ရုံးပိတ်ရက်အလွန် ဒေါ်လာတန်ဖိုး အတက်အကျ အခြေအနေ - Property News in Myanmar from iMyanmarHouse.com
865 Views

ရုံးပိတ်ရက်အလွန် ဒေါ်လာတန်ဖိုး အတက်အကျ အခြေအနေ

[Unicode]

သင်္ကြန်ရုံးပိတ်ရက်အပြီး ဘဏ်များ ပြန်လည်ဖွင့်လှစ်ချိန် ပြည်တွင်းငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် ၁,၄၂၅ ကျပ် ဝန်းကျင်တွင် အတက်အကျ အနည်းငယ်သာရှိ ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

သင်္ကြန်ပိတ်ရက် မတိုင်မီ တစ်ဒေါ်လာ ၁,၄၃၀ ကျပ် ဝန်း ကျင်ရှိခဲ့ပြီး သင်္ကြန်ပိတ်ရက်အ လွန်တွင် ဒေါ်လာတန်ဖိုး အနည်းငယ်သာကျဆင်းသည်။ ဧပြီ ၂၁ ရက် ပြည်တွင်းငွေကြေးဈေးကွက် တွင် တစ်ဒေါ်လာလျှင် ၁,၄၁၈ ကျပ် ဝန်းကျင်ဖြင့် စတင်ခဲ့ပြီး နောက် ညနေပိုင်းတွင် တစ်ဒေါ် လာ ၁,၄၂၅ ကျပ်သို့ မြင့်တက်သည်။

လက်ရှိတွင် ပြည်ပသို့ဆန် တင်ပို့မှု ယာယီ ဆိုင်းငံ့ထားခြင်း၊ ပဲမျိုးစုံကိုလည်း အိန္ဒိယနိုင်ငံမှ အဝယ်လျော့နေခြင်း၊ ပြည်တွင်း လူသုံးကုန်ဈေးများ ပိတ်ထားခြင်း ကလည်း ပြည်ပမှသွင်းကုန်အတွက် ဒေါ်လာအသုံး လျော့နည်း စေသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့ကပြောသည်။ ပုဂ္ဂလိကငွေ ကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးတည်ငြိမ်နေသကဲ့သို့ ဧပြီ ၂၀ ရက် ရုံးများ စတင်ဖွင့်ချိန်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း က တစ်ဒေါ်လာ ၁,၄၂၆ ကျပ် သတ်မှတ်ပြီး ဧပြီ ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၄၂၉ ကျပ်သို့ မြင့်တက်သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

႐ုံးပိတ္ရက္အလြန္ ေဒၚလာတန္ဖိုး အတက္အက် အေျခအေန

သၾကၤန္ရံုးပိတ္ရက္အၿပီး ဘဏ္မ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္ ျပည္တြင္းေငြေၾကးေဈးကြက္တြင္ အေမရိကန္ေဒၚလာတန္ဖိုးသည္ ၁,၄၂၅ က်ပ္ ဝန္းက်င္တြင္ အတက္အက် အနည္းငယ္သာရွိ ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ အခ်ိဳ႕က ေျပာသည္။

သၾကၤန္ပိတ္ရက္ မတိုင္မီ တစ္ေဒၚလာ ၁,၄၃၀ က်ပ္ ဝန္း က်င္ရွိခဲ့ၿပီး သၾကၤန္ပိတ္ရက္အ လြန္တြင္ ေဒၚလာတန္ဖိုး အနည္းငယ္သာက်ဆင္းသည္။ ဧၿပီ ၂၁ ရက္ ျပည္တြင္းေငြေၾကးေဈးကြက္ တြင္ တစ္ေဒၚလာလွ်င္ ၁,၄၁၈ က်ပ္ ဝန္းက်င္ျဖင့္ စတင္ခဲ့ၿပီး ေနာက္ ညေနပိုင္းတြင္ တစ္ေဒၚ လာ ၁,၄၂၅ က်ပ္သို႔ ျမင့္တက္သည္။

လက္ရွိတြင္ ျပည္ပသို႔ဆန္ တင္ပို႔မႈ ယာယီ ဆိုင္းငံ့ထားျခင္း၊ ပဲမ်ိဳးစုံကိုလည္း အိႏၵိယႏိုင္ငံမွ အဝယ္ေလ်ာ့ေနျခင္း၊ ျပည္တြင္း လူသုံးကုန္ေဈးမ်ား ပိတ္ထားျခင္း ကလည္း ျပည္ပမွသြင္းကုန္အတြက္ ေဒၚလာအသုံး ေလ်ာ့နည္း ေစသည္ဟု စီးပြားေရးလုပ္ငန္းရွင္ အခ်ိဳ႕ကေျပာသည္။ ပုဂၢလိကေငြ ေၾကးေဈးကြက္တြင္ ေဒၚလာတန္ဖိုးတည္ၿငိမ္ေနသကဲ့သို႔ ဧၿပီ ၂၀ ရက္ ႐ုံးမ်ား စတင္ဖြင့္ခ်ိန္တြင္ ဗဟိုဘဏ္၏ ရည္ၫႊန္းေငြလဲႏႈန္း က တစ္ေဒၚလာ ၁,၄၂၆ က်ပ္ သတ္မွတ္ၿပီး ဧၿပီ ၂၁ ရက္တြင္ တစ္ေဒၚလာလွ်င္ ၁,၄၂၉ က်ပ္သို႔ ျမင့္တက္သည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service