ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁) ရှိ စတုရန်းပေ ၆၅၀ ရှိသည့် အခန်းများကို ငွေအကျေပေးသွင်းသည့်စနစ်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
6682 Views

ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁) ရှိ စတုရန်းပေ ၆၅၀ ရှိသည့် အခန်းများကို ငွေအကျေပေးသွင်းသည့်စနစ်ဖြင့် ရောင်းချမည်

### Zawgyi Version ###








### Unicode Version ###

 

လှိုင်သာယာမြို့နယ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်ထားသည့်ကျန်စစ်မင်းအိမ်ရာ စီမံကိန်း အပိုင်း(၁)ရှိ ရောင်းချဆဲ ကျန်ရှိအခန်းများဖြစ် သည့် လေးခန်းတွဲ ငါးထပ်(လေးဖက်လှ) အဆောက်အအုံများရှိ အိပ်ခန်းနှစ်ခန်းပါ စတုရန်းပေ ၆၅၀ ရှိသည့် အခန်းများကို ငွေအကျေပေးသွင်းသည့် စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း၊ နှစ်ပတ်အတွင်း အခန်းတန်ဖိုးပေး သွင်းရမည် ဖြစ်ကြောင်းသိရသည်။

ဝယ်ယူလိုသူများသည် ၂၀၁၉ ခုနှစ် ဇူလိုင် ၈ ရက်မှစတင်ပြီး ဦးရာလူစနစ်ဖြင့် မြေညီထပ်၊ အမှတ် (၂၂၈/၂၃၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၌ ဝယ်ယူလိုသူကိုယ်တိုင် မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူများနှင့်အတူ လာရောက် ဆက်သွယ် ဝယ်ယူနိုင်ကြောင်း အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲမှ အသိပေးချက် ထုတ်ပြန်ထားသည်။

၆၅၀ စတုရန်းပေရှိသည့် အဆိုပါအခန်းများတွင် မြေညီထပ် အခန်းတစ်ခန်းလျှင် ကျပ် ၂၇၄ သိန်း၊ ပထမ ထပ်တစ်ခန်းလျှင် ကျပ် ၂၅၉ သိန်း၊ ဒုတိယထပ် တစ်ခန်းလျှင် ကျပ် ၂၄၄ သိန်း၊ တတိယထပ် တစ်ခန်းလျှင် ကျပ် ၂၂၉ သိန်း၊ စတုတ္ထထပ် တစ်ခန်းလျှင် ကျပ် ၂၁၄ သိန်းဈေးဖြင့် ရောင်းချမည်ဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူများအတွက် ယခုအခါ JICA ချေးငွေ အရင်းအမြစ်ဖြင့် အတိုးနှုန်း ၈ ဒသ မ ၅ ရာခိုင်နှုန်း အနည်းဆုံး ၁၅ နှစ်ဖြင့် ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခင်ကအတိုးနှုန်းကို ၁၂ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ ၁၅ နှစ်အထိ ထုတ်ချေးပေးခဲ့ကြောင်း၊ဝယ်ယူသူတွေအနေနှင့်အိမ်ရာစုဆောင်း ငွေ(၃၀) ရာခိုင်နှုန်းရှိထားရမည်ဖြစ်ကြောင်းသိရသည်။

ပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် (CHID) ဘဏ်အနေဖြင့် အိမ်ရာစုဆောင်းငွေစနစ် (Housing Mortgage) စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အိမ်ရာစုဆောင်းထားရှိသူ ၂၅၁၀၉ ဦး၊ ငွေကျပ် ၂၃ ဒသမ ၅၃ ဘီလီယံ စုဆောင်းနိုင်ခဲ့ကြောင်းသိရသည်။ အိမ်ရာဝယ်ယူသူ ၂၇၂ဝဦးကို ကျပ် ၃၅ ဒသမ ၁၇ ဘီလီယံ ထုတ် ချေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service