ရန်ကုန်မြို့၏ အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်စနစ်ကို အွန်လိုင်းကနေလျှောက်နိုင် - Property News in Myanmar from iMyanmarHouse.com
874 Views

ရန်ကုန်မြို့၏ အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်စနစ်ကို အွန်လိုင်းကနေလျှောက်နိုင်

### Unicode Version ###

ရန်ကုန်မြို့၏ အဆောက်အအုံဆောက်လုပ်ခွင့်ပါမစ်စနစ်ကို အွန်လိုင်းကနေ လျှောက်လို့ရပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှ သိရသည်။

အဆောက်အအုံဆောက်လုပ်ခွင့်ကို အွန်လိုင်းစနစ်ဖြင့်လျှောက်ထားရာတွင် အဆင့် ၅ ဆင့်ရှိကြောင်း၊ပထမအဆင့်မှာ လျှောက်ထားသူ ၏ အချက်အလက်၊ ဒုတိယမှာ ဆောက်မည့်အဆောက်အအုံဆိုင်ရာအချက်အလက်၊ တတိယမှာ အဆိုပါ ပထမနှင့်ဒုတိယအချက်အလက်များကို စုစည်းပြီးတွဲရမှာဖြစ်ကြောင်း၊စတုတ္ထက ဖြည့်ထားသည့် အချက်အလက်များကို ပြန်စိစစ်ပြီး မှန်ကန်ပါက အွန်လိုင်းတင်ရမှာဖြစ်ပြီး ပဉ္စမအဆင့်မှာ တင်လိုက်သည့်အချက်အလက် ပြည့်စုံတယ်လို့ ရုံးပိုင်းက စစ်ဆေးပြီးရင် Payment ပေးရမည့် အဆင့်ရောက်သွားပြီဖြစ်ကြောင်းသိရသည်။

အွန်လိုင်းစနစ်က လျှောက်ထားရာတွင် ybps. ycdc.gov.mn ဆိုသည့် ဝက်ဘ်ဆိုက်ကနေ လျှောက်ထားရမှာ ဖြစ်ပြီး လျှောက်သည့်အခါ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ဗိသုကာကောင်စီက အသိအမှတ်ပြုထားသည့် သူများကနေ လျှောက်ထားလိုသူများအနေဖြင့် လျှောက်ထားရမှာ ဖြစ်ကြောင်း၊ ၎င်းတို့၏ အကောင့်လည်း ဖွင့်ပေးထားပြီး သက်ဆိုင်ရာအကောင့်ကနေ လျှောက်လို့ ရမှာဖြစ်ကြောင်း သိရသည်။

ရန်ကုန် မြို့တော်စည်ပင်အနေနှင့် ရန်ကုန်မြို့၏အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့်များကို အကောင်းဆုံး ဖြစ်အောင် အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ခဲ့ရာတွင် ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)က လက်တွေ့ကျင့်သုံးနေသည့်စနစ်ကို လေ့လာ ဆန်းစစ်အကူညီပေးခဲ့ကြောင်း၊ရန်ကုန် မြို့တော်စည်ပင်အနေနှင့် မြန်မာနိုင်ငံဗိသုကာ ကောင်စီနှင့်အင်ဂျင်နီယာကောင်စီကနေ ပူးပေါင်းဆောင်ရွက်မည့် သူများကို အကူအညီတောင်းပြီး၊ယင်းတို့ကို(IFC) က သင်တန်းပေးခဲ့ကာ အွန်လိုင်းစနစ်စတင်စမ်းသပ် လုပ်ကိုင်ခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့တွင် အွန်လိုင်းစနစ်စတင်နိုင်ရန် ၂၀၁၈ ခုနှစ် မေလတွင် IFC နှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းခဲ့ပြီး အသေးစိတ်လုပ်ငန်းစဉ် မြေပုံရေးဆွဲအကဲဖြတ်မှုများကိုပြုလုပ်ခဲ့ကာ၊၂၀၁၉ ခုနှစ် ဩဂုတ်လတွင် စမ်းသပ်လုပ်ကိုင်ခြင်းကို စတင်နိုင်ခဲ့ကြောင်း၊ သင်တန်းပေးမှု (၈)ကြိမ်ရှိနေပြီး လူဦးရေ ၁၅၀၀ ခန့်ကို သင်တန်းပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ရန္ကုန္ၿမိဳ႕၏ အေဆာက္အအုံေဆာက္လုပ္ခြင့္ပါမစ္စနစ္ကို အြန္လိုင္းကေနေလၽွာက္ႏိုင္

ရန္ကုန္ၿမိဳ႕၏ အေဆာက္အအုံေဆာက္လုပ္ခြင့္ပါမစ္စနစ္ကို အြန္လိုင္းကေန ေလၽွာက္လို႔ရၿပီျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာမွ သိရသည္။

အေဆာက္အအုံေဆာက္လုပ္ခြင့္ကို အြန္လိုင္းစနစ္ျဖင့္ေလွ်ာက္ထားရာတြင္ အဆင့္ ၅ ဆင့္ရွိေၾကာင္း၊ပထမအဆင့္မွာ ေလၽွာက္ထားသူ၏ အခ်က္အလက္၊ ဒုတိယမွာ ေဆာက္မည့္အေဆာက္အအုံဆိုင္ရာအခ်က္အလက္၊ တတိယမွာ အဆိုပါ ပထမႏွင့္ဒုတိယအခ်က္အလက္မ်ားကို စုစည္းၿပီးတြဲရမွာျဖစ္ေၾကာင္း၊စတုတၳက ျဖည့္ထားသည့္ အခ်က္အလက္မ်ားကို ျပန္စိစစ္ၿပီး မွန္ကန္ပါက အြန္လိုင္းတင္ရမွာျဖစ္ၿပီး ပဥၥမအဆင့္မွာ တင္လိုက္သည့္အခ်က္အလက္ ျပည့္စုံတယ္လို႔ ႐ုံးပိုင္းက စစ္ေဆးၿပီးရင္ Payment ေပးရမည့္ အဆင့္ေရာက္သြားၿပီျဖစ္ေၾကာင္းသိရသည္။

အြန္လိုင္းစနစ္က ေလၽွာက္ထားရာတြင္ ybps. ycdc.gov.mn ဆိုသည့္ ဝက္ဘ္ဆိုက္ကေန ေလၽွာက္ထားရမွာ ျဖစ္ၿပီး ေလၽွာက္သည့္အခါ ျမန္မာနိုင္ငံအင္ဂ်င္နီယာေကာင္စီႏွင့္ ဗိသုကာေကာင္စီက အသိအမွတ္ျပဳထားသည့္ သူမ်ားကေန ေလၽွာက္ထားလိုသူမ်ားအေနျဖင့္ ေလၽွာက္ထားရမွာ ျဖစ္ေၾကာင္း၊ ၎တို႔၏ အေကာင့္လည္း ဖြင့္ေပးထားၿပီး သက္ဆိုင္ရာအေကာင့္ကေန ေလၽွာက္လို႔ ရမွာျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္အေနႏွင့္ ရန္ကုန္ၿမိဳ႕၏အေဆာက္အအုံေဆာက္လုပ္ခြင့္ျပဳမိန႔္မ်ားကို အေကာင္းဆုံး ျဖစ္ေအာင္ အြန္လိုင္းစနစ္ျဖင့္ ေျပာင္းလဲေဆာင္ရြက္ခဲ့ရာတြင္ ကမၻာ့ဘဏ္အုပ္စု၏ အဖြဲ႕ဝင္ျဖစ္သည့္ အျပည္ျပည္ဆိုင္ရာ ဘ႑ာေရးေကာ္ပိုေရးရွင္း (IFC)က လက္ေတြ႕က်င့္သုံးေနသည့္စနစ္ကို ေလ့လာဆန္းစစ္အကူညီေပးခဲ့ေၾကာင္း၊ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္အေနႏွင့္ ျမန္မာနိုင္ငံဗိသုကာ ေကာင္စီႏွင့္အင္ဂ်င္နီယာေကာင္စီကေန ပူးေပါင္းေဆာင္ရြက္မည့္ သူမ်ားကို အကူအညီေတာင္းၿပီး၊ယင္းတို႔ကို(IFC) က သင္တန္းေပးခဲ့ကာ အြန္လိုင္းစနစ္စတင္စမ္းသပ္ လုပ္ကိုင္ခဲ့ေၾကာင္းသိရသည္။

ရန္ကုန္ၿမိဳ႕တြင္ အြန္လိုင္းစနစ္စတင္နိုင္ရန္ ၂၀၁၈ ခုႏွစ္ ေမလတြင္ IFC ႏွင့္ ရန္ကုန္ ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီတို႔ ပူးေပါင္းခဲ့ၿပီး အေသးစိတ္လုပ္ငန္းစဥ္ ေျမပုံေရးဆြဲအကဲျဖတ္မႈမ်ားကိုျပဳလုပ္ခဲ့ကာ၊၂၀၁၉ ခုႏွစ္ ဩဂုတ္လတြင္ စမ္းသပ္လုပ္ကိုင္ျခင္းကို စတင္နိုင္ခဲ့ေၾကာင္း၊ သင္တန္းေပးမႈ (၈)ႀကိမ္ရွိေနၿပီး လူဦးေရ ၁၅၀၀ ခန႔္ကို သင္တန္းေပးခဲ့ၿပီး ျဖစ္ေၾကာင္းသိရသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service