မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်မှု သတ်မှတ်ကာလအတွင်း ပြီးစီးမည် - Property News in Myanmar from iMyanmarHouse.com
1702 Views

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်မှု သတ်မှတ်ကာလအတွင်း ပြီးစီးမည်

[Unicode]

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်မှုကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆက်လက် ဆောက်လုပ်လျက်ရှိပြီး သတ်မှတ် ကာလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သိရသည်။

အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇ သန်းအကုန်အကျခံ၍ တည်ဆောက်လျက်ရှိသော မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းမကြီးတို့ကို ဆက်သွယ် တည်ဆောက်လျက်ရှိသော အဆိုပါ မြစ်ကူးတံတား စီမံကိန်းတွင် တံတားတစ်စင်းလုံး၏ ၁၀ ရာခိုင်နှုန်းကျော် တည်ဆောက် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြစ်အတွင်း ရေလယ်ပင်မတံတား ဘိုးပိုင်တူးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တံတားစီမံကိန်း ဧရိယာမြစ်အတွင်း ရေလမ်းကြောင်းအတိုင်း ဖြတ်သန်း သွားလာကြမည့် နိုင်ငံခြား သင်္ဘောများနှင့် ပြည်တွင်းသွား ရေယာဉ်များအနေဖြင့် သတ်မှတ်ထားသည့် ရေလမ်း ကြောင်းအတိုင်း ဖြတ်သန်း မောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် အချက်ပြ ဗော်ယာများကို ဒလဘက်ခြမ်းနှင့် ရန်ကုန်ဘက်ခြမ်းတို့တွင် စနစ်တကျ အမှတ်အသားများဖြင့် မြင်သာထင်သာ ရှိစေရန် သတ်မှတ်ထားရှိသည့် အပြင် တံတားတည်ဆောက်ရေး စီမံကိန်းဧရိယာ၌လည်း ရေလမ်းကြောင်း အန္တရာယ် ကင်းရှင်းရေးအတွက် ရေယာဉ်ငယ်များဖြင့် စောင့်ကြပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းမှာ စုစုပေါင်း တံတားအရှည် ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိ ကြိုးဆိုင်းတံတား ဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း သိရသည်။

ထို မြစ်ကူးတံတားကို ကိုရီးယား သမ္မတနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃ သန်း၊ မြန်မာအစိုးရမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄ သန်း၊ စုစုပေါင်း ၁၈၈ ဒသမ ၁၇ သန်းဖြင့် တည်ဆောက်ခြင်း ဖြစ်ကာ ၂၀၁၉ ခုနှစ်၊ မေလတွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ဆောင်ရွက် ပြီးစီးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး ဒလျမစ္ကူးတံတား တည္ေဆာက္မႈ သတ္မွတ္ကာလအတြင္း ၿပီးစီးမည္

COVID-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးကာလအတြင္း ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး ဒလျမစ္ကူးတံတား တည္ေဆာက္မႈကို က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ဆက္လက္ ေဆာက္လုပ္လ်က္ရွိၿပီး သတ္မွတ္ ကာလအတြင္း ၿပီးစီးမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာနမွ သိရသည္။

အေမရိကန္ေဒၚလာ ၁၈၈ ဒသမ ၁၇ သန္းအကုန္အက်ခံ၍ တည္ေဆာက္လ်က္ရွိေသာ ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး တံတားကို ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလတြင္ တည္ေဆာက္ၿပီးစီးရန္ ေမွ်ာ္မွန္းထားျခင္း ျဖစ္သည္။

ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ဘုန္းႀကီးလမ္းႏွင့္ ဒလၿမိဳ႕နယ္ ကမာကဆစ္ရပ္ကြက္ ဗိုလ္မင္းေရာင္ လမ္းမႀကီးတို႔ကို ဆက္သြယ္ တည္ေဆာက္လ်က္ရွိေသာ အဆိုပါ ျမစ္ကူးတံတား စီမံကိန္းတြင္ တံတားတစ္စင္းလုံး၏ ၁၀ ရာခိုင္ႏႈန္းေက်ာ္ တည္ေဆာက္ ၿပီးစီးၿပီ ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ရန္ကုန္ျမစ္အတြင္း ေရလယ္ပင္မတံတား ဘိုးပိုင္တူးျခင္း လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိရာ တံတားစီမံကိန္း ဧရိယာျမစ္အတြင္း ေရလမ္းေၾကာင္းအတိုင္း ျဖတ္သန္း သြားလာၾကမည့္ ႏိုင္ငံျခား သေဘၤာမ်ားႏွင့္ ျပည္တြင္းသြား ေရယာဥ္မ်ားအေနျဖင့္ သတ္မွတ္ထားသည့္ ေရလမ္း ေၾကာင္းအတိုင္း ျဖတ္သန္း ေမာင္းႏွင္ရမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအတြက္ အခ်က္ျပ ေဗာ္ယာမ်ားကို ဒလဘက္ျခမ္းႏွင့္ ရန္ကုန္ဘက္ျခမ္းတို႔တြင္ စနစ္တက် အမွတ္အသားမ်ားျဖင့္ ျမင္သာထင္သာ ရွိေစရန္ သတ္မွတ္ထားရွိသည့္ အျပင္ တံတားတည္ေဆာက္ေရး စီမံကိန္းဧရိယာ၌လည္း ေရလမ္းေၾကာင္း အႏၲရာယ္ ကင္းရွင္းေရးအတြက္ ေရယာဥ္ငယ္မ်ားျဖင့္ ေစာင့္ၾကပ္လ်က္ ရွိေၾကာင္း သိရသည္။

အဆိုပါ စီမံကိန္းမွာ စုစုေပါင္း တံတားအရွည္ ၁၈၆၇ မီတာ၊ အက်ယ္ ၂၆ ဒသမ ၅ မီတာ၊ ေလးလမ္းသြားတံတား၊ ဘိုးပိုင္အုတ္ျမစ္၊ သံကူကြန္ကရစ္ ကိုယ္ထည္အေပၚတြင္ သံမဏိ ႀကိဳးဆိုင္းတံတား ျဖစ္ၿပီး တံတား၏ ခံႏိုင္ဝန္မွာ ၇၅ တန္ျဖစ္ေၾကာင္း သိရသည္။

ထို ျမစ္ကူးတံတားကို ကိုရီးယား သမၼတႏိုင္ငံမွ ေခ်းေငြ အေမရိကန္ေဒၚလာ ၁၅၇ ဒသမ ၈၃ သန္း၊ ျမန္မာအစိုးရမွ ထည့္ဝင္ေငြ အေမရိကန္ေဒၚလာ ၃၀ ဒသမ ၃၄ သန္း၊ စုစုေပါင္း ၁၈၈ ဒသမ ၁၇ သန္းျဖင့္ တည္ေဆာက္ျခင္း ျဖစ္ကာ ၂၀၁၉ ခုႏွစ္၊ ေမလတြင္ တည္ေဆာက္ေရး လုပ္ငန္းမ်ားကို စတင္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ေဆာင္႐ြက္ ၿပီးစီးမည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ တံတားဦးစီးဌာနမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service