သောကကင်းဝေးနေနိုင်ရေး စဉ်းစားပေးပါရစေ - Property Knowledge in Myanmar from iMyanmarHouse.com
1180 Views

သောကကင်းဝေးနေနိုင်ရေး စဉ်းစားပေးပါရစေ

Knowledge | Posted by Si Thu Aung

လူ့ဘ၀ဇာတ်ခုံကြီးပေါ်မှာ လူတိုင်းလူတိုင်း ကပြရတဲ့ ဇာတ်ရုပ်တွေကတော့ တစ်ဦး နဲ့ တစ်ဦးမတူကြပါဘူး။ ဘ၀တစ်ခုရလာပြီဆိုရင် နေထိုင်စရာ အသိုက်အမြုံကလည်း အရေးအကြီးဆုံးအရာတွေထဲမှာ တစ်ခု အပါအ၀င်ပါ။ နေထိုင်စရာအိမ်ဆိုတာကလည်း ကိုယ့်ဘ၀ အခြေအနေ ကိုယ့်ဝင်ငွေနဲ့ လိုက်လျောညီထွေဆောက်လုပ်နေထိုင်ကြရပြန်တယ်။

နေထိုင်စရာ အိမ်ရရုံနဲ့ ကျေနပ်ပြီလားလို့မေးရင် လက်ရှိအနေအထာနဲ့ တင်းတိမ်ရောင့်ရဲသူဆိုတာ မရှိသလောက်ပါပဲ။ ဘာကြောင့်လည်း လူဆိုတာ ပုထုဇဉ်တွေလေ။ ပုထုဇဉ် ဆိုတာ လိုချင်တပ်မက်မှုတွေ ဇောကပ်နေတဲ့ လောဘသားတွေ ဖြစ်နေလို့ပါ။ လိုချင်မှုဦးစီးနေပြီဆိုကတည်းက တိုက်ခန်း ၀ယ် နိုင်ပြီဆိုတာတောင် အပြည့်အ၀မပျော်နိုင်သေးဘူး။

မိမိဝယ်လိုက်တဲ့ တိုက်ခန်း က လူနေအစည်ကားဆုံး မြို့လယ်ခေါင်မှာ နေချင်တာ။ မြို့လယ်ခေါင်မှာ တိုက်ခန်းဝယ်နိုင်ရင်လည်း လမ်းသွယ်တွေထဲမှာ မနေချင်ပြန်ဘူး။ လူသွားလူလာများတဲ့ လမ်းမကြီးပေါ်မှာနေချင်တာ။ အဲဒီလို လမ်းမကြီးမှာနေနိုင်ပြန်ရင်လည်း ၂-လွှာ၊ ၃-လွှာ၊ ၄-လွှာ တို့မှာ မနေချင်ပြန်ဘူး။ မြေညီထပ်ဆိုရင် ပိုကောင်းလို့ နေချင်ပြန်ရော။

မြေညီထပ်ဆိုရင် အိုကေပြီလားလို့မေးရင် “ အန်ကယ် ကတော့ “နိုး” ပါလို့ ပြောလိမ့်မယ်။ မြေညီထပ်ချင်းအတူတူ အခန်းကျယ်ကိုလိုချင်ပြန်ရော။ ဒါမှ ကိုယ်တိုင်ဆိုင်တစ်ခုခု ဖွင့်မလား။ ဒါမှမဟုတ် အချိန်မပေးနိုင်ဘူး၊ မအားဘူးဆိုရင် အောက်ထပ်ကို ငှားထားမယ်၊ အပေါ်ထပ်မှန်ခန်းမှာ ပိုင်ရှင်က တက်နေပေးလိုက်မယ်ပေါ့။ ဒါမှ လူနေလို့လည်းရ၊ အခန်း ငှားခကလည်း တစ်လသိန်းချီရမှာ မဟုတ်လား။ အဲဒါကြောင့် မို့လို့ တိုက်ခန်းဝယ်နေမယ်ဆိုရင် ရန်ကုန်မြို့လယ်ခေါင်မှာ ပဲ နေချင်ကြတာပေါ့။

လှိုင်သာယာ ရွှေပြည်သာသန်လျင် ၊ ဒဂုံ (၄)မြို့နယ်မှာ ဘယ်လောက်ပဲ မိုးထိမြင့်မားတဲ့တိုက်ကြီးတွေ ဆောက်ပြပြီး ရောင်းချနေပေမယ့် အခြေအနေအရသာ သွားနေချင် ကြပေမယ့် ပန်းဘဲတန်း ကျောက်တံတားလသာတာမွေ မြို့နယ် လို မြို့လယ်ခေါင်နေရာတွေလောက်တော့ ဘယ်ကြိုက် ကြမှာလဲ။

ဟော တိုက်ခန်းဝယ်နေပြန်ပြီဆိုတော့လည်း ပိုင်ဆိုင် မှုစာရွက်စာတမ်းတွေက အရေးကြီးပြန်တယ်။ မိမိဝယ်ယူနေ ထိုင်တဲ့ တိုက်ခန်းတွေက အိုးအိမ်ပိုင်တိုက်ခန်း၊ စည်ပင်ကချထားပေးတဲ့ တိုက်ခန်းတွေဆိုရင် လူနေထိုင်ခွင့် လိုင်စင်/ လက်မှတ်တွေရှိနေသေးတော့ ၀ယ်ယူနေထိုင်ရတာလုံခြုံမှု ရှိတယ်လို့ ယူဆကြတယ်။

ဒါပေမယ့်လည်း ယနေ့ခေတ်မှာတော့ တစ်နိုင်တစ်ပိုင် တစ်ခြမ်းပေးတစ်ခြမ်းယူ တိုက်ဆောက်ကြသူတွေရှိသလို ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ်္ပဏီကြီးတွေလည်း အိုးအိမ်တို့ စည်ပင်တို့နဲ့ အကျိုးတူပူးပေါင်းပြီး တိုက်ဆောက်ကြတာတွေ လည်းရှိတယ်။ တကယ့် အကွက်အကွင်းကျတဲ့မြို့လယ်တွေ မှာလည်း ဆောက်လုပ်ရေးကုမ္ပဏီတွေက တိုက်ခန်းတွေ ဆောက်လုပ်ရောင်းချတာတွေလည်း ရှိတယ်။

ဒီလိုကုမ္ပဏီတွေထံက ၀ယ်ယူနေထိုင်တဲ့အခါ ကုမ္ပဏီ အနေနဲ့ ပထမဆုံးဝယ်ယူသူနဲ့သာ တိုက်ခန်းအရောင်းအ၀ယ် စာချုပ်ချုပ်ပေးတာကို တွေ့ရတယ်။ နောက်ထပ်အဆင့်ဆင့် ရောင်းဝယ်တဲ့ စာချုပ်အပေါ်မှာ မြေရှင်အနေနဲ့ အသိမှတ် ပြုလက်မှတ်ရေးထိုးပေးတာတို့ အမည်ပြောင်းခ ၁ ရာခိုင်နှုန်း ယူတာတို့ကို အချို့ဆောက်လုပ်ရေးကုမ္ပဏီတွေက မရှိကြဘူး။

အဲဒီအခါမှာ ပထမဆုံးဆောက်လုပ်ရေးကုမ္ပဏီထံ က ၀ယ်ယူခဲ့တဲ့ စာချုပ်မှာသာ ကုမ္ပဏီပိုင်ရှင် သို့မဟုတ် မန်နေဂျာတို့ရဲ့ လက်မှတ်ပါပြီး နောက်ပိုင်း စာချုပ်အဆက်အစပ် စာချုပ်တွေမှာ ပိုင်ရှင်ရဲ့လက်မှတ်မပါတော့ဘူး။ အဲဒီတော့ အဲဒီလိုဆောက်လုပ်ရေးကုမ္မဏီထံက တိုက်ခန်းဝယ်ယူထားသူတွေဟာ ကုမ္ပဏီပိုင်ရှင်လက်မှတ်ပါတဲ့ ပထမဆုံး စာချုပ်ဟာ အရေးအကြီးဆုံးပဲ။ မတော်တဆ အဲဒီစာချုပ်သာ ပျောက်သွားပြီဆိုရင် နောက်ဆုံးဝယ်သူပြန်ရောင်းတာနဲ့ အခက်တွေ့ ပြီပေါ့။

ဒီလိုစာချုပ်အဆက်ပြတ်နေရင်လည်း ၀ယ်သူတွေက ဘယ်ဝယ်ရဲပါ့မလဲ။ အခု ပြန်ရောင်းတဲ့သူဟာ တကယ့်ပိုင်ရှင် မှ ဟုတ်ရဲ့လား။ အခြားပိုင်ဆိုင်သူတစ်ဦးဦးများ ရှိနေနိုင်သေးလား။ အရှုပ်အရှင်းလည်း အချိန်မရွေးပေါ်လာနိုင်တာပဲလို့ တွေးမိပြီး မ၀ယ်ရဲဘဲ ပြန်လှည့်သွားကြလိမ့်မယ်။ ဒါဆိုရင် ၀ယ်သူယုံကြည်အောင် မိမိအနေနဲ့လည်း အာမခံနိုင်အောင် နည်းလမ်းရှာရတော့မှာပေါ့။

ဘယ်လိုကြံဖန် စဉ်းစားလို့မရဘူးဆိုရင်တော့ အဲဒီ စာချုပ်တစ်ခုဟာ အိမ်အပြောင်းအရွှေ့လုပ်ရင်း ပျောက်ဆုံးသွားတာတို့၊ ခရီးသွားရင်း ပျောက်ဆုံးသွားတာတို့၊ ရေစိုလို့ပဲ ဖြစ်ဖြစ်၊ ခြကိုက်သွားလို့ပဲ ဖြစ်ဖြစ်၊ ပျောက်ဆုံးသွားတာတို့ စသဖြင့် အကြောင်းပြချက်တစ်ခုခုနဲ့ တရားသူကြီးတစ်ဦးဦး ထံမှာ ကျမ်းကျိန်ထားသင့်ပါကြောင်း အကြံပေးလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service