သန္လ်င္၌ စက္မႈဇုန္တည္ေထာင္ရန္အတြက္ ျပည္တြင္းကုမၸဏီႏွစ္ခုႏွင့္ တ႐ုတ္ကုမၸဏီတို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရထံ ေဆြးေႏြးမႈရွိ - Property News in Myanmar from iMyanmarHouse.com
1103 Views

သန္လ်င္၌ စက္မႈဇုန္တည္ေထာင္ရန္အတြက္ ျပည္တြင္းကုမၸဏီႏွစ္ခုႏွင့္ တ႐ုတ္ကုမၸဏီတို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရထံ ေဆြးေႏြးမႈရွိ

### Zawgyi Version ###

ျပည္တြင္းကုမၸဏီႏွစ္ခုႏွင့္ တ႐ုတ္ကုမၸဏီတို႔ ပူးေပါင္းၿပီး သန္လ်င္ ၌ စက္မႈဇုန္ တည္ေထာင္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရထံ လာေရာက္ေဆြးေႏြးမႈမ်ား ျပဳလုပ္ထားေၾကာင္း ကရင္တိုင္းရင္းသားလူမ်ိဳး ေရးရာဝန္ႀကီး ေဒၚေနာ္ပန္းသဥၨာမ်ိဳးက ေျပာထားသည္။

ကုမၸဏီေလးခုက သန္လ်င္စက္မႈဇုန္ကို စိတ္ဝင္စားမႈရွိေၾကာင္း၊လိုအပ္ခ်က္မ်ားကို ေျပာသည့္အခါ ႏွစ္ဦးေလာက္သာက်န္ရွိေၾကာင္းသိရသည္။

အဆိုပါသန္လ်င္၌ စက္မႈဇုန္ အေကာင္အထည္ေဖာ္ခြင့္ကို တာမိုးညဲကုမၸဏီအုပ္စုႏွင့္ ေရႊပိုင္ထိုက္ကုမၸဏီတုိ႔က တ႐ုတ္ကုမၸဏီတစ္ခုစီႏွင့္ မိတ္ဖက္ အၿပိဳင္ေလွ်ာက္ထားေနေၾကာင္းသိရသည္။

တာမိုးညဲကုမၸဏီအုပ္စုက အထည္ခ်ဳပ္လုပ္ငန္းႏွင့္ ပရိေဘာဂပစၥည္းမ်ား ထုတ္လုပ္ရန္ ျဖစ္ၿပီး ေရႊပိုင္ထိုက္ကုမၸဏီက ဇိမ္ခံလူသံုးကုန္ပစၥည္းမ်ား ထုတ္လုပ္ရန္ျဖစ္သည္။

တာမိုးညဲကုမၸဏီအုပ္စု သည္ ရန္ကုန္စေတာ့အိတ္ခ်ိန္းဝင္ကုမၸဏီတစ္ခုျဖစ္ၿပီး ၎သည္သန္လ်င္ စက္မႈဇုန္တြင္ လုပ္ငန္းမ်ားလုပ္ကိုင္ရန္ တ႐ုတ္ကုမၸဏီ၏ ျပည္တြင္းမိတ္ဖက္ကုမၸဏီအျဖစ္ ေဆာင္ရြက္မည္ျဖစ္သည္။ ေရႊပိုင္ထိုက္ကုမၸဏီမွာလည္း တ႐ုတ္ကုမၸဏီတစ္ခုအတြက္ ျပည္တြင္းမိတ္ဖက္ကုမၸဏီအျဖစ္ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္းသိရသည္။

စက္မႈဇုန္ ၁၁ ခုကို စည္ပင္သာယာနယ္နိမိတ္ျပင္ပ ေျမဧက ၁,၀၀၀ စီတြင္ အေကာင္အထည္ေဖာ္ရန္ ရန္ကုန္တုိင္းအစိုးရက ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး လွည္းကူး ႏွင့္ ထန္းတပင္စက္မႈဇုန္ႏွစ္ခုကို အေကာင္အထည္ေဖာ္ရန္ သေဘာတူညီမႈ ရရွိခဲ့ျခင္းျဖစ္သည္။ ယခု သန္လ်င္စက္မႈဇုန္ကိုလည္း အေကာင္အထည္ေဖာ္ႏုိင္ရန္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။

စက္မႈဇုန္ မ်ား အေကာင္အထည္ေဖာ္ရန္ရွိသည့္ လယ္ယာေျမမ်ား ပိုင္ဆိုင္ထားသည့္ ေတာင္သူလယ္ သမားမ်ားကိုလည္း မိမိတို႔လယ္ယာေျမမ်ားကို ေငြရွင္ေၾကးရွင္မ်ားထံ ေဈးေပါေပါျဖင့္မေရာင္းခ်ရန္လည္း ရန္ကုန္တိုင္းအစိုးရက တိုက္တြန္းထားသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး သန်လျင် ၌ စက်မှုဇုန် တည်ထောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ လာရောက်ဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောထားသည်။

ကုမ္ပဏီလေးခုက သန်လျင်စက်မှုဇုန်ကို စိတ်ဝင်စားမှုရှိကြောင်း၊လိုအပ်ချက်များကို ပြောသည့်အခါ နှစ်ဦးလောက်သာကျန်ရှိကြောင်းသိရသည်။

အဆိုပါသန်လျင်၌ စက်မှုဇုန် အကောင်အထည်ဖော်ခွင့်ကို တာမိုးညဲကုမ္ပဏီအုပ်စုနှင့် ရွှေပိုင်ထိုက်ကုမ္ပဏီတို့က တရုတ်ကုမ္ပဏီတစ်ခုစီနှင့် မိတ်ဖက် အပြိုင်လျှောက်ထားနေကြောင်းသိရသည်။

တာမိုးညဲကုမ္ပဏီအုပ်စုက အထည်ချုပ်လုပ်ငန်းနှင့် ပရိဘောဂပစ္စည်းများ ထုတ်လုပ်ရန် ဖြစ်ပြီး ရွှေပိုင်ထိုက်ကုမ္ပဏီက ဇိမ်ခံလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန်ဖြစ်သည်။

တာမိုးညဲကုမ္ပဏီအုပ်စု သည် ရန်ကုန်စတော့အိတ်ချိန်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းသည်သန်လျင် စက်မှုဇုန်တွင် လုပ်ငန်းများလုပ်ကိုင်ရန် တရုတ်ကုမ္ပဏီ၏ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ရွှေပိုင်ထိုက်ကုမ္ပဏီမှာလည်း တရုတ်ကုမ္ပဏီတစ်ခုအတွက် ပြည်တွင်းမိတ်ဖက်ကုမ္ပဏီအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

စက်မှုဇုန် ၁၁ ခုကို စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြေဧက ၁,၀၀၀ စီတွင် အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းအစိုးရက ဆောင်ရွက်နေခြင်းဖြစ်ပြီး လှည်းကူးနှင့် ထန်းတပင်စက်မှုဇုန်နှစ်ခုကို အကောင်အထည်ဖော်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ယခု သန်လျင်စက်မှုဇုန်ကိုလည်း အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

စက်မှုဇုန်များ အကောင်အထည်ဖော်ရန်ရှိသည့် လယ်ယာမြေများ ပိုင်ဆိုင်ထားသည့် တောင်သူလယ် သမားများကိုလည်း မိမိတို့လယ်ယာမြေများကို ငွေရှင်ကြေးရှင်များထံ ဈေးပေါပေါဖြင့်မရောင်းချရန်လည်း ရန်ကုန်တိုင်းအစိုးရက တိုက်တွန်းထားသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service