EFR ကုမ္ပဏီရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းစဝင်သည့်နေတွင်ရှယ်ယာ ၈၄ သန်းကျော်ဖိုးအရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
953 Views

EFR ကုမ္ပဏီရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းစဝင်သည့်နေတွင်ရှယ်ယာ ၈၄ သန်းကျော်ဖိုးအရောင်းအဝယ်ဖြစ်

[Unicode]

ရန်ကုန်စတော့အိတ်ချိန်းတွင် EFR ကုမ္ပဏီ၏ ပထမဦးစာရင်းစဝင်သည့်နေတွင် ရှယ်ယာ ၈၄ သန်းဖိုးအရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာဈေးမြင့်တက်လာကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ဖော်ပြထားသည်။

COVID-19 ကြောင့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် နှောင့်နှေးခဲ့ပြီးနောက် မေ ၂၈ ရက်တွင် အခမ်းအနားအကျဉ်းရုံးပြုလုပ်၍ စတော့အိတ်ချိန်းသို့ဝင်ခဲ့ခြင်းဖြစ်သည်။

ထို Ever Flow River-EFR ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းတွင် အခြေခံပေါက်ဈေးကို ရှယ်ယာတစ်စုလျှင် ကျပ် ၂၃၀၀ဖြင့် စာရင်းဝင်ခဲ့ပြီးနောက် ကျပ် ၂၇၅၀ အထိ ရှယ်ယာဈေးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

စာရင်းဝင်သည့်နေတွင် အစုရှယ်ယာပေါင်း ၃၁၀၀အတွက် တန်ဖိုး ကျပ် ၈၄ သန်းဖိုးရောင်းချနိုင်ခဲ့ပြီး မေ ၂၈ ရက်အတွက် ပမာဏအများဆုံး အရောင်းအဝယ်ဖြစ်ခဲ့သည့် ကုမ္ပဏီဖြစ်လာသည်။

EFR ကုမ္ပဏီသည် ရန်ကုန်စတော့ အိတ်ချိန်းတွင် ပဉ္စမမြောက် အများပိုင်ကုမ္ပဏီ TMH စာရင်း ဝင်ပြီးနောက် ၂ နှစ်ကျော် ကာလ အတွင်း ပထမဆုံး စာရင်းဝင်လာ သည့် အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်သည်။

“စောင့်စားမျှော်လင့်ခဲ့တာ နှစ်နှစ်ကျော်ပါပြီ။ ငါးခုမြောက် ကုမ္ပဏီက ၂၀၁၈မှ ဝင်ရောက်ခဲ့ပြီး ၂၀၂၀၊ ၅ လပိုင်းမှာ ခြောက်ခုမြောက်ကြော်ငြာနိုင်ခဲ့ရတာပါ။ တော်တော်လေးစောင့်စားခဲ့ရတာပါ”ဟု ချေးငွေသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် ဥက္ကဌဦးမောင်မောင်ဝင်းကပြောသည်။

လက်ရှိအချိန်တွင် ဘဏ်တိုးနှုန်းများလျော့ချခြင်းကြောင့် ငွေပိုငွေလျှံရှိသူများသည် စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံရန် အချိန်အခါကောင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ယင်းကုမ္ပဏီသည် သယ်ယူ ထောက်ပံ့လုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ သယ်ယူပို့ ဆောင်ရေးနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်ဟု ရန်ကုန်စတော့အိတ်ချိန်း က ကြေညာသည်။

EFR ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းဝင်ရောက်ရန် ၅ နှစ်ခန့်ကြိုးစားခဲ့ရပြီး ယခုဝင်ရောက်လာခြင်းသည် သယ်ယူထောက်ပံ့ကဏ္ဍတွင် အခြေခံအဆောက်အဦးတိုးတက်ရေးအတွက်ဖြစ်သည်ဟု အဆိုပါကုမ္ပဏီ ဥက္ကဌဦးကျော်လွင်ဦးကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်အရ မေ ၂၈ ရက်တွင် ကုမ္ပဏီ ၆ ခုမှ အစုရှယ်ယာပေါင်း ၄၆၀၀၀ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပြီး စုစုပေါင်း ကျပ် သန်း ၁၇၀ကျော်ဖိုးရှိသည်ဟုဆိုသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

EFR ကုမၸဏီရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ စာရင္းစဝင္သည့္ေနတြင္ရွယ္ယာ ၈၄ သန္းေက်ာ္ဖိုးအေရာင္းအဝယ္ျဖစ္

ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ EFR ကုမၸဏီ၏ ပထမဦးစာရင္းစဝင္သည့္ေနတြင္ ရွယ္ယာ ၈၄ သန္းဖိုးအေရာင္းအဝယ္ျဖစ္ခဲ့ၿပီး ရွယ္ယာေဈးျမင့္တက္လာေၾကာင္း ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ ေဖာ္ျပထားသည္။

COVID-19 ေၾကာင့္ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ စာရင္းဝင္ရန္ ေႏွာင့္ေႏွးခဲ့ၿပီးေနာက္ ေမ ၂၈ ရက္တြင္ အခမ္းအနားအက်ဥ္း႐ုံးျပဳလုပ္၍ စေတာ့အိတ္ခ်ိန္းသို႔ဝင္ခဲ့ျခင္းျဖစ္သည္။

ထို Ever Flow River-EFR ကုမၸဏီသည္ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ အေျခခံေပါက္ေဈးကို ရွယ္ယာတစ္စုလွ်င္ က်ပ္ ၂၃၀၀ျဖင့္ စာရင္းဝင္ခဲ့ၿပီးေနာက္ က်ပ္ ၂၇၅၀ အထိ ရွယ္ယာေဈးျမင့္တက္ခဲ့ျခင္းျဖစ္သည္။

စာရင္းဝင္သည့္ေနတြင္ အစုရွယ္ယာေပါင္း ၃၁၀၀အတြက္ တန္ဖိုး က်ပ္ ၈၄ သန္းဖိုးေရာင္းခ်ႏိုင္ခဲ့ၿပီး ေမ ၂၈ ရက္အတြက္ ပမာဏအမ်ားဆုံး အေရာင္းအဝယ္ျဖစ္ခဲ့သည့္ ကုမၸဏီျဖစ္လာသည္။

EFR ကုမၸဏီသည္ ရန္ကုန္စေတာ့ အိတ္ခ်ိန္းတြင္ ပၪၥမေျမာက္ အမ်ားပိုင္ကုမၸဏီ TMH စာရင္း ဝင္ၿပီးေနာက္ ၂ ႏွစ္ေက်ာ္ ကာလ အတြင္း ပထမဆုံး စာရင္းဝင္လာ သည့္ အမ်ားပိုင္ကုမၸဏီတစ္ခု ျဖစ္သည္။

“ေစာင့္စားေမွ်ာ္လင့္ခဲ့တာ ႏွစ္ႏွစ္ေက်ာ္ပါၿပီ။ ငါးခုေျမာက္ ကုမၸဏီက ၂၀၁၈မွ ဝင္ေရာက္ခဲ့ၿပီး ၂၀၂၀၊ ၅ လပိုင္းမွာ ေျခာက္ခုေျမာက္ေၾကာ္ျငာႏိုင္ခဲ့ရတာပါ။ ေတာ္ေတာ္ေလးေစာင့္စားခဲ့ရတာပါ”ဟု ေခ်းေငြသက္ေသခံလက္မွတ္ လုပ္ငန္းႀကီးၾကပ္ေရး ေကာ္မရွင္ ဥကၠဌဦးေမာင္ေမာင္ဝင္းကေျပာသည္။

လက္ရွိအခ်ိန္တြင္ ဘဏ္တိုးႏႈန္းမ်ားေလ်ာ့ခ်ျခင္းေၾကာင့္ ေငြပိုေငြလွ်ံရွိသူမ်ားသည္ စေတာ့အိတ္ခ်ိန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ အခ်ိန္အခါေကာင္းျဖစ္သည္ဟုလည္း ၎ကဆိုသည္။

ယင္းကုမၸဏီသည္ သယ္ယူ ေထာက္ပံ့လုပ္ငန္းမ်ားကို အျပည့္အဝ ေဆာင္႐ြက္ေနၿပီး ျမန္မာႏိုင္ငံ၏ သယ္ယူပို႔ ေဆာင္ေရးႏွင့္ ကုန္စည္ေထာက္ပံ့ပို႔ေဆာင္ေရး လုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ျဖစ္သည္ဟု ရန္ကုန္စေတာ့အိတ္ခ်ိန္း က ေၾကညာသည္။

EFR ကုမၸဏီသည္ ရန္ကုန္စေတာ့အိတ္ခ်ိန္းဝင္ေရာက္ရန္ ၅ ႏွစ္ခန႔္ႀကိဳးစားခဲ့ရၿပီး ယခုဝင္ေရာက္လာျခင္းသည္ သယ္ယူေထာက္ပံ့က႑တြင္ အေျခခံအေဆာက္အဦးတိုးတက္ေရးအတြက္ျဖစ္သည္ဟု အဆိုပါကုမၸဏီ ဥကၠဌဦးေက်ာ္လြင္ဦးကေျပာသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္း၏ ထုတ္ျပန္ခ်က္အရ ေမ ၂၈ ရက္တြင္ ကုမၸဏီ ၆ ခုမွ အစုရွယ္ယာေပါင္း ၄၆၀၀၀ေက်ာ္အေရာင္းအဝယ္ျဖစ္ခဲ့ၿပီး စုစုေပါင္း က်ပ္ သန္း ၁၇၀ေက်ာ္ဖိုးရွိသည္ဟုဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service