ပဲခူးမြစ်ကူးတံတား စီမံကိန်းကြောင့် ရှုခင်းသာလမ်းဆုံမှ သာကေတလမ်းပိုင်း မေ ၂၄ ရက်မှ သြဂုတ်လကုန်ထိ ည ၉ နာရီမှ မနက် ၅ နာရီတွင်း ယာယီလမ်းပိတ်မည် - Property News in Myanmar from iMyanmarHouse.com
1576 Views

ပဲခူးမြစ်ကူးတံတား စီမံကိန်းကြောင့် ရှုခင်းသာလမ်းဆုံမှ သာကေတလမ်းပိုင်း မေ ၂၄ ရက်မှ သြဂုတ်လကုန်ထိ ည ၉ နာရီမှ မနက် ၅ နာရီတွင်း ယာယီလမ်းပိတ်မည်

[Unicode]

ပဲခူးမြစ်ကူး (သန်လျင်တံတား အမှတ် - ၃) တည်ဆောက်ရေးစီမံကိန်းတွင် သန်လျင်ချဉ်းကပ်လမ်း (သန်လျင်မှ သာကေတသို့ သွားသည့်လမ်း)အား ရှုခင်းသာလမ်းဆုံမှ သာကေတလမ်းအပိုင်းကို မေ ၂၄ ရက် မှ သြဂုတ်လကုန်ထိ ည ၉ နာရီမှ မနက် ၅ နာရီအတွင်း အချိန်ပိုင်းယာယီလမ်း ပိတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ (သန်လျင်တံတား အမှတ် - ၃) တည်ဆောက်ရေးစီမံကိန်းတွင် စတီး ယက်မနှင့် ကွန်ကရစ် ယက်မများ တပ်ဆင်ရန်အတွက် ယာယီလမ်းပိတ်သွားမည်ဖြစ်ပြီး မော်တော်ယာဉ်များအနေဖြင့် သတ်မှတ်ထားသည့် လမ်းလွှဲဆိုင်းဘုတ်များအတိုင်း သွားလာကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ အသိပေးကြေညာ ချက်ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ပေးသွားမည့် အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃) သည် အရှည် ၂၀၁၃ မီတာရှိပြီး လေးလမ်းသွား Cable Steel တံတားဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် ပြီးစီးရေး စီမံချက်ရေးဆွဲကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]







 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service