စီးပွားရေးကျချိန်တွင် ဆောက်လုပ်ရေးဈေးကွက်ကို အမေ့ခံကဏ္ဍအဖြစ် မသတ်မှတ်ရန် MCEF တောင်းဆို - Property News in Myanmar from iMyanmarHouse.com
992 Views

စီးပွားရေးကျချိန်တွင် ဆောက်လုပ်ရေးဈေးကွက်ကို အမေ့ခံကဏ္ဍအဖြစ် မသတ်မှတ်ရန် MCEF တောင်းဆို

### Unicode Version ###

ဆောက်လုပ်ရေးဈေးကွက်သည် ပြည်ပမှကုန်ကြမ်းပစ္စည်းကြာမြင့်သည့် ပြဿနာကြောင့် ဈေးကွက်အတွင်း ဆုံးရှုံးနစ်နာမှု မြင့်မားသည့်အတွက် အမေ့လျော့ခံ ကဏ္ဍအဖြစ် မသတ်မှတ်သင့်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ အတွင်းရေးမှူးဦးမျိုးမြင့်ကပြောကြားသည်။

“ ဆောက်လုပ်ရေးဈေးကွက်မှာ အခြေခံအလုပ်သမားအရေအတွက်က သန်းနဲ့ချီရှိတယ်။ ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ပြည်ပကတင်သွင်းတဲ့ ကုန်ကြမ်းတွေမှီခိုနေရလို့ ကုန်ကြမ်းကြန့်ကြာချိန်မှာ အကျိုးသက်ရောက်မှုက ကြီးတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ဆောက်လုပ်ရေးကုန်ကြမ်းများ သတ်မှတ်အချိန်အတွင်း မရောက်ရှိသည့် ပြဿနာကြောင့် အစိုးရတင်ဒါများတွင် နောက်ကျဒါဏ်ကြေးများပေးဆောင်ရခြင်း၊ ကြိုပွိုင့်တိုက်ခန်းများတွင် ဝယ်ယူသူနှင့် စာချုပ်အရ လျော်ကြေးပေးရခြင်း၊ ဆောက်လုပ်ရေးအလုပ်သမား ငှားရမ်းရသည့် အရေအတွက်နှင့် လုပ်ကွက် ခန့်မှန်းရခက်သည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှသိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးဈေးကွက်သည် လက်ရှိအစိုးရလက်ထက်တွင် ကျဆင်းလျက်ရှိသော်လည်း ဆောက်လုပ်ရေးအတွက် သီးသန့် ချေးငွေများနှင့် သက်သာခွင့်များ မရှိသည့်အတွက် လုပ်ငန်းလည်ပတ်မှုများ ကျဆင်းလျက်ရှိသည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းများသည် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နှင့် မလေးရှားနိုင်ငံတို့မှ အဓိကဝင်ရောက်လျက်ရှိပြီး လက်ရှိတွင်အော်ဒါမှာထားသည့် ပစ္စည်းအများစုမှ သတ်မှတ်ရက်ထက် တစ်လ ကျော်အထိ အချိန်ပိုမိုစောင့်ဆိုင်းနေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

စီးပြားေရးက်ခ်ိန္တြင္ ေဆာက္လုပ္ေရးေဈးကြက္ကို အေမ့ခံက႑အျဖစ္ မသတ္မွတ္ရန္ MCEF ေတာင္းဆို

ေဆာက္လုပ္ေရးေဈးကြက္သည္ ျပည္ပမွကုန္ၾကမ္းပစၥည္းၾကာျမင့္သည့္ ျပႆနာေၾကာင့္ ေဈးကြက္အတြင္း ဆုံး႐ႈံးနစ္နာမႈ ျမင့္မားသည့္အတြက္ အေမ့ေလ်ာ့ခံ က႑အျဖစ္ မသတ္မွတ္သင့္ေၾကာင္း ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္မွ အတြင္းေရးမႉးဦးမ်ိဳးျမင့္ကေျပာၾကားသည္။

“ ေဆာက္လုပ္ေရးေဈးကြက္မွာ အေျခခံအလုပ္သမားအေရအတြက္က သန္းနဲ႔ခ်ီရွိတယ္။ ေဈးကြက္ရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္က ျပည္ပကတင္သြင္းတဲ့ ကုန္ၾကမ္းေတြမွီခိုေနရလို႔ ကုန္ၾကမ္းၾကန္႔ၾကာခ်ိန္မွာ အက်ိဳးသက္ေရာက္မႈက ႀကီးတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ေဆာက္လုပ္ေရးကုန္ၾကမ္းမ်ား သတ္မွတ္အခ်ိန္အတြင္း မေရာက္ရွိသည့္ ျပႆနာေၾကာင့္ အစိုးရတင္ဒါမ်ားတြင္ ေနာက္က်ဒါဏ္ေၾကးမ်ားေပးေဆာင္ရျခင္း၊ ႀကိဳပြိဳင့္တိုက္ခန္းမ်ားတြင္ ဝယ္ယူသူႏွင့္ စာခ်ဳပ္အရ ေလ်ာ္ေၾကးေပးရျခင္း၊ ေဆာက္လုပ္ေရးအလုပ္သမား ငွားရမ္းရသည့္ အေရအတြက္ႏွင့္ လုပ္ကြက္ ခန္႔မွန္းရခက္သည့္ အေျခအေနမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံမွသိရသည္။

လက္ရွိျမန္မာႏိုင္ငံတြင္ ေဆာက္လုပ္ေရးေဈးကြက္သည္ လက္ရွိအစိုးရလက္ထက္တြင္ က်ဆင္းလ်က္ရွိေသာ္လည္း ေဆာက္လုပ္ေရးအတြက္ သီးသန္႔ ေခ်းေငြမ်ားႏွင့္ သက္သာခြင့္မ်ား မရွိသည့္အတြက္ လုပ္ငန္းလည္ပတ္မႈမ်ား က်ဆင္းလ်က္ရွိသည္။

ေဆာက္လုပ္ေရးလုပ္ငန္းသုံး ကုန္ၾကမ္းမ်ားသည္ ျမန္မာႏိုင္ငံအတြင္းသို႔ တ႐ုတ္ႏွင့္ မေလးရွားႏိုင္ငံတို႔မွ အဓိကဝင္ေရာက္လ်က္ရွိၿပီး လက္ရွိတြင္ေအာ္ဒါမွာထားသည့္ ပစၥည္းအမ်ားစုမွ သတ္မွတ္ရက္ထက္ တစ္လ ေက်ာ္အထိ အခ်ိန္ပိုမိုေစာင့္ဆိုင္းေနရေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ

Upcoming Property Events

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service