စိုက်ပျိုးစရိတ်ချေးငွေများကို မေ (၁) ရက်မှစတင်ပြီး ၅ ရာခိုင်နှုန်းသို့ လျော့ချ - Property News in Myanmar from iMyanmarHouse.com
578 Views

စိုက်ပျိုးစရိတ်ချေးငွေများကို မေ (၁) ရက်မှစတင်ပြီး ၅ ရာခိုင်နှုန်းသို့ လျော့ချ

[Unicode]

စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်း ၇ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့လျော့ချကြောင်း မြန်မာ့ လယ်ယာဖွံဖြိုးရေးဘဏ်က မေ ၄ ရက်တွင် ထုတ်ပြန်ကြေငြာသည်။

စိုက်ပျိုးစရိတ်ချေးငွေအပြင် JICA နှင့်မြန်မာ့စီးပွားရေးဘဏ်များက ရယူထုတ်ချေးထားသည့် နှစ်ဆင့်ချေးငွေများကိုလည်း အတိုးနှုန်းလျော့လိုက်ကြောင်း ပါဝင်သည်။

ထိုအတူ တောင်သူများ၏ စုဆောင်းအပ်နှံငွေများကိုလည်း လက်ရှိအတိုးနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျော့ချသွားမည်ဟု ဆိုသည်။ ထိုသို့လျော့ချရခြင်းမှာ ထုတ်ချေးသည့် အတိုးနှုန်းဖြင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဖြစ်သည်ဟု အဆိုပါဘဏ်ကဆိုသည်။

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်သည် စိုက်ပျိုးစရိတ်ချေးငွေအပြင် JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ)နှစ်ဆင့်ချေးငွေနှင့် မြန်မာ့စီးပွားရေးဘဏ် နှစ်ဆင့်ချေးငွေတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုအတိုးနှုန်းလျော့ချရာတွင်လည်း အဆိုပါချေးငွေများလည်း အကျုံးဝင်သည်ဟုဆိုသည်။ ၎င်းတို့တွင် JICA နှစ်ဆင့်ချေးငွေကို ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း နှင့် မြန်မာ့စီးပွားရေးဘဏ် နှစ်ဆင့်ချေးငွေကို ၈ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ဖြစ်သည်ဟု ဆိုထားသည်။

ထိုသို့လျော့ချရခြင်းမှာ အစိုးရနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မူဝန်ကြီးဌာနက လမ်းညွန့်ချက်နှင့်အညီ ဖြစ်ပြီး မေ ၁ ရက်မှ စတင်ကာ အတိုးနှုန်းပြင်ဆင်ကောက်ခံသွားမည်ဟု အဆိုပါဘဏ်က ထုတ်ပြန်ထားသည်။

လယ်ယာဖွံဖြိုးရေးဘဏ်က တောင်သူလယ်သမားများအတွက် စပါးတစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှင့် အခြားသီးနှံများကို ကျပ် ငါးသောင်းထုတ်ချေးပေးနေခြင်းဖြစ်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၈၄ ဘီလီယံနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၄၇ ဘီလီယံကို ထုတ်ချေးခဲ့သည်ဟု ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စက်မူဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကပြောသည်။

ထိုပြင် JICAထံမှ ကျပ် ဘီလီယံ ၂၀၀ ယူ၍ လယ်ယာသုံးပစ္စည်းများဝယ်ယူရန် နှင့် လယ်ယာကဏ္ဍ အခြေခံအဆောက်အအုံအတွက် တောင်သူများကို နှစ်ဆင့်ချေးငွေဖြင့် ထုတ်ချေးနေခြင်းဖြစ်သည်။

ထိုပြင် မြန်မာ့စီးပွားရေးဘဏ်မှ ကျပ် ဘီလီယံ ၂၀၀ ရယူ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အခြေခံလုပ်ငန်းများအတွက် ကျပ် ၁၅ ဘီလီယံခန့်ကို ထုတ်ချေးနေခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို ေမ (၁) ရက္မွစတင္ၿပီး ၅ ရာခိုင္ႏႈန္းသို႔ ေလ်ာ့ခ်

စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို အတိုးႏႈန္း ၇ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္းသို႔ေလ်ာ့ခ်ေၾကာင္း ျမန္မာ့ လယ္ယာဖြံၿဖိဳးေရးဘဏ္က ေမ ၄ ရက္တြင္ ထုတ္ျပန္ေၾကျငာသည္။

စိုက္ပ်ိဳးစရိတ္ေခ်းေငြအျပင္ JICA ႏွင့္ျမန္မာ့စီးပြားေရးဘဏ္မ်ားက ရယူထုတ္ေခ်းထားသည့္ ႏွစ္ဆင့္ေခ်းေငြမ်ားကိုလည္း အတိုးႏႈန္းေလ်ာ့လိုက္ေၾကာင္း ပါဝင္သည္။

ထိုအတူ ေတာင္သူမ်ား၏ စုေဆာင္းအပ္ႏွံေငြမ်ားကိုလည္း လက္ရွိအတိုးႏႈန္း ၆ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္းသို႔ ေလ်ာ့ခ်သြားမည္ဟု ဆိုသည္။ ထိုသို႔ေလ်ာ့ခ်ရျခင္းမွာ ထုတ္ေခ်းသည့္ အတိုးႏႈန္းျဖင့္ လိုက္ေလ်ာညီေထြျဖစ္ေစရန္အတြက္ ျဖစ္သည္ဟု အဆိုပါဘဏ္ကဆိုသည္။

ျမန္မာ့လယ္ယာဖြံၿဖိဳးေရးဘဏ္သည္ စိုက္ပ်ိဳးစရိတ္ေခ်းေငြအျပင္ JICA (ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ)ႏွစ္ဆင့္ေခ်းေငြႏွင့္ ျမန္မာ့စီးပြားေရးဘဏ္ ႏွစ္ဆင့္ေခ်းေငြတို႔ကို ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ယခုအတိုးႏႈန္းေလ်ာ့ခ်ရာတြင္လည္း အဆိုပါေခ်းေငြမ်ားလည္း အက်ဳံးဝင္သည္ဟုဆိုသည္။ ၎တို႔တြင္ JICA ႏွစ္ဆင့္ေခ်းေငြကို ၆ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္း ႏွင့္ ျမန္မာ့စီးပြားေရးဘဏ္ ႏွစ္ဆင့္ေခ်းေငြကို ၈ ရာခိုင္ႏႈန္းမွ ၆ ဒသမ ၅ ရာခိုင္ႏႈန္းသို႔ျဖစ္သည္ဟု ဆိုထားသည္။

ထိုသို႔ေလ်ာ့ခ်ရျခင္းမွာ အစိုးရႏွင့္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မူဝန္ႀကီးဌာနက လမ္းၫြန႔္ခ်က္ႏွင့္အညီ ျဖစ္ၿပီး ေမ ၁ ရက္မွ စတင္ကာ အတိုးႏႈန္းျပင္ဆင္ေကာက္ခံသြားမည္ဟု အဆိုပါဘဏ္က ထုတ္ျပန္ထားသည္။

လယ္ယာဖြံၿဖိဳးေရးဘဏ္က ေတာင္သူလယ္သမားမ်ားအတြက္ စပါးတစ္ဧကလွ်င္ က်ပ္ တစ္သိန္းခြဲႏွင့္ အျခားသီးႏွံမ်ားကို က်ပ္ ငါးေသာင္းထုတ္ေခ်းေပးေနျခင္းျဖစ္သည္။

ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္သည္ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ က်ပ္ ၁၆၈၄ ဘီလီယံႏွင့္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ က်ပ္ ၁၇၄၇ ဘီလီယံကို ထုတ္ေခ်းခဲ့သည္ဟု ဘ႑ာေရး၊ စီမံကိန္းႏွင့္ စက္မူဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္းကေျပာသည္။

ထိုျပင္ JICAထံမွ က်ပ္ ဘီလီယံ ၂၀၀ ယူ၍ လယ္ယာသုံးပစၥည္းမ်ားဝယ္ယူရန္ ႏွင့္ လယ္ယာက႑ အေျခခံအေဆာက္အအုံအတြက္ ေတာင္သူမ်ားကို ႏွစ္ဆင့္ေခ်းေငြျဖင့္ ထုတ္ေခ်းေနျခင္းျဖစ္သည္။

ထိုျပင္ ျမန္မာ့စီးပြားေရးဘဏ္မွ က်ပ္ ဘီလီယံ ၂၀၀ ရယူ၍ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ား အေျခခံလုပ္ငန္းမ်ားအတြက္ က်ပ္ ၁၅ ဘီလီယံခန႔္ကို ထုတ္ေခ်းေနျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service