COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း အသေးစားချေးငွေလုပ်ငန်းများဆိုင်းငံ့ရန် ညွန့်ကြား - Property News in Myanmar from iMyanmarHouse.com
3373 Views

COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း အသေးစားချေးငွေလုပ်ငန်းများဆိုင်းငံ့ရန် ညွန့်ကြား

[Unicode]

COVID-19 ကြောင့် ချေးငွေယူထားသူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်ကျဆင်းနိုင်၍ ချေးငွေနှင် အတိုးများကို အသေးစားချေးငွေကုမ္ပဏီများအနေဖြင့် အတင်းအကျပ် ပြန်လည်ကောက်ခံခြင်း မပြုရန် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မူကော်မတီက ညွန်ကြားချက် ထုတ်ပြန်ခဲ့သည်။

အသေးစားချေးငွေလုပ်ငန်းများ၏ သဘောသဘာဝအရ ချေးငွေထုတ်ချေးခြင်း၊ ပြန်လည်ကောက်ခံခြင်း စုဆောင်းငွေလက်ခံခြင်းနှင့် ငွေကြေးအသိပညာပေးခြင်းတို့က COVID-19 ကာကွယ်ရေးနှင့် ဆန့်ကျင်နေ၍ ထိုလုပ်ငန်းများကို ဧပြီ လကုန်အထိရပ်ဆိုင်းရမည်ဟု ကော်မတီကဆိုသည်။

အသေးစားချေးငွေလုပ်ငန်းများသည် မြန်မာနိုင်ငံအတွင်း မြို့နယ် ၂၅၂ ခုတွင် လုပ်ကိုင်နေပြီး ချေးငွေယူထားသည့်လူဦးရေ ၄ ဒသမ ၆ သန်းရှိသည်ဟု ကော်မတီကဆိုသည်။

ကော်မတီကလည်း အသေးစားချေးငွေလုပ်ငန်းများကို လိုင်စင်ထုတ်ပေးခြင်း၊ ငွေကြေးဝန်ဆောင်မူ အသစ်ခွင့်ပြုခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်း၊ ရုံးလိပ်စာပြောင်းခြင်းတို့ကို ခွင့်ပြုပေးမည်မဟုတ်ဟုဆိုထားသည်။

COVID-19 ရိုက်ခတ်မှုကြောင့် အလုပ်များ ရပ်ဆိုင်းရချိန်တွင် အသေးစားချေးငွေ ပြန်လည်ပေးသွင်းရန် ဆိုင်းငံ့ပေးခြင်း နှင့် အတိုးနှုန်းများ ဖြေလျှော့ပေးရန် လိုလားနေကြသည်။

မြန်မာနိုင်ငံတွင် အသေးစား ချေးငွေလုပ်ငန်းပေါင်း ၁၀၀ ကျော်ရှိပြီး ဗဟိုဘဏ်က ဘဏ်များကို အတိုးနှုန်း နှစ်ကြိမ်ဖြေ လျှော့ပေးပြီးနောက် အသေးစား ချေးငွေကုမ္ပဏီများမှ ချေးငွေယူထားသူများကလည်း ဖြေလျှော့ပေးရန် လိုလားနေသည်။

မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းများက ဒေါ်လာ သန်း ၅၀၀ ကျော်ထုတ်ချေးပြီး တလလျှင် ပျမ်းမျှ သန်း ၄၀ကျော် ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














 

 

 

 

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service