တနသာၤရီတိုင်းမှာ ကျပ်သန်း (၈၀၀) ကျော်ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်စီမံကိန်းကို ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
566 Views

တနသာၤရီတိုင်းမှာ ကျပ်သန်း (၈၀၀) ကျော်ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်စီမံကိန်းကို ခွင့်ပြု

### Unicode Version ###

တနင်္သာရီတိုင်းဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးက ကျပ်သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်လုပ်ငန်းလိုင်စင်တစ်ခု ခွင့်ပြုခဲ့သည်။

ယခုနှစ်အတွင်း ဒုတိယအကြိမ်ကျင်းပသည့်အစည်းအဝေးမှာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဟိုတယ်သည်မြိတ်မြို့ကမ်းနားလမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပိုင်ဆိုင်ကြောင်း၊ တည်ဆောက်မှုကို ယခုနှစ်အတွင်း စတင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းသိန်းကပြောသည်။

တနင်္သာရီတိုင်းဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးတွင် ခရီးသွားဝန်ဆောင်မှုကုမ္ပဏီလိုင်စင် သုံးခုအသစ်ချထားပေးသော်လည်း ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ နှစ်ခုက လိုင်စင်ပြန်လည်အပ်နှံ့ခဲ့သည်။

အဆိုပါလိုင်စင် ပြန်အပ်သည် COVID - 19 ရောဂါ ကြောင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ကျဆင်းနေသည်နှင့် မသက်ဆိုင်ကြောင်း ဦးဝင်းသိန်း ကပြောသည်။

‘‘တချို့က လုပ်ငန်းတွေ တွဲလုပ်တာရှိတယ်။ တစ်ခုက အားကောင်းလာရင် ခရီးသွားလုပ်ငန်းကို ဆက်မလုပ်တော့တဲ့ ပုံစံပါ’’ ဟု ၎င်းကပြောသည်။

တနင်္သာရီတိုင်းဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးတွင် ဟိုတယ်လိုင်စင် သက်တမ်းတိုး၊ ခရီးသွားကုမ္ပဏီ သက်တမ်းတိုးများနှင့် ဧည့်လမ်းညွှန်လိုင်စင်သက်တမ်းတို့ကို အတည်ပြုခွင့်ပြုပေးခဲ့သည်ဟု ဦးဝင်းသိန်းကပြောသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

တနသာင်္ရီတိုင်းမှာ ကျပ်သန်း (၈၀၀) ကျော်ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်စီမံကိန်းကို ခွင့်ပြု









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service