Local Property News | Posted by Hnin Ei Khin
### Zawgyi Version ###
ေကာ့ေသာင္းေလဆိပ္ကုိ ႏုိင္ငံတကာစံႏႈန္းအတိုင္း အဆင့္ျမႇင့္တင္ရန္ ပုိ႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၀န္ႀကီးဌာနက ႏုိင္ငံသားရွယ္ယာ ၆၅ ရာခိုင္ႏႈန္းပိုင္သည့္ျမန္မာကုမၸဏီမ်ားကုိ ဩဂုတ္ ၈ ရက္တြင္ဖိတ္ေခၚထားသည္။
ဦးစီးဌာနက ေၾကညာထားသည့္ တင္ဒါတြင္ ကုမၸဏီမ်ားသည္ ေလဆိပ္ကုိ ႏုိင္ငံတကာစံႏႈန္းအတုိင္း ျဖစ္ရန္ ေလယာဥ္ေျပးလမ္း၊ ခ်ိတ္ဆက္လမ္း၊ ေလယာဥ္ရပ္နားေနရာ၊ ေလဆိပ္အေဆာက္အအုံအသစ္၊ထိန္းခ်ဳပ္စင္တာအသစ္၊ ကုန္ပစၥည္းသုိေလွာင္႐ုံအသစ္စသည့္ ေလဆိပ္ေထာက္ပံ့ေရးလုပ္ငန္းမ်ား ပါ၀င္ရမည္ ျဖစ္ေၾကာင္း၊ကုမၸဏီမ်ားသည္ ေလဆိပ္ခ်ဲ႕ထြင္ျခင္း၊ လည္ပတ္ျခင္းႏွင့္ ျပဳျပင္ထိန္းသိမ္းျခင္းမ်ားအတြက္စုစုေပါင္း ႏွစ္ (၂၀) ႏွင့္ထပ္တိုး (၁၀) ႏွစ္ စုစုေပါင္းႏွစ္ (၃၀) ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းသိရသည္။
ေလွ်ာက္ထားလုိသည့္ ကုမၸဏီမ်ားသည္ ျမန္မာႏုိင္ငံသား ရွယ္ယာ ၆၅ ရာခုိင္ႏႈန္း အနည္းဆုံးပါ၀င္ၿပီး အထူးကုမၸဏီ အျဖစ္ဖြဲ႕စည္းထားရမည္ျဖစ္ၿပီး ၀န္ႀကီးဌာနသုိ႔ ႏုိ၀င္ဘာ ၂၉ ရက္ေနာက္ဆုံးထား ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္းသိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကော့သောင်းလေဆိပ်ကို နိုင်ငံတကာစံနှုန်းအတိုင်း အဆင့်မြှင့်တင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံသားရှယ်ယာ ၆၅ ရာခိုင်နှုန်းပိုင်သည့်မြန်မာကုမ္ပဏီများကို ဩဂုတ် ၈ ရက်တွင်ဖိတ်ခေါ်ထားသည်။
ဦးစီးဌာနက ကြေညာထားသည့် တင်ဒါတွင် ကုမ္ပဏီများသည် လေဆိပ်ကို နိုင်ငံတကာစံနှုန်းအတိုင်း ဖြစ်ရန် လေယာဉ်ပြေးလမ်း၊ ချိတ်ဆက်လမ်း၊ လေယာဉ်ရပ်နားနေရာ၊ လေဆိပ်အဆောက်အအုံအသစ်၊ထိန်းချုပ်စင်တာအသစ်၊ ကုန်ပစ္စည်းသိုလှောင်ရုံအသစ်စသည့် လေဆိပ်ထောက်ပံ့ရေးလုပ်ငန်းများ ပါဝင်ရမည် ဖြစ်ကြောင်း၊ကုမ္ပဏီများသည် လေဆိပ်ချဲ့ထွင်ခြင်း၊ လည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများအတွက်စုစုပေါင်း နှစ် (၂၀) နှင့်ထပ်တိုး (၁၀) နှစ် စုစုပေါင်းနှစ် (၃၀) ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
လျှောက်ထားလိုသည့် ကုမ္ပဏီများသည် မြန်မာနိုင်ငံသား ရှယ်ယာ ၆၅ ရာခိုင်နှုန်း အနည်းဆုံးပါဝင်ပြီး အထူးကုမ္ပဏီ အဖြစ်ဖွဲ့စည်းထားရမည်ဖြစ်ပြီး ဝန်ကြီးဌာနသို့ နိုဝင်ဘာ ၂၉ ရက်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com