ကမၻာေရႊေဈးျပန္က်၍ ျပည္တြင္းေရႊ ေဈး ၂ လအတြင္း က်ပ္ ၁ သိန္းေက်ာ္ျပန္က် - Property News in Myanmar from iMyanmarHouse.com
2616 Views

ကမၻာေရႊေဈးျပန္က်၍ ျပည္တြင္းေရႊ ေဈး ၂ လအတြင္း က်ပ္ ၁ သိန္းေက်ာ္ျပန္က်

### Zawgyi Version ###

ကမၻာေရႊေဈးျမင့္တက္ျခင္းႏွင့္ ျပည္တြင္းဘဏ္ဂယက္ေၾကာင့္ တစ္က်ပ္သားလၽွင္ က်ပ္ ၁၃ သိန္းအထိျမင့္တက္ခဲ့သည့္ ျပည္တြင္းေရႊေဈးသည္ နိုဝင္ဘာ ၁၂ ရက္တြင္ က်ပ္ ၁၂ သိန္း ေအာက္သို႔ ျပန္လည္က်ဆင္းလာသည္ဟု ျပည္တြင္းေရႊေဈးကြက္ မွ သိရသည္။

နိုဝင္ဘာ ၈ ရက္တြင္ က်ပ္ ၁၂ သိန္းေအာက္ကို ေရာက္ရွိခဲ့ၿပီး နိုဝင္ဘာ ၁၃ ရက္တြင္ တစ္က်ပ္သားလၽွင္ က်ပ္ ၁၁၈၉၀၀၀ အထိေလ်ာ့သြားသည္ဟု ရန္ကုန္တိုင္းေရႊလုပ္ငန္းမ်ားအသင္းက ထုတ္ျပန္ထားသည္။

ကမၻာ့ေရႊေဈးက်ဆင္းျခင္း ႏွင့္ ျပည္တြင္းေငြလဲေဈးႏႈန္းတြင္ ေဒၚလာေဈးက်ဆင္းလာျခင္းေၾကာင့္ ေရႊေဈးျပန္လည္က်ဆင္းလာျခင္းျဖစ္သည္ဟု ရန္ကုန္တိုင္း ေရႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ဦးမ်ိဳးျမင့္က ဆိုသည္။

‘‘ ကမၻာ့ေဈးမွာ တ႐ုတ္ဘက္က ေရႊအဝယ္ရပ္ေတာ့ ေဈးျပန္က်လာတဲ့သေဘာပါ။ ေရွ႕ဆက္လည္း ဆက္က်နိုင္လိမ့္မယ္’’ ဟု ၎ကဆိုသည္။

ျပည္တြင္း၌ ေရႊေဈးက်ဆင္းေသာ္လည္း အေရာင္းအဝယ္မျဖစ္ေၾကာင္း ၎က ဆိုသည္။

ျပည္တြင္းေရႊေဈးသည္ ဩဂုတ္ ၇ ရက္တြင္ အေခါက္ေရႊ တစ္က်ပ္သားလၽွင္ က်ပ္ ၁၂ သိန္းေက်ာ္ ျမင့္တက္ခဲ့သည္။ ထိုျပင္ ျပည္တြင္းဘဏ္မ်ားဂယက္ေၾကာင့္ ေရႊအလုအယက္ဝယ္ယူသူမ်ားလာၿပီး စက္တင္ဘာ ၅ ရက္တြင္ တစ္က်ပ္သားလၽွင္ က်ပ္ ၁၃၀၇၀၀၀ အထိျမင့္တက္ခဲ့သည္။

ဩဂုတ္ ၇ ရက္တြင္ ေရႊေဈးသည္ တစ္ေအာင္စလၽွင္ ၁,၄၈၉ ေဒၚလာရွိၿပီး နိုဝင္ဘာ ၁၃ ရက္တြင္ တစ္ေအာင္စလၽွင္ ေဒၚလာ ၁,၄၆၄ အထိ ျပန္လည္က်ဆင္းခဲ့သည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ကမ္ဘာရွှေဈေးမြင့်တက်ခြင်းနှင့် ပြည်တွင်းဘဏ်ဂယက်ကြောင့် တစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းအထိမြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးသည် နိုဝင်ဘာ ၁၂ ရက်တွင် ကျပ် ၁၂ သိန်း အောက်သို့ ပြန်လည်ကျဆင်းလာသည်ဟု ပြည်တွင်းရွှေဈေးကွက် မှ သိရသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျပ် ၁၂ သိန်းအောက်ကို ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်တွင် တကျပ်သားလျှင် ကျပ် ၁၁၈၉၀၀၀ အထိလျော့သွားသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းများအသင်းက ထုတ်ပြန်ထားသည်။

ကမ္ဘာ့ရွှေဈေးကျဆင်းခြင်း နှင့် ပြည်တွင်းငွေလဲဈေးနှုန်းတွင် ဒေါ်လာဈေးကျဆင်းလာခြင်းကြောင့် ရွှေဈေးပြန်လည်ကျဆင်းလာခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ဆိုသည်။

‘‘ ကမ္ဘာ့ဈေးမှာ တရုတ်ဘက်က ရွှေအဝယ်ရပ်တော့ ဈေးပြန်ကျလာတဲ့သဘောပါ။ ရှေ့ဆက်လည်း ဆက်ကျနိုင်လိမ့်မယ်’’ ဟု ၎င်းကဆိုသည်။

ပြည်တွင်း၌ ရွှေဈေးကျဆင်းသော်လည်း အရောင်းအဝယ်မဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းရွှေဈေးသည် ဩဂုတ် ၇ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၂ သိန်းကျော် မြင့်တက်ခဲ့သည်။ ထိုပြင် ပြည်တွင်းဘဏ်များဂယက်ကြောင့် ရွှေအလုအယက်ဝယ်ယူသူများလာပြီး စက်တင်ဘာ ၅ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၁၃၀၇၀၀၀ အထိမြင့်တက်ခဲ့သည်။

ဩဂုတ် ၇ ရက်တွင် ရွှေဈေးသည် တစ်အောင်စလျှင် ၁,၄၈၉ ဒေါ်လာရှိပြီး နိုဝင်ဘာ ၁၃ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁,၄၆၄ အထိ ပြန်လည်ကျဆင်းခဲ့သည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service