အာဆီယံနိုင္ငံမ်ားမွ ပညာရွင္မ်ား ေခၚယူၿပီး ေဆာက္လုပ္ဆဲႏွင့္ ေဆာက္လုပ္ၿပီးကြန္ဒိုတိုက္ခန္းမ်ား အဆင့္မီမမီ စစ္ေဆးမည္ - Property News in Myanmar from iMyanmarHouse.com
879 Views

အာဆီယံနိုင္ငံမ်ားမွ ပညာရွင္မ်ား ေခၚယူၿပီး ေဆာက္လုပ္ဆဲႏွင့္ ေဆာက္လုပ္ၿပီးကြန္ဒိုတိုက္ခန္းမ်ား အဆင့္မီမမီ စစ္ေဆးမည္

### Zawgyi Version ###

အာဆီယံနိုင္ငံမ်ားမွ ပညာရွင္မ်ားေခၚယူၿပီး ေဆာက္လုပ္ဆဲႏွင့္ ေဆာက္လုပ္ၿပီးကြန္ဒိုတိုက္ခန္းမ်ား အဆင့္မီ အေဆာက္အအုံျဖစ္မျဖစ္ စိစစ္ရန္ ေခၚယူေဆာင္ရြက္မည္ဟု ရန္ကုန္တိုင္းေဒသႀကီး ကြန္ဒိုမီနီယံ ႀကီးၾကပ္ေရးေကာ္မတီမွ သိရသည္။

နိုင္ငံျခားကပညာရွင္မ်ားႏွင့္အစပ်ိဳးေနၿပီး ျမန္မာႏိုင္ငံတြင္ပညာရွင္ေမြးထုတ္ဖို႔ ႀကိဳးစားေနေၾကာင္း၊ ခ်က္ခ်င္းႀကီးျဖစ္ဖို႔ခဲယဥ္းေၾကာင္း၊ အင္ဂ်င္နီယာ ေကာင္စီႏွင့္ဗိသုကာေကာင္စီကပညာရွင္မ်ားႏွင့္ သင္တန္း ေပးေနေၾကာင္း၊အာဆီယံနိုင္ငံမ်ားက ေယဘုယ်အားျဖင့္ အျပန္အလွန္ပူးေပါင္း ေဆာင္ရြက္ေရးဆိုသည့္ သတ္မွတ္ခ်က္ရွိရာ ထိုအခ်က္ေပၚတြင္ အမ်ားဆုံးျဖစ္မည္မွာ အိမ္နီးနားခ်င္းနိုင္ငံမ်ားျဖစ္သည့္ စင္ကာပူ ျဖစ္ဖို႔မ်ားေၾကာင္း၊ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႔က သေဘာတူလွ်င္ တစ္ၿပိဳင္တည္းစလို႔ရ ၿပီျဖစ္ေၾကာင္း ျမန္မာနိုင္ငံေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉးကေျပာထားေၾကာင္း သိရသည္။

ကြန္ဒိုမီနီယံ အေဆာက္အအုံႏွင့္ပတ္သက္ၿပီး အခ်ိဳးသင့္ ပိုင္ဆိုင္မႈတန္ဖိုးတြက္ခ်က္ျခင္း၊ ဘဏ္ႏွင့္ပတ္သက္သည့္လုပ္ငန္း ေဆာင္ရြက္ျခင္းမ်ား မၿပီးေသးေၾကာင္း၊အဆိုပါကိစၥရပ္မ်ား ၿပီးစီးသည္ႏွင့္ တစ္ၿပိဳင္တည္း စ၍ရမည္ျဖစ္ေၾကာင္း၊ယခု ၾသဂုတ္လတြင္ အဆင္ေျပမည္ထင္ထားေသာ္လည္း ေနာက္ထပ္ တစ္လေလာက္ၾကာႏိုင္ေၾကာင္း၊ေဆာက္လုပ္ေရးလုပ္ငန္းရွင္ အသင္းသုံးဖြဲ႔ သုံးဖြဲ႔၏ သေဘာထားႏွင့္ ျပည္ေထာင္စုဝန္ႀကီး၏ သေဘာထားမ်ားကိုလည္း ရယူေနရတာရွိေၾကာင္းလည္းေျပာထားသည္။

စိစစ္မႈလုပ္သည့္အခါတြင္ ကြန္ဒိုမီနီယံအေဆာက္အအုံအဆင့္ သတ္မွတ္ခ်က္ႏွင့္မျပည့္မီပါက ကြန္ဒို အေဆာက္အအုံအျဖစ္မွ ပယ္ဖ်က္မည္ျဖစ္ေၾကာင္း၊စိစစ္ရန္ ျမန္မာနိုင္ငံ၌ ပညာရွင္မရွိေသး၍ ၾကန႔္ၾကာေနျခင္း ျဖစ္ေၾကာင္း ေျပာထားသည္။

 

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အာဆီယံနိုင်ငံများမှ ပညာရှင်များခေါ်ယူပြီး ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီးကွန်ဒိုတိုက်ခန်းများ အဆင့်မီ အဆောက်အအုံဖြစ်မဖြစ် စိစစ်ရန် ခေါ်ယူဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ ကြီးကြပ်ရေးကော်မတီမှ သိရသည်။

နိုင်ငံခြားကပညာရှင်များနှင့်အစပျိုးနေပြီး မြန်မာနိုင်ငံတွင်ပညာရှင်မွေးထုတ်ဖို့ ကြိုးစားနေကြောင်း၊ ချက်ချင်းကြီးဖြစ်ဖို့ခဲယဉ်းကြောင်း၊ အင်ဂျင်နီယာ ကောင်စီနှင့်ဗိသုကာကောင်စီကပညာရှင်များနှင့် သင်တန်း ပေးနေကြောင်း၊အာဆီယံနိုင်ငံများက ယေဘုယျအားဖြင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးဆိုသည့် သတ် မှတ်ချက်ရှိရာ ထိုအချက်ပေါ်တွင် အများဆုံးဖြစ်မည်မှာ အိမ်နီးနားချင်းနိုင်ငံများဖြစ်သည့် စင်ကာပူ ဖြစ်ဖို့များကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က သဘောတူလျှင် တစ်ပြိုင်တည်းစလို့ရ ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးကပြောထားကြောင်း သိရသည်။

ကွန်ဒိုမီနီယံ အဆောက်အအုံနှင့်ပတ်သက်ပြီး အချိုးသင့် ပိုင်ဆိုင်မှုတန်ဖိုးတွက်ချက်ခြင်း၊ ဘဏ်နှင့်ပတ်သက်သည့်လုပ်ငန်း ဆောင်ရွက်ခြင်းများ မပြီးသေးကြောင်း၊အဆိုပါကိစ္စရပ်များ ပြီးစီးသည်နှင့် တစ်ပြိုင်တည်း စ၍ရမည်ဖြစ်ကြောင်း၊ယခု သြဂုတ်လတွင် အဆင်ပြေမည်ထင်ထားသော်လည်း နောက်ထပ် တစ်လလောက်ကြာနိုင်ကြောင်း၊ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းသုံးဖွဲ့ သုံးဖွဲ့၏ သဘောထားနှင့် ပြည်ထောင်စုဝန်ကြီး၏ သဘောထားများကိုလည်း ရယူနေရတာရှိကြောင်းလည်းပြောထားသည်။

စိစစ်မှုလုပ်သည့်အခါတွင် ကွန်ဒိုမီနီယံအဆောက်အအုံအဆင့် သတ်မှတ်ချက်နှင့်မပြည့်မီပါက ကွန်ဒို အဆောက်အအုံအဖြစ်မှ ပယ်ဖျက်မည်ဖြစ်ကြောင်း၊စိစစ်ရန် မြန်မာနိုင်ငံ၌ ပညာရှင်မရှိသေး၍ ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ပြောထားသည်။

 

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service