မိုင် ၁၄၀ခန့်) ပေးဆွဲရန်ဖြစ်သည်ဟု ကုမ္ပဏီက ပြည်နယ်အစိုးရထံ တင်ပြခဲ့ကြောင်း ဆိုသည်။

အကြိုစီမံကိန်းလေ့လာခြင်း(Pre Feasibility)ရန် ဆောင်ရွက်ခွင့်ပြုနိုင်ရေး Billionaire Phyo Construction & Engineering ကုမ္ပဏီလီမိတက်တင်ပြခြင်းဖြစ်သည်။

ကုမ္ပဏီက တင်ပြရာတွင် ထိုစီမံကိန်းသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်ဟု ကုမ္ပဏီကတင်ပြကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်သည်။

ထိုစီမံကိန်း Billionaire Phyo Construction & Engineering ကုမ္ပဏီလီမိတက်နှင့်အတူ Elite City Investment ကုမ္ပဏီလီမိတက်တို့မှ ကုန်ကျခံပြီးဆောင်ရွက်သွားမည်ဟုဆိုသည်။ Elite City Investment ကုမ္ပဏီလီမိတက် သည် မန္တလေးမှ ပုဂံလမ်းပိုင်းကို စီမံကိန်းဖြစ်နိုင်ခြေအကြိုလေ့လာခွင့်ရထားသည် ကုမ္ပဏီဖြစ်သည်။

ထိုပြင် အမ်းနှင့် ကျောက်ဖြူကြား သံတွဲ-ငပလီကမ်းအထိ အမြန်ရထားစီမံကိန်းအတွက်လည်း စီမံကိန်းအကြိုလေ့လာရေးဆွေးနွေးခဲ့သည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်သည်။

Billionaire Phyo Construction & Engineering ကုမ္ပဏီသည် ၂၀၂၀ ဇွန် ၁၁ ရက်တွင် ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမူဦးစီးဌာနတွင် မြန်မာကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသည်။

နိုင်ငံတကာ အဆင့်မီ မန္တလေး- ပုဂံ အမြန်ရထားလမ်းသစ် (Express Standard Gauge Railway) အဖြစ် အဆင့်မြှင့်တင်ရန်လမ်းပိုင်း လေ့လာမှုကို ပြည်တွင်း Elite City Investment ကုမ္ပဏီနှင့် Power China International Group Company နှင့် တရုတ်နိုင်ငံ ရထားလမ်းဒီဇိုင်း ကော်ပိုရေးရှင်း (CRDC) စသည့် ကုမ္ပဏီ ၃ ခု မှ ပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်သည်။

ပုဂံဒေသသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်မှု မြင့်တက်နေခြင်းကြောင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာစေရန်နှင့် လမ်းပိုင်းအဆင့်မြှင့်တင်မှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တရုတ် သမ္မတ ရှီကျင့်ဖျင့် မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်အတွင်း နှစ်နိုင်ငံ MoU ရေးထိုးခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံ ရေးထိုးထားသည့် MoU အရ လမ်းပိုင်းအဆင့်မြှင့်တင်ရန်အတွက် လေ့လာမှု ကုန်ကျစရိတ်များကို ကုမ္ပဏီဘက်က ကျခံမည်ဖြစ်ပြီး၊ အကယ်၍ ရထားလမ်းကို စီမံကိန်း ဖော်နိုင်သည့် ရလဒ်မျိုး ထွက်လာပါက မြန်မာ့ မီးရထားမှ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူ ဆောင်ရွက်မည် ဖြစ်ကာ၊ MoU သက်တမ်းမှာ ၂ နှစ်ဖြစ်သည်။

နိုင်ငံတကာ အတွေ့အကြုံအရ ရထားလမ်းကြောင်း တကြောင်း တည်ဆောက်ရာတွင် ကုန်ကျစရိတ် စုစုပေါင်းထဲမှ ၀ ဒသမ ၂ ရာခိုင်နှုန်းက ကနဦး လေ့လာမှု ကုန်ကျစရိတ် အဖြစ် ကုန်ကျသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မေကြး-ေက်ာက္ျဖဴ အျမန္ရထားလမ္း စီမံကိန္းအႀကိဳေလ့လာရန္ ကုမၸဏီတစ္ခုက ျပည္နယ္အစိုးရထံတင္ျပ

မေကြး-ေက်ာက္ျဖဴ အျမန္ရထားလမ္းသစ္ စီမံကိန္းအေကာင္အထည္ေဖာ္ရန္ အႀကိဳေလ့လာမူမ်ားေဆာင္႐ြက္ရန္ Billionaire Phyo Construction & Engineering ကုမၸဏီက ရခိုင္ျပည္နယ္အစိုးရထံတင္ျပခဲ့သည္ေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕က သတင္းထုတ္ျပန္သည္။

ထိုရထားလမ္းသည္ တစ္နာရီလွ်င္ ကီလိုမီတာ ၁၆၀မွ ၂၂၀ၾကား(မိုင္၁၀၀မွ မိုင္ ၁၄၀ခန႔္) ေပးဆြဲရန္ျဖစ္သည္ဟု ကုမၸဏီက ျပည္နယ္အစိုးရထံ တင္ျပခဲ့ေၾကာင္း ဆိုသည္။

အႀကိဳစီမံကိန္းေလ့လာျခင္း(Pre Feasibility)ရန္ ေဆာင္႐ြက္ခြင့္ျပဳႏိုင္ေရး Billionaire Phyo Construction & Engineering ကုမၸဏီလီမိတက္တင္ျပျခင္းျဖစ္သည္။

ကုမၸဏီက တင္ျပရာတြင္ ထိုစီမံကိန္းသည္ ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အကူျပဳမည္ျဖစ္သည္ဟု ကုမၸဏီကတင္ျပေၾကာင္း ျပည္နယ္အစိုးရက ထုတ္ျပန္သည္။

ထိုစီမံကိန္း Billionaire Phyo Construction & Engineering ကုမၸဏီလီမိတက္ႏွင့္အတူ Elite City Investment ကုမၸဏီလီမိတက္တို႔မွ ကုန္က်ခံၿပီးေဆာင္႐ြက္သြားမည္ဟုဆိုသည္။ Elite City Investment ကုမၸဏီလီမိတက္ သည္ မႏၲေလးမွ ပုဂံလမ္းပိုင္းကို စီမံကိန္းျဖစ္ႏိုင္ေျခအႀကိဳေလ့လာခြင့္ရထားသည္ ကုမၸဏီျဖစ္သည္။

ထိုျပင္ အမ္းႏွင့္ ေက်ာက္ျဖဴၾကား သံတြဲ-ငပလီကမ္းအထိ အျမန္ရထားစီမံကိန္းအတြက္လည္း စီမံကိန္းအႀကိဳေလ့လာေရးေဆြးေႏြးခဲ့သည္ဟု ျပည္နယ္အစိုးရက ထုတ္ျပန္သည္။

Billionaire Phyo Construction & Engineering ကုမၸဏီသည္ ၂၀၂၀ ဇြန္ ၁၁ ရက္တြင္ ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫြန႔္ၾကားမူဦးစီးဌာနတြင္ ျမန္မာကုမၸဏီအျဖစ္ မွတ္ပုံတင္ထားသည္။

ႏိုင္ငံတကာ အဆင့္မီ မႏၲေလး- ပုဂံ အျမန္ရထားလမ္းသစ္ (Express Standard Gauge Railway) အျဖစ္ အဆင့္ျမႇင့္တင္ရန္လမ္းပိုင္း ေလ့လာမႈကို ျပည္တြင္း Elite City Investment ကုမၸဏီႏွင့္ Power China International Group Company ႏွင့္ တ႐ုတ္ႏိုင္ငံ ရထားလမ္းဒီဇိုင္း ေကာ္ပိုေရးရွင္း (CRDC) စသည့္ ကုမၸဏီ ၃ ခု မွ ပူးေပါင္း၍ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ပုဂံေဒသသို႔ ျပည္တြင္း၊ ျပည္ပ ခရီးသြားမ်ား လာေရာက္မႈ ျမင့္တက္ေနျခင္းေၾကာင့္ ခရီးသြားက႑ ဖြံ႕ၿဖိဳးလာေစရန္ႏွင့္ လမ္းပိုင္းအဆင့္ျမႇင့္တင္မႈမ်ား ေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္၍ တ႐ုတ္ သမၼတ ရွီက်င့္ဖ်င့္ ျမန္မာႏိုင္ငံသို႔ လာေရာက္ေသာ ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံ MoU ေရးထိုးခဲ့ျခင္းျဖစ္သည္။

ႏွစ္ႏိုင္ငံ ေရးထိုးထားသည့္ MoU အရ လမ္းပိုင္းအဆင့္ျမႇင့္တင္ရန္အတြက္ ေလ့လာမႈ ကုန္က်စရိတ္မ်ားကို ကုမၸဏီဘက္က က်ခံမည္ျဖစ္ၿပီး၊ အကယ္၍ ရထားလမ္းကို စီမံကိန္း ေဖာ္ႏိုင္သည့္ ရလဒ္မ်ိဳး ထြက္လာပါက ျမန္မာ့ မီးရထားမွ ျပည္တြင္း၊ ျပည္ပ ကုမၸဏီမ်ားကို တင္ဒါေခၚယူ ေဆာင္႐ြက္မည္ ျဖစ္ကာ၊ MoU သက္တမ္းမွာ ၂ ႏွစ္ျဖစ္သည္။

ႏိုင္ငံတကာ အေတြ႕အႀကဳံအရ ရထားလမ္းေၾကာင္း တေၾကာင္း တည္ေဆာက္ရာတြင္ ကုန္က်စရိတ္ စုစုေပါင္းထဲမွ ၀ ဒသမ ၂ ရာခိုင္ႏႈန္းက ကနဦး ေလ့လာမႈ ကုန္က်စရိတ္ အျဖစ္ ကုန္က်သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service