ေရႊဗဟိုေစ်းကြက္ကေန ႏိုင္ငံတကာေစ်းကြက္ထိခ်ိတ္ဆက္ႏိုင္ရန္ ႀကိဳးပမ္းေန - Property News in Myanmar from iMyanmarHouse.com
780 Views

ေရႊဗဟိုေစ်းကြက္ကေန ႏိုင္ငံတကာေစ်းကြက္ထိခ်ိတ္ဆက္ႏိုင္ရန္ ႀကိဳးပမ္းေန

### Zawgyi Version ###

ျမန္မာႏိုင္ငံေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ေ႐ႊဗဟိုေဈးကြက္တစ္ခုေပၚထြန္းလာဖို႔ ႀကိဳးပမ္းေနၿပီး ေ႐ႊနဲ႔ဆက္စပ္တဲ့အသုံးအေဆာင္ေတြကို ႏိုင္ငံတကာေဈးကြက္ကို ခ်ဲ႕ထြင္လုပ္ကိုင္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ အသင္းဥကၠဌ ဦးေက်ာ္ဝင္းကေျပာပါတယ္။

ဒီလိုလုပ္ေဆာင္ႏိုင္ဖို႔အတြက္ကိုလည္း ျမန္မာႏိုင္ငံေရႊလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ကို ယခုႏွစ္အတြင္းမွာ တည္ေထာင္ခဲ့တာျဖစ္ၿပီး ေရႊနဲ႕ပတ္သက္တဲ့ One Stop Service ကိုလည္း တည္ေထာင္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ျမန္မာႏိုင္ငံရဲ႕ ေ႐ြအေရာင္းအဝယ္စနစ္က စနစ္က်တဲ့ ေရာင္းဝယ္မႈပုံစံ မျဖစ္လာေသးဘူးလို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းကေျပာပါတယ္။ ဒါ့ေၾကာင့္ လက္ရွိမွာေ႐ႊေဈးကြက္က တရားဝင္ေရာင္းဝယ္ႏိုင္မယ့္ အေျခအေနျဖစ္လာဖို႔ လိုအပ္ေနၿပီလို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံဟာ ကမာၻေပၚမွာ ေ႐ႊသုံးစြဲမႈအမ်ားဆုံးျဖစ္တဲ့ တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံေတြအၾကားမွာ တည္ရွိေနတာပါ။

ဒါ့ေၾကာင့္ ျပည္တြင္းေ႐ႊေဈးကိုႏိုင္ငံတကာနဲ႔ စနစ္တက်ခ်ိတ္ဆက္ထားဖို႔လိုၿပီး ဒီလိုမလုပ္ႏိုင္ရင္ေ႐ႊေဈး ကေမာက္ကမျဖစ္မႈေတြျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။

ျပည္တြင္းေငြေၾကးေဈးကြက္နဲ႔ ေ႐ႊေဈး တည္ၿငိမ္ေရးဟာ ဆက္စပ္ေနတာေၾကာင့္ ေ႐ႊေဈးေငြေဈးတည္ၿငိမ္ၿပီး ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ေ႐ႊလုပ္ငန္းရွင္ေတြကို ကာကြယ္ေပးႏိုင္မယ့္ အေျခအေနတစ္ခုျဖစ္ဖို႔ ႀကိဳးပမ္းရမွာျဖစ္တယ္လို႔ ဦးၿဖိဳးမင္းသိန္းကေျပာပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံအတြင္း ႏိုင္ငံတကာေရႊဗဟိုေစ်းကြက္တစ္ခုကို ေပၚထြန္းလာေအာင္ အျမန္ဆံုးအေကာင္အထည္ေဖာ္သြားမွာျဖစ္တယ္လို႕ သိရပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက ရွှေဗဟိုဈေးကွက်တစ်ခုပေါ်ထွန်းလာဖို့ ကြိုးပမ်းနေပြီး ရွှေနဲ့ဆက်စပ်တဲ့အသုံးအဆောင်တွေကို နိုင်ငံတကာဈေးကွက်ကို ချဲ့ထွင်လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အသင်းဥက္ကဌ ဦးကျော်ဝင်းကပြောပါတယ်။

ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက်ကိုလည်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်ကို ယခုနှစ်အတွင်းမှာ တည်ထောင်ခဲ့တာဖြစ်ပြီး ရွှေနဲ့ပတ်သက်တဲ့ One Stop Service ကိုလည်း တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ရွေအရောင်းအဝယ်စနစ်က စနစ်ကျတဲ့ ရောင်းဝယ်မှုပုံစံ မဖြစ်လာသေးဘူးလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။ ဒါ့ကြောင့် လက်ရှိမှာရွှေဈေးကွက်က တရားဝင်ရောင်းဝယ်နိုင်မယ့် အခြေအနေဖြစ်လာဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရွှေသုံးစွဲမှုအများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအကြားမှာ တည်ရှိနေတာပါ။

ဒါ့ကြောင့် ပြည်တွင်းရွှေဈေးကိုနိုင်ငံတကာနဲ့ စနစ်တကျချိတ်ဆက်ထားဖို့လိုပြီး ဒီလိုမလုပ်နိုင်ရင်ရွှေဈေး ကမောက်ကမဖြစ်မှုတွေဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ပြည်တွင်းငွေကြေးဈေးကွက်နဲ့ ရွှေဈေး တည်ငြိမ်ရေးဟာ ဆက်စပ်နေတာကြောင့် ရွှေဈေးငွေဈေးတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရွှေလုပ်ငန်းရှင်တွေကို ကာကွယ်ပေးနိုင်မယ့် အခြေအနေတစ်ခုဖြစ်ဖို့ ကြိုးပမ်းရမှာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာရွှေဗဟိုဈေးကွက်တစ်ခုကို ပေါ်ထွန်းလာအောင် အမြန်ဆုံးအကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service