ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
946 Views

ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိ

### Unicode Version ###

ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့၌ ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေးက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောကျင်းများအနက် ရှေးအကျဆုံးနှင့်အကြီးဆုံးဖြစ်သော ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ရှေးဟောင်းသမိုင်းဝင် ကမ္ဘာ့အမွေအနှစ်သတ်မှတ်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သမိုင်းတန်ဖိုးကြီးလှသော သင်္ဘောကျင်းတစ်ခုလုံးကို ပြုပြင်မွမ်းမံထိန်းသိမ်းကာ ရေကြောင်းသမိုင်းပြတိုက် သို့မဟုတ် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့်စီမံကိန်း များ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းချက်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည့်အပြင် ဆက်စပ်ဧရိယာများတွင် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် အစီအစဉ်များကိုပါ ဆက်လက်ဆောင်ရွက်သွားရန်ရှိသည့်အတွက် ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများကို ရှေးဟောင်းသမိုင်းဝင်ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် အစီအစဉ်မရှိပါကြောင်းဖြေကြားခဲ့သည်။

ထို့အပြင် ဒလသင်္ဘောကျင်းတွင် လက်ရှိဂိုဒေါင်အဖြစ် အသုံးပြုနေသော ရှေးဟောင်းအဆောက်အအုံတွင် Blue Plaque ကပ်ထားနိုင်ရေး နှင့် သင်္ဘောကျင်းအတွင်း ရေကြောင်းသမိုင်းပြတိုက်အဖြစ်ထားရှိရေးအစီအမံများနှင့် ပတ်သက်၍ Feasibility Study ဆောင်ရွက်မည့် ကုမ္ပဏီအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ Yangon Heritage Trust နှင့် မဲဆန္ဒနယ်ကိုယ်စားပြု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်သွားစေမည် ဖြစ်ပါကြောင်း ဖြေကြားထားသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်

Upcoming Property Events

shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service