ေဈးေရာင္းခ်ေနေသာေဒသခံမ်ား၊ဟုိတယ္မ်ားႏွင့္ေဆာက္လက္စ ဟိုတယ္မ်ား ပုဂံယဥ္ေက်းမႈနယ္ေျမ မွဖယ္ရွားရန္မလို - Property News in Myanmar from iMyanmarHouse.com
745 Views

ေဈးေရာင္းခ်ေနေသာေဒသခံမ်ား၊ဟုိတယ္မ်ားႏွင့္ေဆာက္လက္စ ဟိုတယ္မ်ား ပုဂံယဥ္ေက်းမႈနယ္ေျမ မွဖယ္ရွားရန္မလို

### Zawgyi Version ###

ေဆာက္လက္စဟိုတယ္မ်ား မပါဝင္ဘဲ လက္ရွိတြင္ဟိုတယ္ ၈၆ လုံးပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ အတြင္းတြင္ ရွိေနၿပီး ေစတီပုထိုးအဆူ ၃၀ နီးပါး၌ ေစ်းေရာင္းခ်ေနသည့္ ေစ်းသည္ အေရအတြက္ မွာ ၂,၅၀၀ ခန္႔ ရွိေနၿပီး ပုဂံေဒသကိုကမၻာ့အေမြအႏွစ္စာရင္းဝင္အျဖစ္ေၾကညာၿပီးေနာက္ ဖယ္ရွားခံရမည္ဟူေသာ သတင္းစကားေၾကာင့္ စိုးရိမ္ပူပန္မႈမ်ားရွိခဲ့ၾကေၾကာင္းသိရသည္။

ထိုသတင္းစကားႏွင့္ပတ္သက္၍ သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီးကေျပာထားရာတြင္ ကမၻာ႔အေမြအႏွစ္ ျဖစ္ၿပီးသည့္အခါ မိမိတို႔ႏိုင္ငံအေနႏွင့္ ေနာက္ထပ္ဆက္လုပ္မည့္အရာမ်ားႏွင့္ လုပ္ငန္းစဥ္ ေတြကို ကတိေပးရပါေၾကာင္း၊ ယူနက္စကို၏ စည္းကမ္းသတ္မွတ္ခ်က္ႏွင့္ကိုက္ညီမႈရွိဖို႔ ကတိေပးရပါေၾကာင္း၊ဟိုတယ္အသစ္မ်ား၊ၿမိဳ့၊ရြာ၊ရပ္ကြက္အသစ္မ်ားထပ္မံမေဆာက္ရန္ သေဘာတူညီမႈေပးရေၾကာင္း၊ UNESCO က ေဆာက္လက္စဟိုတယ္မ်ားကို ျဖစ္ႏိုင္လွ်င္မေဆာက္ေစခ်င္ေၾကာင္း၊ဟိုတယ္လုပ္ငန္းရွင္မ်ား ႏွင့္ညွိၿပီး ေဆာက္ခြင့္ရပ္မည္ျဖစ္ေၾကာင္း၊ေဆာက္ၿပီးသားဟိုတယ္မ်ားကို ဆက္လက္တည္ရွိေပးမွာျဖစ္ေၾကာင္း ေစ်းေရာင္းခ်သူေတြမပါေၾကာင္း သတင္းအမွားေတြထြက္ ၿပီး စိုးရိမ္ေနၾကေၾကာင္း၊ ယဥ္ေက်းမႈအေမြကို ထိခိုက္မည့္ ဟိုတယ္မ်ားသာျဖစ္ေၾကာင္း၊ထိုသည္ကလည္း ေနာင္အႏွစ္၂၀ ေလာက္မွ ျဖစ္မွာျဖစ္ေၾကာင္ ေနာက္ပိုင္း ယဥ္ေက်းမႈအေမြအႏွစ္ကို ထိခိုက္မႈရွိလားဆိုသည္ကို ႏိုင္ငံတကာက ပညာရွင္မ်ားႏွင့္ အစည္းေဝးလုပ္ၿပီး ေျပာၾကမွာျဖစ္ေၾကာင္းသိရသည္။

ေနာင္တြင္အသစ္ တိုးခ်ဲ႕သြားမည့္ ဟိုတယ္မ်ား၊ တည္းခိုခန္မ်ား၊စားေသာက္ဆိုင္ႏွင့္အသစ္တိုးလာမည့္ မ်ိဳးဆက္သစ္လူဦးေရႏွင့္ ရက္ကြက္သစ္၊ၿမိဳ့ရြာသစ္မ်ားအတြက္ ၿမိဳ့သစ္စီမံကိန္း(New Town Plan)ဆြဲေပးရန္ ေတာင္းဆိုခ်က္မ်ားအရ ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္း၊ျမန္မာႏိုင္ငံဗိသုကာအသင္းႏွင့္ႏိုင္ငံတကာ ပညာရွင္မ်ားပါဝင္ညိွႏႈိင္းကာ ပလန္ေရးဆြဲတင္ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ယူနက္စကို၏ဆႏၵအတိုင္းလုပ္ေပးခဲ့ျခင္းေၾကာင့္ ကန္႔ ကြက္သူမရွိဘဲ ပုဂံယဥ္ေက်းမႈေဒသကို ကမၻာ့အေမြအႏွစ္စာရင္းအျဖစ္အတည္ျပဳ ေၾကညာခဲ့ျခင္းျဖစ္ ေၾကာင္း ေျပာထားသည္။

ဆက္လက္ၿပီး ေက်းရြာေပါင္းႏွစ္ဆယ္ေက်ာ္ႏွင့္ပုဂံၿမိဳ့ႏွင့္ေညာင္ဦးၿမိဳ႕တို႔သည္ ပုဂံ၌ႏွစ္ေပါင္းတစ္ေထာင္ ေက်ာ္ေရာျပြမ္းၿပီး သမိုင္းထဲတြင္အတူစီးေမ်ာခဲ့သည့္သမိုင္းဝင္ ေက်းရြာမ်ားကို ဖယ္ရွားပစ္လွ်င္ သဘာဝမက် ေၾကာင္းေျပာထားသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။Credit: iMyanmarHouse.com

 

### Unicode Version ###

ဆောက်လက်စဟိုတယ်များ မပါဝင်ဘဲ လက်ရှိတွင်ဟိုတယ် ၈၆ လုံးပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းတွင် ရှိနေပြီး စေတီပုထိုးအဆူ ၃၀ နီးပါး၌ ဈေးရောင်းချနေသည့် ဈေးသည် အရေအတွက် မှာ၂,၅၀၀ခန့် ရှိနေပြီး ပုဂံဒေသကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်ကြေညာပြီးနောက် ဖယ်ရှားခံရမည်ဟူသော သတင်း စကားကြောင့် စိုးရိမ်ပူပန်မှုများရှိခဲ့ကြကြောင်းသိရသည်။

ထိုသတင်းစကားနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကပြော ထားရာတွင် ကမ္ဘာ့အမွေအနှစ် ဖြစ်ပြီးသည့်အခါ မိမိတို့နိုင်ငံအနေနှင့် နောက်ထပ်ဆက်လုပ်မည့်အရာများနှင့် လုပ်ငန်းစဉ် တွေကို ကတိပေးရပါကြောင်း၊ ယူနက်စကို၏ စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိဖို့ ကတိပေး ရပါကြောင်း၊ဟိုတယ်အသစ်များ၊မြို့၊ရွာ၊ရပ်ကွက်အသစ်များထပ်မံမဆောက်ရန် သဘောတူညီမှုပေးရကြောင်း၊ UNESCO က ဆောက်လက်စ ဟိုတယ်များကို ဖြစ်နိုင်လျှင်မဆောက်စေချင်ကြောင်း၊ဟိုတယ်လုပ်ငန်းရှင်များ နှင့်ညှိပြီး ဆောက်ခွင့်ရပ်မည်ဖြစ်ကြောင်း၊ဆောက်ပြီးသားဟိုတယ်များကို ဆက်လက်တည်ရှိပေးမှာဖြစ်ကြောင်း ဈေးရောင်းချသူတွေ မပါကြောင်း သတင်းအမှားတွေထွက် ပြီး စိုးရိမ်နေကြကြောင်း၊ ယဉ်ကျေးမှုအမွေကို ထိ ခိုက်မည့် ဟိုတယ်များသာဖြစ်ကြောင်း၊ထိုသည်ကလည်း နောင်အနှစ်၂၀လောက်မှ ဖြစ်မှာဖြစ်ကြောင်း နောက် ပိုင်း ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်မှုရှိလားဆိုသည်ကို နိုင်ငံတကာက ပညာရှင်များနှင့် အစည်းဝေးလုပ်ပြီး ပြောကြမှာဖြစ်ကြောင်းသိရသည်။

နောင်တွင်အသစ် တိုးချဲ့သွားမည့် ဟိုတယ်များ၊ တည်းခိုခန်များ၊စားသောက်ဆိုင်နှင့်အသစ်တိုးလာမည့် မျိုးဆက်သစ်လူဦးရေနှင့် ရက်ကွက်သစ်၊မြို့ရွာသစ်များအတွက် မြို့သစ်စီမံကိန်း(New Town Plan)ဆွဲပေးရန် တောင်းဆိုချက်များအရ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊မြန်မာနိုင်ငံဗိသုကာအသင်းနှင့်နိုင်ငံတကာ ပညာရှင် များပါဝင်ညှိနှိုင်းကာ ပလန်ရေးဆွဲတင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ယူနက်စကို၏ဆန္ဒအတိုင်းလုပ်ပေးခဲ့ခြင်းကြောင့် ကန့် ကွက်သူမရှိဘဲ ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ်အတည်ပြု ကြေညာခဲ့ခြင်းဖြစ် ကြောင်း ပြောထားသည်။

ဆက်လက်ပြီး ကျေးရွာပေါင်းနှစ်ဆယ်ကျော်နှင့်ပုဂံမြို့နှင့်ညောင်ဦးမြို့တို့သည် ပုဂံ၌နှစ်ပေါင်းတစ်ထောင် ကျော်ရောပြွမ်းပြီး သမိုင်းထဲတွင်အတူစီးမျောခဲ့သည့်သမိုင်းဝင် ကျေးရွာများကို ဖယ်ရှားပစ်လျှင် သဘာဝမကျ ကြောင်းပြောထားသည်။

 

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service