ကျပ် ဘီလီယံ ၃၁၄ တန် A ဘဏ်၏ ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ထိုင်း K ဘဏ်က ဝယ်ယူမည် - Property News in Myanmar from iMyanmarHouse.com
1295 Views

ကျပ် ဘီလီယံ ၃၁၄ တန် A ဘဏ်၏ ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ထိုင်း K ဘဏ်က ဝယ်ယူမည်

[Unicode]

ကျပ် ဘီလီယံ ၃၁၄ တန်ဖိုး ပိုင်ဆိုင်ထားသည့် ပြည်တွင်းရှိ ဧရာဝတီတောင်သူလယ်သမားများဖွံဖြိုးရေးဘဏ် (A bank)၏ ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ဝယ်ယူခွင့်ရပြီဖြစ်ကြောင်း ထိုင်း K ဘဏ်က ဧပြီ ၁၄ ရက်တွင် ထုတ်ပြန် ကြေညာသည်။

ထိုင်း K ဘဏ် (Kasikorn Bank )သည် A ဘဏ်၏ ရှယ်ယာများဝယ်ယူရန် ၂၀၂၀ ဇန်နဝါရီ လတွင် စတင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံဗဟိုဘဏ်က ဧပြီလတွင် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

ထိုင်း kasikorn Bank- K Bank သည် စိုက်ပျိုးရေးကဏ္ဍ၊ ကုန်သွယ်ရေး၊ လက်လီလုပ်ငန်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုလုပ်ငန်းများကို A ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက် ခြင်းသည် နှစ်နိုင်ငံကြား ဘဏ် လုပ်ငန်းကဏ္ဍ တိုးတက်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း A ဘဏ်က ဆိုထားသည်။

မြန်မာနိုင်ငံကုမ္ပဏီဥပဒေအရ နိုင်ငံခြားသားများသည် ပြည်တွင်းကုမ္ပဏီများတွင် ရှယ်ယာ ၃၅ရာခိုင်နှုန်းပါဝင်ခွင့်ပေးထားသည်။

A ဘဏ်သည် ၂၀၁၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၁၈ ခုရှိသည်။ လက်ရှိတွင် တန်ဖိုးသည် ကျပ် ဘီလီယံ ၃၁၄ ရှိပြီး ဗဟိုဘဏ်ကို ကျပ် ဘီလီယံ ၄၀ အပေါင်တင်ထားရသည်။ လက်ရှိတွင် ချေးငွေ ဘီလီယံ ၂၁၀ ကျော်ရှိပြီး လက်ခံငွေ ကျပ် ဘီလီယံ ၂၆၀ကျော်ရှိသည်ဟု K ဘဏ်က ထုတ်ပြန်ထားသည်။

ထိုင်း K ဘဏ်သည် ထိုင်း နိုင်ငံ၌ ၁၉၄၅ တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ဘဏ်ခွဲ ၉၀၀ ခန့် ဖွင့်လှစ်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

က်ပ္ ဘီလီယံ ၃၁၄ တန္ A ဘဏ္၏ ရွယ္ယာ ၃၅ ရာခိုင္ႏႈန္းကို ထိုင္း K ဘဏ္က ဝယ္ယူမည္

က်ပ္ ဘီလီယံ ၃၁၄ တန္ဖိုး ပိုင္ဆိုင္ထားသည့္ ျပည္တြင္းရွိ ဧရာဝတီေတာင္သူလယ္သမားမ်ားဖြံၿဖိဳးေရးဘဏ္ (A bank)၏ ရွယ္ယာ ၃၅ ရာခိုင္ႏႈန္းကို ဝယ္ယူခြင့္ရၿပီျဖစ္ေၾကာင္း ထိုင္း K ဘဏ္က ဧၿပီ ၁၄ ရက္တြင္ ထုတ္ျပန္ ေၾကညာသည္။

ထိုင္း K ဘဏ္ (Kasikorn Bank )သည္ A ဘဏ္၏ ရွယ္ယာမ်ားဝယ္ယူရန္ ၂၀၂၀ ဇန္နဝါရီ လတြင္ စတင္ေဆာင္႐ြက္ခဲ့ၿပီး ျမန္မာႏိုင္ငံဗဟိုဘဏ္က ဧၿပီလတြင္ ခြင့္ျပဳေပးလိုက္ျခင္းျဖစ္သည္။

ထိုင္း kasikorn Bank- K Bank သည္ စိုက္ပ်ိဳးေရးက႑၊ ကုန္သြယ္ေရး၊ လက္လီလုပ္ငန္း၊ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈႏွင့္ နယ္စပ္ျဖတ္ေက်ာ္ ေငြေပးေခ်မႈလုပ္ငန္းမ်ားကို A ဘဏ္ႏွင့္ ပူးေပါင္း ေဆာင္႐ြက္မည္ဟု ဆိုသည္။

ထိုသို႔ ပူးေပါင္းေဆာင္႐ြက္ ျခင္းသည္ ႏွစ္ႏိုင္ငံၾကား ဘဏ္ လုပ္ငန္းက႑ တိုးတက္ေရးႏွင့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို အေထာက္အကူျဖစ္ေစရန္ ရည္႐ြယ္ေၾကာင္း A ဘဏ္က ဆိုထားသည္။

ျမန္မာႏိုင္ငံကုမၸဏီဥပေဒအရ ႏိုင္ငံျခားသားမ်ားသည္ ျပည္တြင္းကုမၸဏီမ်ားတြင္ ရွယ္ယာ ၃၅ရာခိုင္ႏႈန္းပါဝင္ခြင့္ေပးထားသည္။

A ဘဏ္သည္ ၂၀၁၄ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ဘဏ္ခြဲေပါင္း ၁၈ ခုရွိသည္။ လက္ရွိတြင္ တန္ဖိုးသည္ က်ပ္ ဘီလီယံ ၃၁၄ ရွိၿပီး ဗဟိုဘဏ္ကို က်ပ္ ဘီလီယံ ၄၀ အေပါင္တင္ထားရသည္။ လက္ရွိတြင္ ေခ်းေငြ ဘီလီယံ ၂၁၀ ေက်ာ္ရွိၿပီး လက္ခံေငြ က်ပ္ ဘီလီယံ ၂၆၀ေက်ာ္ရွိသည္ဟု K ဘဏ္က ထုတ္ျပန္ထားသည္။

ထိုင္း K ဘဏ္သည္ ထိုင္း ႏိုင္ငံ၌ ၁၉၄၅ တြင္ စတင္တည္ေထာင္ခဲ့ၿပီး လက္ရွိတြင္ ဘဏ္ခြဲ ၉၀၀ ခန႔္ ဖြင့္လွစ္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service