သင်္ကြန်ကာလအပြီး ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်၌ ရှယ်ယာရောင်းဝယ်မှု ဧပြီလဆန်းကထက် ရာခိုင်နှုန်း ၈၀ ကျော် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
800 Views

သင်္ကြန်ကာလအပြီး ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်၌ ရှယ်ယာရောင်းဝယ်မှု ဧပြီလဆန်းကထက် ရာခိုင်နှုန်း ၈၀ ကျော် ကျဆင်း

သင်္ကြန်အပြီးကာလတွင် ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်၌ ရှယ်ယာရောင်းဝယ်မှု ဧပြီလဆန်းကထက် ရာခိုင်နှုန်း ၈၀ ကျော် ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဧပြီ ၂ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ အစုရှယ်ယာအရေအတွက် ၁၁၂၀၀ ကျော်အ ရောင်းအဝယ်ဖြစ်ခဲ့သည်။

သို့သော် သင်္ကြန်အပြီးကာလဖြစ်သည့် ဧပြီ ၁၉ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ အစုရှယ်ယာအရေအတွက် ၁၆၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ဧပြီလဆန်းနှင့် နှိုင်းယှဉ်ပါက အစုရှယ်ယာရောင်းဝယ်မှု ၉၆၀၀ ကျော်အထိ လျော့ကျခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၈၅ ဒသမ ၉၃ လျော့ကျခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်တွင် စာရင်းဝင်ကုမ္ပဏီခုဖြစ်သည့် FMI(First Myanmar Investment Public Company Limited), MTSH (Myanmar Thilawa SEZ Holding Public Ltd), MCB (Myanmar Citizens Bank Ltd), FPB (First Private Bank Ltd), TMH (TMH Telecom Public Co.Ltd) စသည့် ကုမ္ပဏီများက အစုရှယ်ယာများ ရောင်းချနေခြင်းဖြစ်သည်။

ဧပြီ ၁၉ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ MTSH က ရှယ်ယာတစ်စုလျှင် ကျပ် ၂၉၅၀ ဖြင့် အစုရှယ် ၁၅၇၀ အထိ အများဆုံး အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး FMI က ရှယ်ယာတစ်စုလျှင် ကျပ် ၈၇၀၀ ဖြင့် အစုရှယ်ယာ ၁၃ ခုသာ အရောင်းအဝယ် ဖြစ်ခဲ့သည်။

MCB က ရှယ်တစ်စုလျှင် ကျပ် ၇၀၀၀ ဖြင့် အစုရှယ်ယာ သုံးခုသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး FPB နှင့် TMH တို့သည် အစုရှယ်ယာ အရောင်းအဝယ်ဖြစ်မှု မရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၁၉ ရက်တွင် စုစုပေါင်းအစုရှယ်ယာ ၁၅၈၆ ခု အရောင်းအဝယ်ဖြစ်မှုသည် တန်ဖိုးငွေကျပ် ၄ ဒသမရ သန်းကျော် ရှိကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် FMI၊ MTSH၊ MCB နှင့် FBP စသည့် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီလေးခုဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့သော်လည်း ၂၀၁၈ခုနှစ် ဇန်နဝါရီတွင် TMH ပါဝင်လာမှုကြောင့် စာရင်းဝင်ကုမ္ပဏီ ငါးခုအထိ ဖြစ်လာခဲ့သော်လည်း အရောင်းအဝယ်ဖြစ်မှု လျော့နည်းခဲ့ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီငါးခုဖြင့် လက်ရှိလည်ပတ်နေပြီး FMI မှာ ရှယ်ယာအစုပေါင်း ၂၅၈ သိန်းကျော်၊ MTSH မှာ အစုရှယ်ယာပေါင်း ၃၈၉ သိန်းကျော်၊ MCB မှာ အစုရှယ်ယာပေါင်း ၁၀၄ သိန်းကျော်နှင့် FPB မှာ အစုရှယ်ယာပေါင်း ၂၄ သိန်းကျော်ဖြင့် လည်ပတ်နေပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် အစုရှယ်ယာ ၁၂၂ သိန်းကျော်ဖြင့် TMH Telecom စာရင်းဝင် ဖြစ်လာခဲ့သည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

Upcoming Property Events

mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service