တန်ဖိုးနည်းအိမ်ရာတွေ အတွက်ဆောက်လုပ်စရိတ်ကြီးမြင့်မှုနဲ့  ကြုံတွေ့နေ - Property News in Myanmar from iMyanmarHouse.com
1046 Views

တန်ဖိုးနည်းအိမ်ရာတွေ အတွက်ဆောက်လုပ်စရိတ်ကြီးမြင့်မှုနဲ့  ကြုံတွေ့နေ

အစိုးရကမြေပေးပြီး တန်ဖိုးနည်းအိမ်ရာများတည်ဆောက်လိုသော်လည်း ဆောက်လုပ်ရေးစရိတ် ကြီးမားမှုနှင့် ကြုံတွေ့နေရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

‘‘ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်မယ်ဆိုရင် အစိုးရက မြေ ရဲ့တန်ဖိုးကို သုညအထိ လျှော့ပေးလို့ရပါတယ်’’ ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နှင့် ဖွံ့ဖြိုးမှုအားကောင်းခြင်း ကြောင့် ရွှေ့ပြောင်းအခြေချသူ များအတွက် တစ်နှစ်လျှင် အိမ်ရာ အခန်း တစ်သိန်းခန့်လိုအပ်နေတယ်လို့ ရန်ကုန်တိုင်းအစိုးရကလည်း ထုတ်ပြန်ကြေငြာထားပါတယ်။

ထို့ကြောင့် အိမ်ရာ တည်ဆောက်ရာတွင် စရိတ်သက်သာစေရန် ပြည်တွင်းထုတ်လုပ်နိုင်မှု ကို မြှင့်တင်ပေးရန် လိုအပ်မည် ဖြစ်ပြီး သံနှင့် သံမဏိအပါအဝင် ဆောက်လုပ်ရေးပစ္စည်းများ ဈေး လျော့ကျရေး လိုလားကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရန် အစိုးရက ဖြေရှင်းပေးရမည့် အချက်များရှိကြောင်း မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောကြားသည်။

အာဆီယံမူဝါဒအရ ပြည်ပမှ သံများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုခြင်းကြောင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဈေး ကွက်ပျောက်ဆုံးနေကြောင်း ၎င်းက ပြောသည်။

ထို့အပြင်တည်ဆောက်ရေး စရိတ်ကျဆင်းရေးနှင့် ပတ်သက်၍ အစိုးရက စီမံကိန်းများအလိုက် အခွန်ဖြေလျှော့မှုများ ဆောင်ရွက်ပေးသင့်သည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

Upcoming Property Events

kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service