စက္မႈဇုန္မ်ားတြင္ ဓာတ္အားေပ်ာက္ဆုံးမႈ ေလွ်ာ့ခ်ရန္ မီတာဖတ္စနစ္ ေျပာင္းလဲမည္ - Property News in Myanmar from iMyanmarHouse.com
759 Views

စက္မႈဇုန္မ်ားတြင္ ဓာတ္အားေပ်ာက္ဆုံးမႈ ေလွ်ာ့ခ်ရန္ မီတာဖတ္စနစ္ ေျပာင္းလဲမည္

### Zawgyi Version ###

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပုိေရးရွင္း (YESC) မွ စက္မႈဇုန္မ်ားတြင္ ဓာတ္အားေပ်ာက္ဆုံးမႈ ေလွ်ာ့ခ်ရန္ မီတာယူနစ္ဖတ္သည့္ စနစ္ကုိ ေျပာင္းလဲမည္ ျဖစ္ေၾကာင္း သိရသည္။

ဓာတ္အားေပ်ာက္ဆုံးမႈကုိ အဓိကေလွ်ာ့ခ်မည့္ ေျပာင္းလဲမည့္ မီတာဖတ္္စနစ္သည္ AMI (Advanced Metering Infrastructure) စနစ္ျဖစ္ၿပီး ရန္ကုန္ရွိ ၿမိဳ႕နယ္ႏွစ္ခုတြင္လည္း အေကာင္အထည္ေဖာ္ေနၿပီျဖစ္ ေၾကာင္းသိရသည္။

YESC အေနႏွင့္ Pilot ပေရာဂ်က္အေနနဲ႔ ေရႊလင္ဗန္းစက္မႈဇုန္တြင္ AMI စနစ္ကုိသြားဖုိ႔ ယခုလကုန္စတင္မည္ျဖစ္ေၾကာင္း၊စက္မႈဇုန္ေကာ္မတီႏွင့္ညိႇႏႈိင္းေဆာင္ရြက္ၿပီးေၾကာင္း၊က်န္ဇုန္မ်ားကိုသိရွိေအာင္ျပၿပီးလွ်င္ ၎စနစ္ျဖင့္ဆက္သြားမွာျဖစ္ေၾကာင္းသိရသည္။

YESC ၏ အခ်က္အလက္မ်ားတြင္ ေဒါပုံၿမိဳ႕နယ္တြင္ ယခင္ကဓာတ္အားေပ်ာက္ဆုံးမႈ ၁၁ ရာခုိင္ႏႈန္းရွိ ၿပီး AMI စနစ္ေဆာင္ရြက္ျခင္းေၾကာင့္ ၆ ရာခုိင္ႏႈန္းသုိ႔ ေလ်ာ့က်သြားေၾကာင္း၊အလားတူ ပန္းဘဲတန္းၿမိဳ႕နယ္တြင္ လည္း AMI စနစ္အသုံးျပဳၿပီးေနာက္ ဓာတ္အားေပ်ာက္ဆုံးမႈ ၅ ရာခုိင္ႏႈန္းေက်ာ္ ေလွ်ာ့ခ်ႏုိင္ေၾကာင္း ေဖာ္ျပခ်က္မ်ားအရသိရသည္။

AMI စနစ္တပ္ဆင္ၿပီးပါက မီးသုံးသူမ်ားမမွန္မကန္ ဓာတ္အားသုံးစြဲမႈကုိ သတင္းပုိ႔သည့္ စနစ္ပါရွိသျဖင့္ တရားမ၀င္လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈကုိ ထိေရာက္စြာကာကြယ္ႏုိင္မည္ဟု YESC က ဆုိသည္။

ဇူလုိင္ ၂၅ ရက္က (YESC) ၏ သတင္းစာရွင္းလင္းထုတ္ျပန္ခ်က္အရ ၂၀၁၈-၂၀၁၉ တစ္ႏွစ္တာ ဓာတ္အားသုံးစြဲမႈ ယူနစ္သန္းေပါင္း ၉,၂၃၃ ရွိၿပီး ေပ်ာက္ဆုံးသည့္ ဓာတ္အားယူနစ္ ၁,၂၈၂ သန္းရွိ ေၾကာင္း၊ ဓာတ္အားေပ်ာက္ဆုံးသည့္ အေျခအေနသည္ နည္းပညာခြၽတ္ယြင္းမႈေၾကာင့္ႏွင့္ နည္းပညာေၾကာင့္ မဟုတ္သည့္ ေပ်ာက္ဆုံးျခင္းဟူ၍ ႏွစ္ပုိင္းရွိေၾကာင္း၊နည္းပညာေၾကာင့္ မဟုတ္သည့္ ဓာတ္အားေပ်ာက္ဆုံးျခင္းတြင္ စက္မႈလုပ္ငန္းမ်ား၊ မသမာသူမ်ားက လွ်ပ္စစ္ဓာတ္အား ခုိးယူသုံးစြဲျခင္းကုိ ေတြ႔ရွိရၿပီး အေရးယူမႈလုပ္ခဲ့ရ ေၾကာင္းသိရသည္။ ရန္ကုန္တုိင္းတြင္ ဓာတ္အားေပ်ာက္ဆုံးမႈသည္ သုံးစြဲမႈယူနစ္စုစုေပါင္း၏ ၁၄ ရာခုိင္ႏႈန္းခန္႔ ရွိခဲ့ေၾကာင္း သိရသည္။

 

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) မှ စက်မှုဇုန်များတွင် ဓာတ်အားပျောက်ဆုံးမှု လျှော့ချရန် မီတာယူနစ်ဖတ်သည့် စနစ်ကို ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်အားပျောက်ဆုံးမှုကို အဓိကလျှော့ချမည့် ပြောင်းလဲမည့် မီတာဖတ်စနစ်သည် AMI (Advanced Metering Infrastructure) စနစ်ဖြစ်ပြီး ရန်ကုန်ရှိ မြို့နယ်နှစ်ခုတွင်လည်း အကောင်အထည်ဖော်နေပြီဖြစ် ကြောင်းသိရသည်။

YESC အနေနှင့် Pilot ပရောဂျက်အနေနဲ့ ရွှေလင်ဗန်းစက်မှုဇုန်တွင် AMI စနစ်ကိုသွားဖို့ ယခုလကုန်စတင်မည်ဖြစ်ကြောင်း၊စက်မှုဇုန်ကော်မတီနှင့်ညှိနှိုင်းဆောင်ရွက်ပြီးကြောင်း၊ကျန်ဇုန်များကိုသိရှိအောင်ပြပြီးလျှင် ၎င်းစနစ်ဖြင့်ဆက်သွားမှာဖြစ်ကြောင်းသိရသည်။

YESC ၏ အချက်အလက်များတွင် ဒေါပုံမြို့နယ်တွင် ယခင်ကဓာတ်အားပျောက်ဆုံးမှု ၁၁ ရာခိုင်နှုန်းရှိ ပြီး AMI စနစ်ဆောင်ရွက်ခြင်းကြောင့် ၆ ရာခိုင်နှုန်းသို့ လျော့ကျသွားကြောင်း၊အလားတူ ပန်းဘဲတန်းမြို့နယ်တွင် လည်း AMI စနစ် အသုံးပြုပြီးနောက် ဓာတ်အားပျောက်ဆုံးမှု ၅ ရာခိုင်နှုန်းကျော် လျှော့ချနိုင်ကြောင်း ဖော်ပြ ချက်များအရသိရသည်။

AMI စနစ်တပ်ဆင်ပြီးပါက မီးသုံးသူများမမှန်မကန် ဓာတ်အားသုံးစွဲမှုကို သတင်းပို့သည့် စနစ်ပါရှိသဖြင့် တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ထိရောက်စွာ ကာကွယ်နိုင်မည်ဟု YESC က ဆိုသည်။

ဇူလိုင် ၂၅ ရက်က (YESC) ၏ သတင်းစာရှင်းလင်းထုတ်ပြန်ချက်အရ ၂၀၁၈-၂၀၁၉ တစ်နှစ်တာ ဓာတ်အားသုံးစွဲမှု ယူနစ်သန်းပေါင်း ၉,၂၃၃ ရှိပြီး ပျောက်ဆုံးသည့် ဓာတ်အားယူနစ် ၁,၂၈၂ သန်းရှိ ကြောင်း၊ ဓာတ်အားပျောက်ဆုံးသည့် အခြေအနေသည် နည်းပညာချွတ်ယွင်းမှုကြောင့်နှင့် နည်းပညာကြောင့် မဟုတ်သည့် ပျောက်ဆုံးခြင်းဟူ၍ နှစ်ပိုင်းရှိကြောင်း၊နည်းပညာကြောင့် မဟုတ်သည့် ဓာတ်အားပျောက်ဆုံးခြင်းတွင် စက်မှုလုပ်ငန်းများ၊ မသမာသူများက လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲခြင်းကို တွေ့ရှိရပြီး အရေးယူမှုလုပ်ခဲ့ရ ကြောင်းသိရသည်။ ရန်ကုန်တိုင်းတွင် ဓာတ်အားပျောက်ဆုံးမှုသည် သုံးစွဲမှုယူနစ်စုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းခန့် ရှိခဲ့ကြောင်း သိရသည်။

 

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service