ရန်ကုန်စတော့အိတ်ချိန်း၏ (၆) ခု မြောက်စာရင်းဝင်မည့် ကုမ္ပဏီ၏ ရှယ်ယာကို ကျပ် ၂၃၀၀ ဖြင့် စတင်ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com
1054 Views

ရန်ကုန်စတော့အိတ်ချိန်း၏ (၆) ခု မြောက်စာရင်းဝင်မည့် ကုမ္ပဏီ၏ ရှယ်ယာကို ကျပ် ၂၃၀၀ ဖြင့် စတင်ဝယ်ယူနိုင်

[Unicode]

ရန်ကုန်စတော့အိပ်ချိန်းတွင် (၆) ခုမြောက်စာရင်းဝင်မည့် Ever Flow River-EFR ကုမ္ပဏီက ရှယ်ယာတစ်စုလျှင် ကျပ် ၂၃၀၀ သတ်မှတ်ပြီး ရှယ်ယာများကို မေ ၂၈ ရက်တွင် စတင်ဝယ်ယူနိုင်ဟု ထုတ်ပြန်သည်။

COVID-19 ရောဂါကြောင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ရန် နှောင့်နှေးခဲ့သည့် EFR ကုမ္ပဏီသည် မေ ၂၈ ရက်တွင် စာရင်းဝင်ကုမ္ပဏီအဖြစ် ရှယ်ယာများ စတင်ရောင်းချတော့မည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ကြေငြာထားသည်။

ထိုသို့ ဝယ်ယူရန် ရှယ်ယာအကြိုအမှာစာများ တင်ပို့သွင်းနိုင်ပြီဖြစ်ကြောင်း ထိုစာရင်းဝင်ရန် ကုမ္ပဏီနှင့် စတော့အိတ်ချိန်းမှ လူငါးဦးဖြင့်သာကျင်းပသွားမည်ဟု အဆိုပါ ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဦးအောင်မင်းဟန်က ပြောသည်။

EFR ကုမ္ပဏီသည် ရန်ကုန် စတော့အိတ်ချိန်းတွင် ပဉ္စမ မြောက် အများပိုင်ကုမ္ပဏီ TMH စာရင်းဝင်ပြီးနောက် ၂ နှစ်ကျော် ကာလအတွင်း ပထမဆုံး စာရင်းဝင်လာသည့် အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်သည်။

ယင်းကုမ္ပဏီသည် သယ်ယူ ထောက်ပံ့လုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ သယ်ယူပို့ ဆောင်ရေးနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ် သည်ဟု ရန်ကုန်စတော့အိတ်ချိန်း က ကြေညာသည်။

EFR ကုမ္ပဏီသည် လက်အောက်ခံကုမ္ပဏီခုနစ်ခု၊ အဖွဲ့အစည်းတစ်ခုနှင့် စီမံကိန်းကုမ္ပဏီ နှစ်ခုတို့ဖြင့် ထူထောင်ထားသော ကုမ္ပဏီအုပ်စုတစ်ခုဖြစ်သည်။ လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ ငါးခုရှိပြီး ၎င်းတို့မှာ FMI, MTSH, MCB, FPB နှင့် THM တို့ဖြစ်သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]













 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service