ရန်ကုန်ဘူတာကြီး ပြန်လည်ဖွံဖြိုးရေး အဆင့်မြင့်အိမ်ယာစီမံကိန်းကို ၂၀၂၆-၂၇ တွင်ပြီးစီးရန် အစိုးရ စီစဉ်ထား - Property News in Myanmar from iMyanmarHouse.com
2033 Views

ရန်ကုန်ဘူတာကြီး ပြန်လည်ဖွံဖြိုးရေး အဆင့်မြင့်အိမ်ယာစီမံကိန်းကို ၂၀၂၆-၂၇ တွင်ပြီးစီးရန် အစိုးရ စီစဉ်ထား

### Unicode Version ###

ရန်ကုန်ဘူတာကြီး အဆင့်မြင့်အိမ်ယာနှင့် စီးပွားရေးစင်တာကို ၂၀၂၆ -၂၇ ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်ရန် စီစဉ်ထားပြီး လက်ရှိတွင် တင်ဒါ လုပ်ငန်းစဉ်ဆောင်ရွက်နေသည်ဟု အစိုးရက ထုတ်ပြန်သည်။

ရန်ကုန်မြို့လယ်ရှိ ဧက ၆၀ ကျော်ကျယ်ဝန်းသည့် ထိုစီမံကိန်း ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၅ ဘီလီယံဖြစ်သည်ဟု ဆိုထားသည်။

အဆိုပါစီမံကိန်းသည် ရန်ကုန်ဘူတာကြီးကို အိမ်ယာများ၊ဈေးဝယ်စင်တာများနှင့် စီးပွားအဆောက်အအုံများ ဝန်ရံထားသည့် သယ်ယူပို့ဆောင်ရေး ဗဟိုချက်မအဖြစ်ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ထိုစီမံကိန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကတာဝန်ခံဝန်ကြီးဌာနဖြစ် ဆောင်ရွက်ပြီး လက်ရှိတွင် ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်ရန်စီစဉ်နေသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်းကို ရန်ကုန်မြို့လယ်ရှိ မြေဧက ၆၀ ကျော်တွင် ဆောင်ရွက်မည်ဖြစ်ပြီး စင်ကာပူ Oxley ကုမ္ပဏီ၊ တရုတ် Sino Great Wall ကုမ္ပဏီနှင့် ပြည်တွင်းမှ မင်းဓမ္မကုမ္ပဏီတို့ ပေါင်းစည်းသည့် လုပ်ငန်းစုကို တင်ဒါအောင်မြင်နိုင်ခြေရှိသော လုပ်ငန်းစုအဖြစ် မြန်မာ့မီးရထားက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းတွင် တရုတ်နိုင်ငံမှ Sino Great Wall ကုမ္ပဏီက အစား ဂျပန် Sumitomo ကော်ပိုရေးရှင်းက အစားဝင်ရောက်ထားသည်ဟု မြန်မာမီးရထားလုပ်ငန်းက ဆိုထားသည်။

အဆိုပါ စီမံကိန်းတွင် အထပ် ၂၀ မြင့်သည့် အဆောက်အအုံများ ပါဝင်ပြီး ရန်ကုန်ဘူတာ ကြီးကို ခေတ်မီသယ်ယူပို့ဆောင်ရေး နေရာကြီးတစ်ခုဖြစ်လာရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုစီမံကိန်းနေရာမှာ ဗိုလ်ချုပ်လမ်း၊ ဗိုလ်မင်းရောင်လမ်း၊ ဆူးလေဘုရားလမ်းနှင့် သိမ်ဖြူလမ်းကြား တွင်ရှိသည်။

ထိုစီမံကိန်းကို ၂၀၁၄ ဖေဖော်ဝါရီတွင် အစိုးရက ကြေ ညာခဲ့ပြီးနောက် စိတ်ဝင်စားမှု ဖော်ပြလွှာတင်ပြသည့် လုပ်ငန်း ၃၄ ခုနှင့် ဖြစ်နိုင်ခြေရှိသော လုပ်ငန်းတင်ပြသည့် ကုမ္ပဏီ ၂၈ ခု ရှိခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ရန္ကုန္ဘူတာႀကီး ျပန္လည္ဖြံၿဖိဳးေရး အဆင့္ျမင့္အိမ္ယာစီမံကိန္းကို ၂၀၂၆-၂၇ တြင္ၿပီးစီးရန္ အစိုးရ စီစဥ္ထား

ရန္ကုန္ဘူတာႀကီး အဆင့္ျမင့္အိမ္ယာႏွင့္ စီးပြားေရးစင္တာကို ၂၀၂၆ -၂၇ ဘ႑ာႏွစ္တြင္ အၿပီးေဆာင္႐ြက္ရန္ စီစဥ္ထားၿပီး လက္ရွိတြင္ တင္ဒါ လုပ္ငန္းစဥ္ေဆာင္႐ြက္ေနသည္ဟု အစိုးရက ထုတ္ျပန္သည္။

ရန္ကုန္ၿမိဳ႕လယ္ရွိ ဧက ၆၀ ေက်ာ္က်ယ္ဝန္းသည့္ ထိုစီမံကိန္း ကုန္က်စရိတ္သည္ အေမရိကန္ေဒၚလာ ၂ ဒသမ ၁၅ ဘီလီယံျဖစ္သည္ဟု ဆိုထားသည္။

အဆိုပါစီမံကိန္းသည္ ရန္ကုန္ဘူတာႀကီးကို အိမ္ယာမ်ား၊ေဈးဝယ္စင္တာမ်ားႏွင့္ စီးပြားအေဆာက္အအုံမ်ား ဝန္ရံထားသည့္ သယ္ယူပို႔ေဆာင္ေရး ဗဟိုခ်က္မအျဖစ္ေဆာင္႐ြက္ရန္ စီစဥ္ထားျခင္းျဖစ္သည္။

ထိုစီမံကိန္းကို ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနကတာဝန္ခံဝန္ႀကီးဌာနျဖစ္ ေဆာင္႐ြက္ၿပီး လက္ရွိတြင္ ပုဂၢလိကႏွင့္ပူးေပါင္းေဆာင္႐ြက္ရန္စီစဥ္ေနသည္ဟု အစိုးရက ထုတ္ျပန္ထားသည္။

အဆိုပါ စီမံကိန္းကို ရန္ကုန္ၿမိဳ႕လယ္ရွိ ေျမဧက ၆၀ ေက်ာ္တြင္ ေဆာင္႐ြက္မည္ျဖစ္ၿပီး စင္ကာပူ Oxley ကုမၸဏီ၊ တ႐ုတ္ Sino Great Wall ကုမၸဏီႏွင့္ ျပည္တြင္းမွ မင္းဓမၼကုမၸဏီတို႔ ေပါင္းစည္းသည့္ လုပ္ငန္းစုကို တင္ဒါေအာင္ျမင္ႏိုင္ေျခရွိေသာ လုပ္ငန္းစုအျဖစ္ ျမန္မာ့မီးရထားက ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။

စီမံကိန္းတြင္ တ႐ုတ္ႏိုင္ငံမွ Sino Great Wall ကုမၸဏီက အစား ဂ်ပန္ Sumitomo ေကာ္ပိုေရးရွင္းက အစားဝင္ေရာက္ထားသည္ဟု ျမန္မာမီးရထားလုပ္ငန္းက ဆိုထားသည္။

အဆိုပါ စီမံကိန္းတြင္ အထပ္ ၂၀ ျမင့္သည့္ အေဆာက္အအုံမ်ား ပါဝင္ၿပီး ရန္ကုန္ဘူတာ ႀကီးကို ေခတ္မီသယ္ယူပို႔ေဆာင္ေရး ေနရာႀကီးတစ္ခုျဖစ္လာရန္ ရည္႐ြယ္ျခင္းျဖစ္သည္။ ထိုစီမံကိန္းေနရာမွာ ဗိုလ္ခ်ဳပ္လမ္း၊ ဗိုလ္မင္းေရာင္လမ္း၊ ဆူးေလဘုရားလမ္းႏွင့္ သိမ္ျဖဴလမ္းၾကား တြင္ရွိသည္။

ထိုစီမံကိန္းကို ၂၀၁၄ ေဖေဖာ္ဝါရီတြင္ အစိုးရက ေၾကညာခဲ့ၿပီးေနာက္ စိတ္ဝင္စားမႈ ေဖာ္ျပလႊာတင္ျပသည့္ လုပ္ငန္း ၃၄ ခုႏွင့္ ျဖစ္ႏိုင္ေျခရွိေသာ လုပ္ငန္းတင္ျပသည့္ ကုမၸဏီ ၂၈ ခု ရွိခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service