COVID-19 ကြောင့် မိုးပျံအမြန်ကားလမ်းစီမံကိန်းတင်ဒါလုပ်ငန်းရပ်ဆိုင်းထားဟု ဝန်ကြီးဌာနဆို - Property News in Myanmar from iMyanmarHouse.com
1068 Views

COVID-19 ကြောင့် မိုးပျံအမြန်ကားလမ်းစီမံကိန်းတင်ဒါလုပ်ငန်းရပ်ဆိုင်းထားဟု ဝန်ကြီးဌာနဆို

[Unicode]

ရန်ကုန်မိုးပျံအမြန်ကားလမ်းဖောက်လုပ်ရန် COVID-19 ကပ်ရောဂါကာလ ဖြစ်နေ၍ တင်ဒါရွေးချယ်ပွဲကို ရွှေ့ဆိုင်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများနှင့်ကြီးကြပ်မည့် IFC မှ ကိုယ်စားလှယ်များ မလာရောက်နိုင်ခြင်းကြောင့် တင်ဒါရွှေးချယ်ပွဲကို ရွှေ့ဆိုင်းခြင်းဖြစ်သည်ဟု ဒုဝန်ကြီးကဆိုသည်၊

‘‘အင်တာနေရှင်နယ် လေယာဉ်တွေ ပြန်ဝင်လာရင်တော့ ကျွန်တော်တို့က တင်ဒါဖွင့်ပွဲ လုပ်သွားမှာဖြစ်ပါတယ်’’ ဟု ဒု ဝန်ကြီးက ပြောသည်။

ရန်ကုန်မိုးပျံအမြန်ကားလမ်းကို ၂၀၂၀ နှစ် ဇူလိုင်တွင် စတင် ဆောက်လုပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် လွှတ်တော်အမတ်တို့က ပြောသည်။

စီမံကိန်းစတင်ရန်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များကို အစိုးရက ဇန်နဝါရီ ၁၈ ရက်၌ အသိပေးရှင်းပြသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားထားသည်။

ရှင်းပြရာတွင် လုပ်ကိုင်ခွင့်ရရှိရန် အရည်အချင်းအောင်မြင်ထားသည့် လုပ်ငန်းစု ၁၀ ခုက မတ်လတွင် စီမံကိန်းရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာတင်ပြရမည်ဖြစ်သည်။ ၎င်းတို့အနက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခုကို ဧပြီတွင် ရွေးချယ်မည်ဟုဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဇော်မြင့်က ပြောထားသည်။ထိုကုမ္ပဏီသည် ဇူလိုင်လကုန်တွင် လုပ်ငန်းစတင်ရမည်ဟု ၎င်းကဆိုထားသည်။သို့သော်လ COVID-19 ကြောင့် စီမံကိန်းရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ရန်ကုန်မိုးပျံအမြန်ကားလမ်းတွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး အပိုင်း(၁)ကို ဦးစွာအကောင်အထည်ဖော်မည်ဖြစ်သည်။ စီမံကိန်းတစ်ခုလုံးသည် ၄၄ ဒသမ ၁ ကီလိုမီတာ (၂၇ မိုင်ကျော်) ရှိပြီး အရှေ့ဘက်ခြမ်း အပိုင်း(၁) သည် ၂၇ ဒသမ ၆ ကီလိုမီတာ (၁၇ မိုင်ကျော်) နှင့် အနောက်ခြမ်းအပိုင်း (၂) သည် ၁၆ ဒသမ ၅ ကီလိုမီတာ(၁၀ မိုင်ကျော်) ရှိသည်။

အပိုင်း(၁)သည် အထက်ပုဇွန်တောင်လမ်းမှ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်း၊ ခရေပင်လမ်းတို့ကို ဖြတ်သန်း၍ အောက်မင်္ဂလာဒုံလမ်းဆုံအထိဖြစ်သည်။

ထိုစီမံကိန်းအပိုင်း(၁)အဆို ပြုလွှာကို နိုင်ငံတကာမှ နာမည် ကျော်ဆောက်လုပ်ရေးကုမ္ပဏီများပါဝင်သော လုပ်ငန်းစု ၁၂ ခု က တင်သွင်းခဲ့သည်။

၎င်းတို့သည် ပြင်သစ် VINCI Highways ကုမ္ပဏီ၊ ကိုရီးယားကုမ္ပဏီခုနစ်ခု စုပေါင်းထားသည့် ကိုရီးယားလုပ်ငန်းစု၊ တရုတ် CCCC ကုမ္ပဏီ၊ ဂျပန် JFEE နှင့် Marubeni တို့ ပူးပေါင်းထားသည့် လုပ်ငန်းစု၊ ထိုင်း Bangkok Expressway ၊ ဂျပန် Sumitomo, IHI နှင့် မြန်မာရွှေတောင်ကုမ္ပဏီတို့ ပူးပေါင်း သည့်လုပ်ငန်းစု၊ တရုတ် CRIGCDL လုပ်ငန်းစု၊ တရုတ် Shang -hai Pengxin နှင့် ပြည်တွင်းမှ လိုင်စင်ရကန်ထရိုက်တာအသင်း ပေါင်းထားသည့် လုပ်ငန်းစု၊ ဖိလစ်ပိုင် Metro Pacific Tollways ကော်ပိုရေးရှင်း၊ တရုတ် CGGC နှင့် GGG လုပ်ငန်းစု၊ အီတာလျံ- ထိုင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ ပေါင်းထားသည့် လုပ်ငန်းစု၊ တရုတ်-မြန်မာပေါင်းထားသည့် Denso-CSCEC လုပ်ငန်းစု၊ တရုတ် Power Construction ကော်ပိုရေးရှင်းတို့ဖြစ်သည်။

လက်ရှိတွင် ထိုလုပ်ငန်း ၁၂ ခုအနက် နှစ်ခုသည် ဝန်ကြီးဌာန သို့ မဆက်သွယ်တော့၍ စုစု ပေါင်းလုပ်ငန်းစု ၁၀ ခုကျန်ရှိနေ သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ေၾကာင့္ မိုးပ်ံအျမန္ကားလမ္းစီမံကိန္းတင္ဒါလုပ္ငန္းရပ္ဆိုင္းထားဟု ဝန္ႀကီးဌာနဆို

ရန္ကုန္မိုးပ်ံအျမန္ကားလမ္းေဖာက္လုပ္ရန္ COVID-19 ကပ္ေရာဂါကာလ ျဖစ္ေန၍ တင္ဒါေ႐ြးခ်ယ္ပြဲကို ေ႐ႊ႕ဆိုင္းထားေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ၾကီး ဦးေက်ာ္လင္းက ေျပာသည္။

တင္ဒါေလွ်ာက္ထားသည့္ ကုမၸဏီမ်ားႏွင့္ႀကီးၾကပ္မည့္ IFC မွ ကိုယ္စားလွယ္မ်ား မလာေရာက္ႏိုင္ျခင္းေၾကာင့္ တင္ဒါေ႐ႊးခ်ယ္ပြဲကို ေ႐ႊ႕ဆိုင္းျခင္းျဖစ္သည္ဟု ဒုဝန္ႀကီးကဆိုသည္၊

‘‘အင္တာေနရွင္နယ္ ေလယာဥ္ေတြ ျပန္ဝင္လာရင္ေတာ့ ကြၽန္ေတာ္တို႔က တင္ဒါဖြင့္ပြဲ လုပ္သြားမွာျဖစ္ပါတယ္’’ ဟု ဒု ဝန္ႀကီးက ေျပာသည္။

ရန္ကုန္မိုးပ်ံအျမန္ကားလမ္းကို ၂၀၂၀ ႏွစ္ ဇူလိုင္တြင္ စတင္ ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူႏွင့္ လႊတ္ေတာ္အမတ္တို႔က ေျပာသည္။

စီမံကိန္းစတင္ရန္ႏွင့္ ပတ္သက္၍ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို အစိုးရက ဇန္နဝါရီ ၁၈ ရက္၌ အသိေပးရွင္းျပသည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေျပာၾကားထားသည္။

ရွင္းျပရာတြင္ လုပ္ကိုင္ခြင့္ရရွိရန္ အရည္အခ်င္းေအာင္ျမင္ထားသည့္ လုပ္ငန္းစု ၁၀ ခုက မတ္လတြင္ စီမံကိန္းရင္းႏွီးျမႇဳပ္ႏွံမႈအဆိုျပဳလႊာတင္ျပရမည္ျဖစ္သည္။ ၎တို႔အနက္ လုပ္ကိုင္ခြင့္ရ ကုမၸဏီတစ္ခုကို ဧၿပီတြင္ ေ႐ြးခ်ယ္မည္ဟုေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးၾကည္ေဇာ္ျမင့္က ေျပာထားသည္။ထိုကုမၸဏီသည္ ဇူလိုင္လကုန္တြင္ လုပ္ငန္းစတင္ရမည္ဟု ၎ကဆိုထားသည္။သို႔ေသာ္လ COVID-19 ေၾကာင့္ စီမံကိန္းေ႐ႊ႕ဆိုင္းခဲ့ရျခင္းျဖစ္သည္။

ရန္ကုန္မိုးပ်ံအျမန္ကားလမ္းတြင္ အပိုင္းႏွစ္ပိုင္းပါဝင္ၿပီး အပိုင္း(၁)ကို ဦးစြာအေကာင္အထည္ေဖာ္မည္ျဖစ္သည္။ စီမံကိန္းတစ္ခုလုံးသည္ ၄၄ ဒသမ ၁ ကီလိုမီတာ (၂၇ မိုင္ေက်ာ္) ရွိၿပီး အေရွ႕ဘက္ျခမ္း အပိုင္း(၁) သည္ ၂၇ ဒသမ ၆ ကီလိုမီတာ (၁၇ မိုင္ေက်ာ္) ႏွင့္ အေနာက္ျခမ္းအပိုင္း (၂) သည္ ၁၆ ဒသမ ၅ ကီလိုမီတာ(၁၀ မိုင္ေက်ာ္) ရွိသည္။

အပိုင္း(၁)သည္ အထက္ပုဇြန္ေတာင္လမ္းမွ ေဝဇယႏၲာလမ္း၊ သုဓမၼာလမ္း၊ ခေရပင္လမ္းတို႔ကို ျဖတ္သန္း၍ ေအာက္မဂၤလာဒုံလမ္းဆုံအထိျဖစ္သည္။

ထိုစီမံကိန္းအပိုင္း (၁) အဆိုျပဳလႊာကို ႏိုင္ငံတကာမွ နာမည္ေက်ာ္ေဆာက္လုပ္ေရးကုမၸဏီမ်ားပါဝင္ေသာ လုပ္ငန္းစု ၁၂ ခု က တင္သြင္းခဲ့သည္။

၎တို႔သည္ ျပင္သစ္ VINCI Highways ကုမၸဏီ၊ ကိုရီးယားကုမၸဏီခုနစ္ခု စုေပါင္းထားသည့္ ကိုရီးယားလုပ္ငန္းစု၊ တ႐ုတ္ CCCC ကုမၸဏီ၊ ဂ်ပန္ JFEE ႏွင့္ Marubeni တို႔ ပူးေပါင္းထားသည့္ လုပ္ငန္းစု၊ ထိုင္း Bangkok Expressway ၊ ဂ်ပန္ Sumitomo, IHI ႏွင့္ ျမန္မာေ႐ႊေတာင္ကုမၸဏီတို႔ ပူးေပါင္း သည့္လုပ္ငန္းစု၊ တ႐ုတ္ CRIGCDL လုပ္ငန္းစု၊ တ႐ုတ္ Shang -hai Pengxin ႏွင့္ ျပည္တြင္းမွ လိုင္စင္ရကန္ထ႐ိုက္တာအသင္း ေပါင္းထားသည့္ လုပ္ငန္းစု၊ ဖိလစ္ပိုင္ Metro Pacific Tollways ေကာ္ပိုေရးရွင္း၊ တ႐ုတ္ CGGC ႏွင့္ GGG လုပ္ငန္းစု၊ အီတာလ်ံ- ထိုင္းကုမၸဏီႏွင့္ တ႐ုတ္ကုမၸဏီ ေပါင္းထားသည့္ လုပ္ငန္းစု၊ တ႐ုတ္-ျမန္မာေပါင္းထားသည့္ Denso-CSCEC လုပ္ငန္းစု၊ တ႐ုတ္ Power Construction ေကာ္ပိုေရးရွင္းတို႔ျဖစ္သည္။

လက္ရွိတြင္ ထိုလုပ္ငန္း ၁၂ ခုအနက္ ႏွစ္ခုသည္ ဝန္ႀကီးဌာန သို႔ မဆက္သြယ္ေတာ့၍ စုစု ေပါင္းလုပ္ငန္းစု ၁၀ ခုက်န္ရွိေနသည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service