အာမခံေၾကးေငြက်ပ္ငါးသိန္းေပးသြင္းၿပီးမွသာ အခန္းေနရာအတြက္ မဲႏိႈက္ခြင့္ျပဳမည့္ မႏၱေလးရွိ ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာ - Property News in Myanmar from iMyanmarHouse.com
874 Views

အာမခံေၾကးေငြက်ပ္ငါးသိန္းေပးသြင္းၿပီးမွသာ အခန္းေနရာအတြက္ မဲႏိႈက္ခြင့္ျပဳမည့္ မႏၱေလးရွိ ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာ

### Zawgyi Version ###

မႏၲေလး ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနႏွင့္ဒုတိယအသုတ္ခ်ေပးမည့္ျမရည္နႏၵာတန္ဖိုးမွ်တ အိမ္ရာအတြင္းရွိ အေဆာက္အအံု ၁၉လံုးမွအခန္း ေပါင္း ၄၅၆ ခန္းကိုဝယ္ယူခြင့္ရရွိရန္ ေလွ်ာက္လႊာထုတ္ယူ သူစုစု ေပါင္းမွာ ၁၆၃၃ ဦးအထိ ရွိေနၿပီး အမွန္တကယ္ေနထုိင္လုိသူမ်ား နစ္နာမႈမရွိေစေရးအတြက္ အာမခံေၾကး ေငြက်ပ္ငါးသိန္းေပးသြင္းၿပီးမွသာ အခန္းေနရာအတြက္ မဲႏိႈက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ေျပာထားသည္။

ပထမအႀကိမ္ကျပန္အပ္သည့္အခန္းမ်ားႏွင့္ ဝယ္ယူဖို႔ျပန္လည္ဆက္သြယ္မႈမရွိေတာ့သည့္ အခန္း ၈၆ ခန္းရွိေၾကာင္း၊ဒုတိယ အသုတ္တြင္ အသစ္ေဆာက္လုပ္ၿပီးသည့္ တိုက္ခန္းမ်ားႏွင့္အတူတူ ၎အခန္းမ်ားကိုပါ ေပါင္းၿပီး အတူတူခ်ထားေပးရာမွာ ဝယ္ယူခြင့္မဲေပါက္ၿပီး အခန္းေနရာအတြက္ ထပ္မံမဲမႏိႈက္ရေသးခင္အတြင္း အာမခံေၾကးကို ရတနာပံုဘဏ္တြင္ ေပးသြင္းရမွာျဖစ္ေၾကာင္း၊ မဲေပါက္သည့္ အခန္းေနရာကို မႀကိဳက္လို႔ပဲျဖစ္ ျဖစ္တုိက္ခန္းကိုမဝယ္ေတာ့ဘူးဆိုလွ်င္ အာမခံေၾကးကိုေကာ္မတီကေန၍ သိမ္းယူသြားမွာျဖစ္ေၾကာင္း၊၎တို႔ အားလည္း Black-List စာရင္းသြင္းျခင္းအားျဖင့္ ေနာင္ခ်ထားေပးမယ့္တိုက္ခန္းေတြအတြက္ ထပ္မံေလွ်ာက္ထား ခြင့္မရေတာ့ေၾကာင္း၊ ပထမ အသုတ္တုန္းက မဲမေပါက္သူမ်ားအေနႏွင့္လည္း ထပ္မံေလွ်ာက္ထားစရာ မလိုဘဲ အဆိုျပဳလႊာကို တင္သြင္းလွ်င္ မဲႏိႈက္ခြင့္ရွိသည့္ စာရင္းတြင္သြင္း ေပးသြားမည္ျဖစ္ေၾကာင္း ေကာ္မတီဝင္တစ္ဦး ကေျပာထားသည္။

ဇူလိုင္ ၁၄ ရက္ေနာက္ဆံုးထား၍ အဆိုပါတိုက္ခန္းေလွ်ာက္လႊာမ်ားကို ျပန္လည္တင္သြင္းရမည္ျဖစ္ၿပီး ဇူလိုင္လမကုန္မီတြင္ ကြန္ပ်ဴတာစနစ္ျဖင့္ ပြင့္လင္းျမင္သာစြာမဲႏိႈက္ေရြးခ်ယ္ေပးမည္ေၾကာင္း၊သတ္မွတ္စည္း ကမ္းခ်က္မ်ားကို လုိက္နာမႈမရွိေၾကာင္း စစ္ေဆးေတြ႕ရွိပါက တိုက္ခန္းကိုသိမ္းယူမည္ျဖစ္ေၾကာင္းသိရသည္။

ဒုတိယအသုတ္ အဆုိပါတန္ဖိုးမွ်တအိမ္ရာရွိတိုက္ခန္း အမ်ိဳးအစားမ်ားမွာ အာရ္စီေလးခန္းတြဲအမ်ိဳးအစား ေျခာက္ထပ္ျဖစ္ကာ အခန္းတစ္ခန္းလွ်င္ ၆၆၁ စတုရန္းေပအက်ယ္ အဝန္းရွိၿပီး ေစ်းႏႈန္းမ်ားမွာ ေျမညီထပ္ က်ပ္ ၂၆၇ သိန္းရွစ္ေသာင္း၊ ပထမထပ္က်ပ္ ၂၄၇ သိန္းႏွစ္ေသာင္း၊ ဒုတိယထပ္က်ပ္ ၂၂၆ သိန္းေျခာက္ေသာင္း၊ တတိယထပ္က်ပ္ ၂၁၆ သိန္းသံုးေသာင္း၊ စတုထၴထပ္က်ပ္ ၂ဝ၆ သိန္း၊ ပၪၥမက်ပ္ ၁၉၅ သိန္းခုနစ္ေသာင္း အသီးသီးသတ္မွတ္ထားေၾကာင္း သိရသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီအနေနှင့်ဒုတိယအသုတ်ချပေးမည့်မြရည်နန္ဒာတန်ဖိုးမျှ တ အိမ်ရာအတွင်းရှိ အဆောက်အအုံ ၁၉လုံးမှအခန်း ပေါင်း ၄၅၆ခန်းကိုဝယ်ယူခွင့်ရရှိရန် လျှောက်လွှာထုတ်ယူ သူစုစု ပေါင်းမှာ ၁၆၃၃ဦးအထိ ရှိနေပြီး အမှန်တကယ်နေထိုင်လိုသူများ နစ်နာမှုမရှိစေရေးအတွက် အာမခံကြေး ငွေကျပ်ငါးသိန်းပေးသွင်းပြီးမှသာ အခန်းနေရာအတွက် မဲနှိုက်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောထားသည်။

ပထမအကြိမ်ကပြန်အပ်သည့်အခန်းများနှင့် ဝယ်ယူဖို့ပြန်လည်ဆက်သွယ်မှုမရှိတော့သည့် အခန်း ၈၆ ခန်းရှိကြောင်း၊ဒုတိယ အသုတ်တွင် အသစ်ဆောက်လုပ်ပြီးသည့် တိုက်ခန်းများနှင့်အတူတူ ၎င်းအခန်းများကိုပါ ပေါင်းပြီး အတူတူချထားပေးရာမှာ ဝယ်ယူခွင့်မဲပေါက်ပြီး အခန်းနေရာအတွက် ထပ်မံမဲမနှိုက်ရသေးခင်အတွင်း အာမခံကြေးကို ရတနာပုံဘဏ်တွင် ပေးသွင်းရမှာဖြစ်ကြောင်း၊ မဲပေါက်သည့် အခန်းနေရာကို မကြိုက်လို့ပဲဖြစ် ဖြစ်တိုက်ခန်းကိုမဝယ်တော့ဘူးဆိုလျှင် အာမခံကြေးကိုကော်မတီကနေ၍ သိမ်းယူသွားမှာဖြစ်ကြောင်း၊၎င်းတို့ အားလည်း Black-List စာရင်းသွင်းခြင်းအားဖြင့် နောင်ချထားပေးမယ့်တိုက်ခန်းတွေအတွက် ထပ်မံလျှောက်ထား ခွင့်မရတော့ကြောင်း၊ ပထမ အသုတ်တုန်းက မဲမပေါက်သူများအနေနှင့်လည်း ထပ်မံလျှောက်ထားစရာ မလိုဘဲ အဆိုပြုလွှာကို တင်သွင်းလျှင် မဲနှိုက်ခွင့်ရှိသည့် စာရင်းတွင်သွင်း ပေးသွားမည်ဖြစ်ကြောင်း ကော်မတီဝင်တစ်ဦး ကပြောထားသည်။

ဇူလိုင် ၁၄ ရက်နောက်ဆုံးထား၍ အဆိုပါတိုက်ခန်းလျှောက်လွှာများကို ပြန်လည်တင်သွင်းရမည်ဖြစ်ပြီး ဇူလိုင်လမကုန်မီတွင် ကွန်ပျူတာစနစ်ဖြင့် ပွင့်လင်းမြင်သာစွာမဲနှိုက်ရွေးချယ်ပေးမည်ကြောင်း၊သတ်မှတ်စည်း ကမ်းချက်များကို လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက တိုက်ခန်းကိုသိမ်းယူမည်ဖြစ်ကြောင်းသိရသည်။

ဒုတိယအသုတ် အဆိုပါတန်ဖိုးမျှတအိမ်ရာရှိတိုက်ခန်း အမျိုးအစားများမှာ အာရ်စီလေးခန်းတွဲအမျိုးအစား ခြောက်ထပ်ဖြစ်ကာ အခန်းတစ်ခန်းလျှင် ၆၆၁ စတုရန်းပေအကျယ် အဝန်းရှိပြီး ဈေးနှုန်းများမှာ မြေညီထပ် ကျပ် ၂၆၇ သိန်းရှစ်သောင်း၊ ပထမထပ်ကျပ် ၂၄၇ သိန်းနှစ်သောင်း၊ ဒုတိယထပ်ကျပ် ၂၂၆ သိန်းခြောက်သောင်း၊ တတိယထပ်ကျပ် ၂၁၆ သိန်းသုံးသောင်း၊ စတုထ္ထထပ်ကျပ် ၂ဝ၆ သိန်း၊ ပဉ္စမကျပ် ၁၉၅ သိန်းခုနစ်သောင်း အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service