တိုင္းအစိုးရေရာင္းခ်သည့္ ေျမကြက္ အေစာင္ေရ ၃၀၀၀ ေက်ာ္လာေရာက္ေလွ်ာက္ထားျခင္းမရွိ - Property News in Myanmar from iMyanmarHouse.com
1012 Views

တိုင္းအစိုးရေရာင္းခ်သည့္ ေျမကြက္ အေစာင္ေရ ၃၀၀၀ ေက်ာ္လာေရာက္ေလွ်ာက္ထားျခင္းမရွိ

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီးအစိုးရေရာင္းခ်သည့္ေျမကြက္မ်ား ေလွ်ာက္လႊာ၀ယ္ယူျပီး လာေရာက္ေလွ်ာက္ထားျခင္းမရွိသည့္ ေလွ်ာက္လႊာေပါင္း ၃၀၀၀ ေက်ာ္ရွိေၾကာင္း ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဳး ဦးသန္းကေျပာၾကားသည္။

“ လက္ရွိ ေလွ်ာက္လႊာေတြကုိ ေျမစီမံခန့္ခြဲမွဳေကာ္မတီက ေလွ်ာက္ထားတဲ့အမ်ိဳးအစားအလိုက္ လူေနေျမကြက္၊ စက္မွဳလက္မွဳနွင့္ စီပြားေရးလုပ္ငန္းမ်ားအတြက္ ဆိုျပီးခြဲျခားေနတယ္၊ ဘယ္သူေတြကုိေရာင္းခ်သြားမယ္ ဘယ္ေတာ့ေရာင္းမယ္ဆိုတာေတာ့ မသိရေသးဘူး” ဟု ဦးသန္းကေျပာသည္။

အဆိုပါေျမကြက္မ်ားကို ရန္ကုန္တိုင္းေဒသႀကီး  ေျမစီမံခန့္ခြဲမွဳေကာ္မတီ၏ အစီအစဥ္ျဖင့္ ေအာက္တိုဘာ ၇ ရက္ေန့မွ နို၀င္ဘာ ၈ ရက္ေန့အထိ ေရာင္းခ်ခဲ့ျခင္းျဖစ္ျပီး ေျမကြက္ေလွ်ာက္လႊာ၁၅,၆၂၀ လာေရာက္၀ယ္ယူျပီး ေလွ်ာက္လႊာေပါင္း ၁၂,၁၅၈ ေစာင္သာျပန္လည္ေလွ်ာက္ထားခဲ့ေၾကာင္း YCDC မွသိရသည္။

အဆိုပါေျမမ်ားကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ၫြန္ၾကားခ်က္ျဖင့္ အစိုးရအဖြဲ႕ ေျမစီမံခန္႔ခြဲေရးေကာ္မတီမွ ေရာင္းခ်ျခင္းျဖစ္ျပီး ဒဂံုေလးျမိဳ႕နယ္နွင့္ လွိဳင္သာယာ၊ ေရႊျပည္သာျမိဳ႕နယ္မ်ားမွ ေျမမ်ားကုို ေရာင္းခ်ျခင္းျဖစ္ေၾကာင္း ေျမစီမံခန့္ခြဲမွဳေကာ္မတီထံမွသိရသည္။

အဆိုပါေျမကြက္ ေလွ်ာက္ထားခြင့္ေလွ်ာက္လႊာမ်ားကုိ တစ္ေစာင္လွ်င္ က်ပ္တစ္ေသာင္းနွဳန္းျဖင့္ ေျမကြက္ေလွ်ာက္ထားမည့္သူ၏ မွတ္ပံုတင္မူရင္းနွင့္ မိတၱဴတစ္စံုတင္ျပ၍ အေရွ့ပုိင္းခရိုင္အေထြေထြ အုပ္ခ်ဳပ္ေရးမွဳးရံုးတြင္ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္းရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ေျမယာဌာနမွသိရသည္။

အဆိုပါေျမကြက္မ်ား၏ ၉၅ ရာခိုင္နွဳန္းသည္ အေျခခံလိုအပ္ခ်က္မ်ားျဖစ္သည့္ လမ္း၊ မီး၊ ေရစသည့္တို႕ပါ၀င္ျပီး လိုအပ္သည့္ ေနရာမ်ားတြင္ေဖာ္ေဆာင္ရမည့္ ကုန္က်စရိတ္မ်ားကို ေျမကြက္၀ယ္ယူခြင့္ရရွိသူမွ က်သင့္ေငြကုိ ထပ္တိုးေပးေခ်ရမည္ဟု YCDC ထံမွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီးအစိုးရရောင်းချသည့်မြေကွက်များ လျှောက်လွှာဝယ်ယူပြီး လာရောက်လျှောက်ထားခြင်းမရှိသည့် လျှောက်လွှာပေါင်း ၃၀၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှုး ဦးသန်းကပြောကြားသည်။

“ လက်ရှိ လျှောက်လွှာတွေကို မြေစီမံခန့်ခွဲမှုကော်မတီက လျှောက်ထားတဲ့အမျိုးအစားအလိုက် လူနေမြေကွက်၊ စက်မှုလက်မှုနှင့် စီပွားရေးလုပ်ငန်းများအတွက် ဆိုပြီးခွဲခြားနေတယ်၊ ဘယ်သူတွေကိုရောင်းချသွားမယ် ဘယ်တော့ရောင်းမယ်ဆိုတာတော့ မသိရသေးဘူး” ဟု ဦးသန်းကပြောသည်။

အဆိုပါမြေကွက်များကို ရန်ကုန်တိုင်းဒေသကြီး မြေစီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် အောက်တိုဘာ ၇ ရက်နေ့မှ နိုဝင်ဘာ ၈ ရက်နေ့အထိ ရောင်းချခဲ့ခြင်းဖြစ်ပြီး မြေကွက်လျှောက်လွှာ၁၅,၆၂၀ လာရောက်ဝယ်ယူပြီး လျှောက်လွှာပေါင်း ၁၂,၁၅၈ စောင်သာပြန်လည်လျှောက်ထားခဲ့ကြောင်း YCDC မှသိရသည်။

အဆိုပါမြေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် အစိုးရအဖွဲ့ မြေစီမံခန့်ခွဲရေးကော်မတီမှ ရောင်းချခြင်းဖြစ်ပြီး ဒဂုံလေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များမှ မြေများကို ရောင်းချခြင်းဖြစ်ကြောင်း မြေစီမံခန့်ခွဲမှုကော်မတီထံမှသိရသည်။

အဆိုပါမြေကွက် လျှောက်ထားခွင့်လျှောက်လွှာများကို တစ်စောင်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မြေကွက်လျှောက်ထားမည့်သူ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတစ်စုံတင်ပြ၍ အရှေ့ပိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးမှုးရုံးတွင်ရောင်းချခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေယာဌာနမှသိရသည်။

အဆိုပါမြေကွက်များ၏ ၉၅ ရာခိုင်နှုန်းသည် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်း၊ မီး၊ ရေစသည့်တို့ပါဝင်ပြီး လိုအပ်သည့် နေရာများတွင်ဖော်ဆောင်ရမည့် ကုန်ကျစရိတ်များကို မြေကွက်ဝယ်ယူခွင့်ရရှိသူမှ ကျသင့်ငွေကို ထပ်တိုးပေးချေရမည်ဟု YCDC ထံမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ponnami
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service