အိုးအိမ္ေျမ၊ စည္ပင္ေျမတို႔မွာေဆာက္ထားတဲ့ တိုက္ခန္းေတြ ၀ယ္ယူသင့္သလား၊ ဝယ္ယူမယ္ဆိုရင္ ပိုင္ဆိုင္မႈခုိင္မာေအာင္ ဘယ္လိုလုပ္မလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
7400 Views

အိုးအိမ္ေျမ၊ စည္ပင္ေျမတို႔မွာေဆာက္ထားတဲ့ တိုက္ခန္းေတြ ၀ယ္ယူသင့္သလား၊ ဝယ္ယူမယ္ဆိုရင္ ပိုင္ဆိုင္မႈခုိင္မာေအာင္ ဘယ္လိုလုပ္မလဲ ?

Knowledge | Posted by Shwe Zin Win

### Zawgyi Version ###

စည္ပင္ေျမေပၚတြင္ တည္ေဆာက္ထားသည့္တိုက္ခန္းအမ်ိဳးအစား (၂) မ်ိဳးရွိၿပီး အိုးအိမ္ေျမေပၚတြင္ တည္ေဆာက္ထားသည့္တိုက္ခန္းအမ်ိဳးအစား (၃) မ်ိဳးရွိပါတယ္။ စည္ပင္တိုက္ခန္း (၂) မ်ိဳးအနက္ ပထမတစ္မ်ိဳးက စည္ပင္တုိက္ခန္းကို ၀ယ္ယူသူအား ပိုင္ဆိုင္မႈ အေထာက္အထားအျဖစ္ အင္ဂ်င္နီယာဌာန (အေဆာက္အအံု)မွ ထုတ္ေပးေသာ အေဆာက္အအံုေနထိုင္ခြင့္ စာခ်ဳပ္ (သို႔) သက္ဆိုင္ရာ ၿမိဳ႕နယ္စည္ပင္သာယာ အုပ္ခ်ဳပ္ေရးမွဴးရံုး၏ တုိက္ခန္းေနရာခ်ထားျခင္း လက္မွတ္ထုတ္ေပးထားသည့္ တိုက္ခန္းျဖစ္ပါသည္။ ထုိတုိက္ခန္းကို ၀ယ္ယူမည္ဆိုလွ်င္ အထက္ပါစာရြက္စာတမ္းကို ေရာင္းသူထံမွ လႊဲေျပာင္းယူရမွာျဖစ္ပါသည္။

၀ယ္ယူသူသည္ အမည္ေျပာင္းေလွ်ာက္ထားရန္အတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီတြင္ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ သတ္မွတ္ကာလအတြင္း ကန္႔ကြက္ခ်က္မရွိပါက မူလအေဆာက္အဦ ေနထိုင္ခြင့္စာခ်ဳပ္အား ပယ္ဖ်က္၍ အမည္ေျပာင္း ေလွ်ာက္ထားသူ အမည္ျဖင့္စာခ်ဳပ္ကို ခ်ဳပ္ဆိုေပးမွာ ျဖစ္ပါသည့္အတြက္ ပိုင္ဆိုင္မႈခိုင္မာပါတယ္။

ဒုတိယတစ္မ်ိဳးက စည္ပင္ေျမေပၚမွာတည္ေဆာက္တဲ့ တန္ဖိုးနည္းအိမ္ရာတိုက္ခန္းမ်ားကို ၀ယ္ယူခြင့္ ရရွိသူသည္ ကိုယ္တိုင္ေနထိုင္ရမည္ျဖစ္ၿပီး ငွားရမ္းျခင္း၊ တဆင့္လႊဲေျပာင္းေရာင္းခ်ျခင္း ျပဳလုပ္ခြင့္မရွိပါ။ ထုိသို႔ျပဳလုပ္ပါက တိုက္ခန္းအား ျပန္လည္သိမ္းယူပါသည္။ ၀ယ္ယူသူအေနနဲ႔လည္း ပိုင္ဆုိင္မႈမခိုင္မာတာ ျဖစ္လို႔ မ၀ယ္ယူသင့္ပါဘူး။

အိ္ုးအိမ္ကေန ေဆာက္လုပ္ထားတာက (၃) မ်ိဳးအနက္ ပထမတစ္မ်ိဳးက အိုးအိမ္ကေရာင္းတဲ့ တုိက္ခန္းကို ၀ယ္ယူသူက တိုက္ရိုက္၀ယ္ယူျခင္းျဖစ္ပါတယ္။ ထိုသို႔ ၀ယ္ယူထားသည့္တိုက္ခန္းကို အိုးအိမ္မွ ပိုင္ဆိုင္မႈ အေထာက္အထားအျဖစ္ ၀ယ္ယူအမည္ျဖင့္ ပိုင္ဆိုင္မႈစာအုပ္ (Owner Book) ထုတ္ေပးပါတယ္။ ၀ယ္ယူသူကလည္း တရား၀င္ျပန္ ေရာင္းခ် လို႔ရပါတယ္။ ဒုတိယ၀ယ္ယူသူသည္ ပိုင္ဆိုင္မႈစာအုပ္ (Owner Book)တြင္ အမည္ေျပာင္းျခင္းကို အိုးအိမ္တြင္ေဆာင္ရြက္ျခင္းျဖင့္ ပိုင္ဆုိင္မႈခိုင္မာပါတယ္။

ဒုတိယတစ္မ်ိဳးက အိုးအိမ္အခန္းေတြကိုအရင္တုန္းက ျပည္သူပိုင္သိမ္းတဲ့ အခန္းေတြရွိတယ္။ ၁၉၆၄ ခုႏွစ္ ေလာက္ကဆိုရင္ ကုမၸဏီေတြသိမ္းတဲ့အခါမွာ အိုးအိမ္ကေနၿပီး သူ႔လက္ေအာက္မွာရွိတဲ့ အခန္းေတြကို ျပည္သူပိုင္သိမ္းတာေတြရွိပါတယ္။ အိုးအိမ္ကေန သက္ဆိုင္ရာကို အငွားခ်ထားေပးတယ္။ ထိုအခန္းမ်ိဳးဆို လႊဲေျပာင္းေရာင္းခ်ခြင့္မရွိပါဘူး။

တတိယတစ္မ်ိဳးက အိုးအိမ္က ေဆာက္လုပ္တဲ့ တုိက္တာအိမ္ယာေတြရွိေသးတယ္။ ထိုအခန္းမ်ိဳးဆို အိုးအိမ္ကေန အငွားခ်ထားေပးတဲ့သူေတြရွိပါတယ္။ ထိုတုိက္ခန္းေတြကိုလည္း လႊဲေျပာင္းေရာင္းခ်ခြင့္မရွိပါဘူး။

ထို႔ေၾကာင့္ အငွားခ်ထားေပးတဲ့ အိမ္ရာ၊ ျပည္သူပိုင္သိမ္းထားလို႔ အိုးအိမ္ကေန ႀကီးၾကပ္ၿပီး အငွားခ ေကာက္ခံေနတဲ့ အိမ္ရာေတြဟာ လႊဲေျပာင္းေရာင္းခ်ခြင့္မရွိပါဘူး။ အိုးအိမ္ကေန တုိက္ရိုက္ေရာင္းတဲ့အခန္း၊ ၀ယ္ထားတဲ့အခန္းကို ေနာက္တဆင့္ ေရာင္းခ်မယ္ဆိုရင္ ပိုင္ဆိုင္မႈခိုင္မာပါတယ္။ အငွာခ်ထားတဲ့တိုက္ခန္းဆိုရင္ အလြယ္တကူဖယ္ရွားေပးရမွာပါ။ ေနာက္ထပ္၀ယ္ယူထားတဲ့ သူေတြက တရားမ၀င္တဲ့အတြက္ ထို အေဆာက္အဦကို ဖ်က္မယ္ (သို႔) အိုးအိမ္က ျပန္သိမ္းမယ္ဆိုရင္ ပိုင္ဆိုင္မႈဆံုး႐ႈံးၿပီး လက္မဲ့ျဖစ္သြားပါလိမ့္မည္္။

အိုးအိမ္ေျမ၊ စည္ပင္ေျမတို႔မွာေဆာက္ထားတဲ့ တိုက္ခန္းေတြ၀ယ္ယူမယ္ဆိုလွ်င္ အိုးအိမ္ကတုိက္ရိုက္ ေရာင္းခ်သည့္ ပိုင္ဆိုင္မႈအေထာက္အထားျဖစ္ေသာ ၀ယ္ယူအမည္ျဖင့္ ပိုင္ဆိုင္မႈစာအုပ္ (Owner Book) ထုတ္ေပးထားသည့္ တိုက္ခန္းမ်ိဳးကိုသာ ၀ယ္ယူသင့္ၿပီး စည္ပင္တိုက္ခန္းဆိုလွ်င္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးကေကာ္မတီ၊ အင္ဂ်င္နီယာဌာန (အေဆာက္အအံု)မွ ထုတ္ေပးေသာ အေဆာက္အအံု ေနထိုင္ခြင့္ စာခ်ဳပ္ထုတ္ေပးသည့္ တိုက္ခန္းမ်ိဳးကိုသာ ၀ယ္ယူသင့္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔

### Unicode Version ###

စည်ပင်မြေပေါ်တွင် တည်ဆောက်ထားသည့်တိုက်ခန်းအမျိုးအစား (၂) မျိုးရှိပြီး အိုးအိမ်မြေပေါ်တွင် တည်ဆောက်ထားသည့်တိုက်ခန်းအမျိုးအစား (၃) မျိုးရှိပါတယ်။ စည်ပင်တိုက်ခန်း (၂) မျိုးအနက် ပထမတစ်မျိုးက စည်ပင်တိုက်ခန်းကို ဝယ်ယူသူအား ပိုင်ဆိုင်မှု အထောက်အထားအဖြစ် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ထုတ်ပေးသော အဆောက်အအုံနေထိုင်ခွင့် စာချုပ် (သို့) သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၏ တိုက်ခန်းနေရာချထားခြင်း လက်မှတ် ထုတ်ပေးထားသည့် တိုက်ခန်းဖြစ်ပါသည်။ ထိုတိုက်ခန်းကို ဝယ်ယူမည်ဆိုလျှင် အထက်ပါစာရွက်စာတမ်းကို ရောင်းသူထံမှ လွှဲပြောင်းယူရမှာဖြစ်ပါသည်။ ဝယ်ယူသူသည် အမည်ပြောင်းလျှောက်ထားရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် လျှောက်ထားရမှာဖြစ်ပါတယ်။ သတ်မှတ်ကာလအတွင်း ကန့်ကွက်ချက်မရှိပါက မူလအဆောက်အဦ နေထိုင်ခွင့်စာချုပ်အား ပယ်ဖျက်၍ အမည်ပြောင်း လျှောက်ထားသူ အမည်ဖြင့် စာချုပ်ကို ချုပ်ဆိုပေးမှာ ဖြစ်ပါသည့်အတွက် ပိုင်ဆိုင်မှု ခိုင်မာပါတယ်။

ဒုတိယတစ်မျိုးက စည်ပင်မြေပေါ်မှာတည်ဆောက်တဲ့ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို ဝယ်ယူခွင့် ရရှိသူသည် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး ငှားရမ်းခြင်း၊ တဆင့်လွှဲပြောင်းရောင်းချခြင်း ပြုလုပ်ခွင့်မရှိပါ။ ထိုသို့ပြုလုပ်ပါက တိုက်ခန်းအား ပြန်လည်သိမ်းယူပါသည်။ ဝယ်ယူသူအနေနဲ့လည်း ပိုင်ဆိုင်မှုမခိုင်မာတာ ဖြစ်လို့ မဝယ်ယူသင့်ပါဘူး။

အိုးအိမ်ကနေ ဆောက်လုပ်ထားတာက (၃) မျိုးအနက် ပထမတစ်မျိုးက အိုးအိမ်ကရောင်းတဲ့ တိုက်ခန်းကို ဝယ်ယူသူက တိုက်ရိုက်ဝယ်ယူခြင်းဖြစ်ပါတယ်။ ထိုသို့ ဝယ်ယူထားသည့်တိုက်ခန်းကို အိုးအိမ်မှ ပိုင်ဆိုင်မှု အထောက်အထားအဖြစ် ဝယ်ယူအမည်ဖြင့် ပိုင်ဆိုင်မှုစာအုပ် (Owner Book) ထုတ်ပေးပါတယ်။ ဝယ်ယူသူ ကလည်း တရားဝင်ပြန် ရောင်းချ လို့ရပါတယ်။ ဒုတိယဝယ်ယူသူသည် ပိုင်ဆိုင်မှုစာအုပ် (Owner Book)တွင် အမည်ပြောင်းခြင်းကို အိုးအိမ်တွင်ဆောင်ရွက်ခြင်းဖြင့် ပိုင်ဆိုင်မှုခိုင်မာပါတယ်။

ဒုတိယတစ်မျိုးက အိုးအိမ်အခန်းတွေကိုအရင်တုန်းက ပြည်သူပိုင်သိမ်းတဲ့ အခန်းတွေရှိတယ်။ ၁၉၆၄ ခုနှစ် လောက်ကဆိုရင် ကုမ္ပဏီတွေသိမ်းတဲ့အခါမှာ အိုးအိမ်ကနေပြီး သူ့လက်အောက်မှာရှိတဲ့ အခန်းတွေကို ပြည်သူပိုင်သိမ်းတာတွေရှိပါတယ်။ အိုးအိမ်ကနေ သက်ဆိုင်ရာကို အငှားချထားပေးတယ်။ ထိုအခန်းမျိုးဆို လွှဲပြောင်းရောင်း ချခွင့်မရှိပါဘူး။

တတိယတစ်မျိုးက အိုးအိမ်က ဆောက်လုပ်တဲ့ တိုက်တာအိမ်ယာတွေရှိသေးတယ်။ ထိုအခန်းမျိုးဆို အိုးအိမ်ကနေ အငှားချထားပေးတဲ့သူတွေရှိပါတယ်။ ထိုတိုက်ခန်းတွေကိုလည်း လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။

ထို့ကြောင့် အငှားချထားပေးတဲ့ အိမ်ရာ၊ ပြည်သူပိုင်သိမ်းထားလို့ အိုးအိမ်ကနေ ကြီးကြပ်ပြီး အငှားခ ကောက်ခံနေတဲ့ အိမ်ရာတွေဟာ လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။ အိုးအိမ်ကနေ တိုက်ရိုက်ရောင်းတဲ့အခန်း၊ ဝယ်ထားတဲ့အခန်းကို နောက်တဆင့် ရောင်းချမယ်ဆိုရင် ပိုင်ဆိုင်မှုခိုင်မာပါတယ်။ အငှာချထားတဲ့တိုက်ခန်း ဆိုရင် အလွယ်တကူဖယ်ရှားပေးရမှာပါ။ နောက်ထပ်ဝယ်ယူထားတဲ့ သူတွေက တရားမဝင်တဲ့အတွက် ထို အဆောက်အဦကို ဖျက်မယ် (သို့) အိုးအိမ်က ပြန်သိမ်းမယ်ဆိုရင် ပိုင်ဆိုင်မှုဆုံးရှုံးပြီး လက်မဲ့ဖြစ်သွားပါလိမ့်မည်။

အိုးအိမ်မြေ၊ စည်ပင်မြေတို့မှာဆောက်ထားတဲ့ တိုက်ခန်းတွေ ဝယ်ယူမယ်ဆိုလျှင် အိုးအိမ်ကတိုက်ရိုက် ရောင်းချသည့် ပိုင်ဆိုင်မှုအထောက်အထားဖြစ် သော ဝယ်ယူအမည်ဖြင့် ပိုင်ဆိုင်မှုစာအုပ် (Owner Book) ထုတ်ပေးထားသည့် တိုက်ခန်းမျိုးကိုသာ ဝယ်ယူသင့်ပြီး စည်ပင်တိုက်ခန်းဆိုလျှင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ထုတ်ပေးသော အဆောက်အအုံ နေထိုင်ခွင့် စာချုပ်ထုတ်ပေးသည့် တိုက်ခန်းမျိုးကိုသာ ဝယ်ယူသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service